ဝမ်းပျက်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 09 Oct, 2019
- အဖြစ်များသောရောဂါများ
ဝမ်းပျက်ခြင်းဆိုတာ ကမ္ဘာ့အဖြစ်အများဆုံး ရောဂါဝေဒနာတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဝမ်းပျက်ခြင်း ဆိုတာကတော့ ဝမ်းအရည်ကျဲကျဲတွေ မကြာခဏသွားခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဝမ်းပျက်ဝေဒနာကို အဓိကဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပိုးဝင်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
ဝမ်းပျက်ခြင်းဆိုတာ
ကမ္ဘာ့အဖြစ်အများဆုံး ရောဂါဝေဒနာတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဝမ်းပျက်ခြင်း ဆိုတာကတော့
ဝမ်းအရည်ကျဲကျဲတွေ မကြာခဏသွားခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဝမ်းပျက်ဝေဒနာကို အဓိကဖြစ်ပွားစေတဲ့
အကြောင်းအရင်းကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပိုးဝင်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
ဝမ်းပျက်ခြင်းကို
ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားပိုးတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Salmonella
- Campylobacter
- Shigella
- E-Coli
ဒါ့အပြင် အစားအစာနဲ့
ဓာတ်မတည့်ခြင်း၊ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ
ရောဂါများ ခံစားနေရခြင်း၊ အစာအိမ် ခွဲစိတ်ကုသမှု ခံယူထားခြင်း၊ သည်းခြေ ခွဲစိတ်ကုသမှု
ခံယူထားခြင်းတို့ကြောင့်လည်း ဝမ်းပျက်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
ဝမ်းပျက်ဝေဒနာကို
ခံစားရတဲ့အခါမှာ -
- မူးဝေခြင်း
- ဗိုက်အောင့်ခြင်း
- ဝမ်းအရည်များသွားခြင်း
- သွေးဝမ်းသွားခြင်း
- ဖျားနာခြင်း
- အော့အန်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် ဝမ်းပျက်တဲ့အခါမှာ
မကြာခဏ ဝမ်းအရည်တွေ သွားရခြင်းကြောင့် ရေဓာတ်ခမ်းခြောက်မှုကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။
ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် -
- မောပန်းနွမ်းနယ်ခြင်း
- အသားအရေများ
ခြောက်သွေ့ခြင်း
- နှလုံးခုန်မြန်ခြင်း
- ခေါင်းကိုက်ခြင်း
- ရေငတ်ခြင်း
- ဆီးအသွားနည်းခြင်း
- နှုတ်ခမ်းခြောက်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဒါကြောင့် ဝမ်းပျက်ဝေဒနာကို
(၃) ရက်၊ (၄) ရက်ခန့် ခံစားနေရပြီ ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။
ဝမ်းပျက်ဝေဒနာကို
သက်သာပျောက်ကင်းချင်တယ် ဆိုရင်တော့ ဓာတ်ဆားရည်သောက်ပေးခြင်း၊ ဆရာဝန် ညွှန်ကြားချက်အတိုင်း
ဝမ်းပိတ်ဆေးသောက်ခြင်း၊ ပိုးသတ်ဆေးသောက်ခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
ဒါ့အပြင် အမျှင်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေ စားသုံးပေးခြင်း၊
ရေများများသောက်ပေးခြင်း၊ အသားစိမ်း၊ ငါးစိမ်းတွေ စားသုံးမှုကို ရှောင်ကြဉ်ခြင်းတို့ဖြင့်
ဝမ်းပျက်ဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
REF: MedicalNewsToday, HealthLine
