ကိုယ်ဝန်ဆောင်နေစဉ် အချဉ်စားသုံးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
- 09 Oct, 2019
- အမျိုးသမီးကျန်းမာရေး
မိခင်လောင်းတွေ အနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ အချဉ်အစပ်တွေကို စားသုံးဖို့အတွက် ချဉ်ခြင်းတက်လေ့ ရှိကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ အချဉ်စားသုံးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
မိခင်လောင်းတွေ
အနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ အချဉ်အစပ်တွေကို စားသုံးဖို့အတွက် ချဉ်ခြင်းတက်လေ့
ရှိကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ အချဉ်စားသုံးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို
အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်နေစဉ်မှာ
အချဉ်ဓာတ် ပါဝင်တဲ့ အစားအစာတွေ၊ အသီးအနှံတွေ စားသုံးခြင်းကြောင့် မိခင်နဲ့ သန္ဓေလောာင်းကို
ထိခိုက်စေနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အချဉ်ဓာတ် ပါဝင်တဲ့ အသီးအနှံတွေ စားသုံးပေးခြင်းကြောင့်
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ရရှိနိုင်မှာဖြစ်တဲ့အပြင် သန္ဓေသားလောင်း
ဖွံ့ဖြိုးမှုအတွက် များစွာသော အထောက်အကူကို ရရှိစေမှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်နေစဉ်
ကာလမှာ အချဉ်စားသုံးပေးခြင်းဖြင့် -
- ခုခံစွမ်းအားကို
မြှင့်တင်ပေးခြင်း
ကိုယ်ဝန်ဆောင်နေစဉ်
ကာလမှာ အချဉ်ဓာတ် ပါဝင်တဲ့ အသီးအနှံတွေ၊ ဖျော်ရည်တွေ စားသုံးပေးခြင်းဖြင့် သန္ဓေသားလောင်းရဲ့
ဦးနှောက်ဖွံ့ဖြိုးမှု အပိုင်းမှာ ကြီးမားတဲ့ အထောက်အကူကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင်
ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ ခံစားရလေ့ရှိတဲ့ ဖျားနာခြင်းတွေ၊ အအေးမိခြင်းတွေ ဖြစ်ပွားမှုကိုလည်း
ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
- မူးဝေမှုကို
ကာကွယ်ပေးခြင်း
ကိုယ်ဝန်ဆောင်နေစဉ်
ကာလမှာ မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်းစတဲ့ ဝေဒနာတွေကို အမြဲတမ်းလိုလို
ခံစားရလေ့ ရှိကြပါတယ်။ ဒါကြောင့် အချဉ်ဓာတ် ပါဝင်တဲ့ အစားအစာတွေ၊ အသီးအနှံတွေကို စားသုံးပေးခြင်းဖြင့်
အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- ရေဓာတ်ခမ်းခြောက်မှုကို
ကာကွယ်ပေးခြင်း
ကိုယ်ဝန်ဆောင်နေစဉ်
ကာလမှာ အချဉ်ဓာတ်ပါဝင်တဲ့ အသီးအနှံတွေ၊ ဖျော်ရည်တွေကို စားသုံးပေးခြင်းဖြင့် နောက်ထပ်
ရရှိနိုင်တဲ့ အကျိုးကျေးဇူး တစ်ခုကတော့ ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပေးခြင်းပဲ ဖြစ်ပါတယ်။
- ခန္ဓာကိုယ်တွင်း
ဗီတာမင် C ဓာတ်လျော့နည်းမှုကို ကာကွယ်ပေးခြင်း
ဗီတာမင် C မှာ
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အန်တီအောက်ဆီဒန့်တွေ (Antioxidants)၊ မိခင်နဲ့ကလေး ကျန်းမာရေးအတွက်
မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေ
အနေနဲ့ ဗီတာမင် C ဖြည့်စွက်အားဆေးတွေကို သောက်သုံးချင်စိတ် မရှိဘူးဆိုရင် အချဉ်ဓာတ်
ပါဝင်တဲ့ အသီးအနှံတွေကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်
C ကိုရရှိစေမှာ ဖြစ်ပါတယ်။
- အစာမကျေဖြစ်ခြင်းကို
ကာကွယ်ပေးခြင်း
အချဉ်ဓာတ်ပါဝင်တဲ့
အစားအစာတွေ၊ အသီးအနှံတွေမှာ အက်စစ်ဓာတ် ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ မကြာခဏ
ရင်ဆိုင်ရလေ့ရှိတဲ့ အစာမကျေဖြစ်ခြင်း၊ မအီမလည်ဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို သက်သာပျောက်ကင်းစေမှာ
ဖြစ်ပါတယ်။
အချဉ်ဓာတ် ပါဝင်တဲ့
အစားအစာတွေကို ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ စားသုံးပေးခြင်းဖြင့် အကျိုးကျေးဇူးများစွာကို
ရရှိနိုင်မှာ ဖြစ်ပေမယ့် အလွန်အကျွံ စားသုံးခဲ့မယ် ဆိုရင်လည်း အောက်ဖော်ပြပါ ရောဂါဝေဒနာတွေကို
ခံစားရမှာ ဖြစ်ပါတယ်။
- နှလုံးအောင့်ခြင်း
အချဉ်ဓာတ် ပါဝင်တဲ့
အစားအစာတွေကို အလွန်အကျွံ စားသုံးခြင်းကြောင့် ခန္ဓာကိုယ်တွင်း အက်စစ်ပမာဏ လွန်ကဲလာမှာဖြစ်ပြီး
နှလုံးအောင့်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- သွားကျိုးလွယ်ခြင်း
အချဉ်ဓာတ် လွန်ကဲတဲ့
အသီးအနှံတွေ၊ အစားအစာတွေမှာ ပါဝင်တဲ့ အက်စစ်ဓာတ်ကြောင့် သွားကျိုးလွယ်ခြင်း၊ သွားပဲ့ခြင်း၊
သွားဆွေးခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ်
ကာလမှာ အချဉ်ဓာတ် လွန်ကဲတဲ့ အစားအစာတွေ၊ အက်စစ်ပါဝင်တဲ့ အအေးတွေ အလွန်အကျွံ သောက်သုံးခြင်းကို
တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။
REF: HealthLine, HowToBeHealth
