အမျိုးသမီးတွေမှာ မကြာခဏ ဆီးသွားခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 08 Oct, 2019
  • အမျိုးသမီးကျန်းမာရေး

ဆီးသွားခြင်းဆိုတာကတော့ ခန္ဓာကိုယ်ထဲမှာ ပိုလျှံနေတဲ့ ရေဓာတ်တွေ၊ အညစ်အကြေးတွေကို အလွယ်တကူ စွန့်ထုတ်ပစ်နိုင်တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဆီးသွားခြင်းက ခန္ဓာကိုယ် ကျန်းမာရေးအတွက် အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေမယ့်လည်း မကြာခဏ ဆီးသွားနေခဲ့မယ် ဆိုရင်လည်း ဆိုးကျိုးတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

ဆီးသွားခြင်းဆိုတာကတော့ ခန္ဓာကိုယ်ထဲမှာ ပိုလျှံနေတဲ့ ရေဓာတ်တွေ၊ အညစ်အကြေးတွေကို အလွယ်တကူ စွန့်ထုတ်ပစ်နိုင်တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဆီးသွားခြင်းက ခန္ဓာကိုယ် ကျန်းမာရေးအတွက် အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေမယ့် မကြာခဏ ဆီးသွားနေခဲ့မယ် ဆိုရင်လည်း ဆိုးကျိုးတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

ကဖိန်းဓာတ်လွန်ကဲတဲ့ ကော်ဖီတွေ၊ လက်ဘက်ရည်တွေ၊ အပျော့စားဖျော်ရည်တွေ အလွန်အကျွံ သောက်သုံးခြင်းကြောင့် မကြာခဏ ဆီးသွားခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် -

  • ဆီးကျောက်တည်ခြင်း
  • ဆီးချိုရောဂါဖြစ်ပွားခြင်း
  • ဆီးလမ်းကြောင်းပိုးဝင်ခြင်း
  • ဆီးအိမ်ရောင်ခြင်း
  •  မိန်းမဟော်မုန်း (Estrogen) ပမာဏ လျော့နည်းခြင်း
  • တင်ပါးဆုံခွက်ကြွက်သား အားနည်းခြင်းတို့ကြောင့်လည်း အမျိုးသမီးတွေမှာ မကြာခဏ ဆီးသွားခြင်းကို ဖြစ်စေနိုင်ပါတယ်။

မကြာခဏ ဆီးသွားခြင်းကို ဖြစ်ပွားစေတဲ့ နောက်ထပ် အချက်တစ်ချက်ကတော့ အဝလွန်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အဝလွန်ခြင်းကြောင့် ခန္ဓာကိုယ် အလေးချိန် မြင့်တက်လာပြီး ဆီးအိမ်ကို ဖိထားသလို ဖြစ်စေတာကြောင့် မကြာခဏ ဆီးသွားခြင်းကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ရှိနေချိန်မှာလည်း မကြာခဏ ဆီးသွားခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ သားအိမ် ကြီးထွားလာတာနဲ့အမျှ ဆီးအိမ်အပေါ်ကို ဖိအား ပိုမိုသက်ရောက်လာမှာ ဖြစ်တာကြောင့် မကြာခဏ ဆီးသွားခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

သွေးဆုံးပြီး အမျိုးသမီးများ အနေနဲ့လည်း ခန္ဓာကိုယ်တွင်း အမျိုးသမီး ဟော်မုန်း (Estrogen) ထုတ်လွှတ်မှု လျော့နည်းသွားတာကြောင့် မကြာခဏ ဆီးသွားခြင်းကို ရင်ဆိုင်ရနိုင်ပါတယ်။ တစ်ခါတရံမှာ ဦးနှောက်နဲ့ အာရုံကြော အားနည်းခြင်းကြောင့်လည်း မကြာခဏ ဆီးသွားခြင်း ဝေဒနာကို ခံစားရနိုင်ပါတယ်။

အမျိုးသမီးတွေ အနေနဲ့ မကြာခဏ ဆီးသွားခြင်းကို ခံစားရတဲ့ အခါမှာ -

  • ဆီးသွားရာမှာ သွေးပါခြင်း
  • ရုတ်တရက် ဆီးသွားချင်စိတ်ဖြစ်ခြင်း
  • ဆီးအကုန်မသွားနိုင်ခြင်း
  • ဆီးထွက်ကျခြင်း
  • ဆီးသွားချိန်တိုင်း နာကျင်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

တကယ်လို့ မကြာခဏ ဆီးသွားခြင်းကို ခံစားနေရပြီး အဖျားကြီးခြင်း၊ ဆီးသွားချိန်တိုင်း နာကျင်ခြင်း၊ ဆီးအနက်များသွားခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားနေရပြီ ဆိုရင်တော့ အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.