အဆုတ်လေပြွန်ငယ်ရောင်ရမ်းခြင်း (Bronchiolitis)

  • 09 Oct, 2019
  • အဖြစ်များသောရောဂါများ

အဆုတ်လေပြွန်ငယ်ရောင်ရမ်းမှုကို များသောအားဖြင့် မွေးကင်းစ ကလေးငယ်တွေမှာ မြင်တွေ့ရလေ့ရှိပါတယ်။ ဒါ့အပြင် အအေးဓာတ်ကို စတင် ခံစားရလေ့ရှိတဲ့ ဆောာင်းဦးရာသီနဲ့ ဆောင်းရာသီတွေမှာလည်း အဆုတ်လေပြွန်ငယ်ရောင်ရမ်းခြင်းကို ခံစားရလေ့ ရှိပါတယ်။ အဆုတ်အတွင်းမှာ တည်ရှိနေတဲ့ လေပြွန်ငယ်လေးတွေကို ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကြောင့် အဆုတ်လေပြွန်ငယ်ရောင်ရမ်းမှု ခံစားရခြင်းပဲ ဖြစ်ပါတယ်။

အဆုတ်လေပြွန်ငယ်ရောင်ရမ်းမှုကို များသောအားဖြင့် မွေးကင်းစ ကလေးငယ်တွေမှာ မြင်တွေ့ရလေ့ရှိပါတယ်။ ဒါ့အပြင် အအေးဓာတ်ကို စတင် ခံစားရလေ့ရှိတဲ့ ဆောာင်းဦးရာသီနဲ့ ဆောင်းရာသီတွေမှာလည်း အဆုတ်လေပြွန်ငယ်ရောင်ရမ်းခြင်းကို ခံစားရလေ့ ရှိပါတယ်။ အဆုတ်အတွင်းမှာ တည်ရှိနေတဲ့ လေပြွန်ငယ်လေးတွေကို ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကြောင့် အဆုတ်လေပြွန်ငယ်ရောင်ရမ်းမှု ခံစားရခြင်းပဲ ဖြစ်ပါတယ်။

အဆုတ်လေပြွန်ငယ်ရောင်ရမ်းခြင်းကို ခံစားရတဲ့အခါမှာ -

  • နှာစေးခြင်း
  • အဖျားကြီးခြင်း
  •  ချောင်းဆိုးခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • လည်ချောင်းနာခြင်း
  • ကိုယ်လက်နာကျင်ခြင်း
  • အသက်ရှူမဝခြင်း
  • ခေါင်းကိုက်ခြင်း
  • အသက်ရှူတိုင်း တရွှီရွှီအသံမြည်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • နှာရည်ယိုခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

ဒါ့အပြင် အဆုတ်လေပြွန်ငယ်ရောင်ရမ်းမှုကို ခံစားရခြင်းကြောင့် ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ဓာတ် လုံလောက်မှု ရှိတော့မှာ မဟုတ်ပဲ အသားအရေ ပြာနှမ်းခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရပြီး (၃) ရက်၊ (၄) ရက်အတွင်း သက်သာလာခြင်း မရှိဘူး ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

အဆုတ်လေပြွန်ငယ်ရောင်ရမ်းခြင်းကို အဓိက ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးကတော့ Respiratory Syncytial Virus ပဲဖြစ်ပါတယ်။ မွေးကင်းစကလေးငယ်တွေ အနေနဲ့ Respiratory Syncytial Virus ကြောင့်အဆုတ်လေပြွန်ငယ် ရောင်ရမ်းခြင်းကို ခံစားခဲ့ရမယ်ဆိုရင် အမြန်ဆုံး ဆေးဝါးကုသမှုကို ခံယူသင့်ပါတယ်။

အဆုတ်လေပြွန်ငယ်ရောင်ရမ်းခြင်းကို Respiratory Syncytial Virus ကြောင့်အပြင် -

  • Human Rhinovirus
  • Coronavirus
  • Human Metapneumovirus
  • Adenovirus
  • Parainfluenza စတဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့်လည်း ဖြစ်ပွားစေနိုင်ပါတယ်။

အဆုတ်လေပြွန်ငယ်ရောင်ရမ်းခြင်းကို သတ်မှတ်ချိန် မတိုင်ခင် မွေးဖွားလာတဲ့ ကလေးငယ်တွေ၊ အစားထိုးနို့မှုန့်တိုက်ကျွေးခြင်းခံခဲ့ရတဲ့ ကလေးငယ်တွေမှာ များသောအားဖြင့် မြင်တွေ့ရလေ့ ရှိပါတယ်။ ဒါ့အပြင် -

  • ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါ ခံစားနေရသူတွေ
  • မွေးရာပါနှလုံးရောဂါ ခံစားနေရသူတွေ
  • အဆုတ်ရောဂါ ခံစားနေရသူတွေ
  • ကိုယ်ခံအားကျဆင်းမှု ဝေဒနာသည်တွေ
  • ဆေးလိပ်အလွန်အကျွံ သောက်သုံးသူတွေ
  • အရိုး၊ နှလုံး၊ အဆုတ်အစားထိုး ခွဲစိတ်ကုသမှု ခံယူထားသူတွေ အနေနဲ့လည်း အဆုတ်လေပြွန်ငယ် ရောင်ရမ်းခြင်းကို ခံစားရလေ့ ရှိကြပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.