ရွှေဖရုံသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

  • 09 Oct, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

ရွှေဖရုံသီးကို စားသုံးရတာ တကယ်ကို အရသာ ကောင်းမွန်တဲ့အပြင် အာဟာရဓာတ်တွေ၊ ဗီတာမင်ဓာတ်တွေ၊ သတ္တုဓာတ်တွေ၊ အန်တီအောက်ဆီဒန့်တွေ (Antioxidants) ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ရွှေဖရုံသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

ရွှေဖရုံသီးကို စားသုံးရတာ တကယ်ကို အရသာ ကောင်းမွန်တဲ့အပြင် အာဟာရဓာတ်တွေ၊ ဗီတာမင်ဓာတ်တွေ၊ သတ္တုဓာတ်တွေ၊ အန်တီအောက်ဆီဒန့်တွေ (Antioxidants) ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ရွှေဖရုံသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း

ရွှေဖရုံသီးမှာ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် C တို့ကြွယ်ဝစွာ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ရွှေဖရုံသီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ် အနေနဲ့ သွေးတိုးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးမှာ ဖြစ်တဲ့အပြင် သွေးပေါင်ချိန် မြင့်တက်မှုကိုလည်း ထိန်းညှိပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေဖရုံသီးကို စားသုံးပေးခြင်းဖြင့် လေဖြတ်ခြင်း၊ အရိုးပွခြင်း၊ ကြွက်သားများလျော့ရဲခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

ရွှေဖရုံသီးမှာ ပါဝင်တဲ့ ဘီတာကာရိုတင်းဓာတ် (Beta-Carotene) အနေနဲ့ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ ဖြစ်ပွားမှုတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • မျက်စိကျန်းမာရေးကို ကောင်းမွန်စေခြင်း

ရွှေဖရုံသီးမှာ အန်တီအောက်ဆီဒန့်တွေ (Antioxidants)၊ ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် A၊ ဘီတာကာရိုတင်း (Beta-Carotene) Lutein၊ Zeaxanthin တို့ပါဝင်တာကြောင့် မျက်စိကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်တဲ့အပြင် အာရုံကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

  • ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း

ရွှေဖရုံသီးမှာ ကယ်လိုရီပါဝင်မှု အလွန်နည်းပါးတာကြောင့် ခန္ဓာကိုယ်အလေးချိန် မြင့်တက်မှုကို ထိန်းညှိပေးမှာဖြစ်တဲ့အပြင် ရေဓာတ် (၉၄) ရာခိုင်နှုန်း ပါဝင်တာကြောင့် ရွှေဖရုံသီးကို စားသုံးပေးခြင်းဖြင့် ရေဓာတ်ခမ်းခြောက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • အသားအရေကို ချောမွေ့စေခြင်း

ရွှေဖရုံသီးမှာ ပါဝင်တဲ့ ဘီတာကာရိုတင်း (Beta-Carotene) အနေနဲ့ နေရောင်ခြည်ကြောင့် အသားအရေ လောင်ကျွမ်းခြင်းကို ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေဖရုံသီးမှာ ဗီတာမင် C ပါဝင်တာကြောင့် အသားအရေကို ချောမွေ့စေမှာဖြစ်ပြီး ဆဲလ်များ ပျက်ဆီးမှုကိုလည်း ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

  • သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

ရွှေဖရုံသီးမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ ဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ် လွန်ကဲမှုကို ကာကွယ်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရွှေဖရုံသီးကို စားသုံးပေးခြင်းဖြင့် ဆီးချိုရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း၊ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာ ဖြစ်ပါတယ်။

  • ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

ကျွန်တော်တို့ ခန္ဓာကိုယ် အတွင်းမှာ ဗီတာမင် A လုံလောက်မှု မရှိဘူးဆိုရင် ခုခံအားကျဆင်းစေမှာ ဖြစ်ပါတယ်။ ရွှေဖရုံသီးမှာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် E၊ သံဓာတ်နဲ့ ဖိုလိတ်အက်စစ် (Folate) တို့ပါဝင်တာကြောင့် နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။

REF: HealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.