သားအိမ်ကင်ဆာအကြောင်း သိကောင်းစရာများ

  • 08 Oct, 2019
  • အမျိုးသမီးကျန်းမာရေး

သားအိမ်ကင်ဆာ ဆိုတာကတော့ သားအိမ်အတွင်းပိုင်း နံရံမှာ ဖြစ်ပွားလေ့ရှိတဲ့ ကင်ဆာတစ်မျိုးပဲ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အမျိုးသမီး (၁၀၀) မှာ (၃) ဦးခန့် သားအိမ်ကင်ဆာ ရောဂါကို ခံစားနေရတယ်လို့ သိရပါတယ်။

သားအိမ်ကင်ဆာ ဆိုတာကတော့ သားအိမ်အတွင်းပိုင်း နံရံမှာ ဖြစ်ပွားလေ့ရှိတဲ့ ကင်ဆာတစ်မျိုးပဲ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အမျိုးသမီး (၁၀၀) မှာ (၃) ဦးခန့် သားအိမ်ကင်ဆာ ရောဂါကို ခံစားနေရတယ်လို့ သိရပါတယ်။

သားအိမ်ကင်ဆာကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဟော်မုန်းမျှခြေပမာဏ ပြောင်းလဲသွားခြင်း
  • ဆေးဝါးများနဲ့ဓာတ်မတည့်ခြင်း
  • မျိုးရိုးလိုက်ခြင်း
  • သွေးဆုံးချိန်နောက်ကျခြင်း
  • ကိုယ်ဝန်မဆောင်ဖူးခြင်း
  • အဝလွန်ခြင်း

သားအိမ်ကင်ဆာ ဖြစ်ပွားနေကြောင်း အဓိက သိရှိနိုင်တဲ့ အချက်ကတော့ မိန်းမကိုယ်မှ သွေးထွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် -

  • မိန်းမကိုယ်မှ အကျိအချွဲများထွက်ခြင်း
  • ဆီးအိမ်အောင့်ခြင်း
  • ဗိုက်အောင့်ခြင်း
  • ရုတ်တရက် ကိုယ်အလေးချိန်ကျဆင်းခြင်း
  • လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း
  • မူးဝေခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်းစတဲ့ ဝေဒနာတွေကိုလည်း သားအိမ်ကင်ဆာ ဖြစ်ပွားနေစဉ်မှာ ခံစားရနိုင်ပါတယ်။

တစ်ခါတရံမှာ သွေးဆုံးခြင်း၊ သားအိမ်အလုံးတည်ခြင်းတို့ကြောင့်လည်း မိန်းမကိုယ်မှ သွေးထွက်ခြင်းကို ဖြစ်ပွားစေပေမယ့် အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရတယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး သားအိမ်ကင်ဆာ ဖြစ်ပွားနေခြင်း ရှိမရှိ စစ်ဆေးမှု ခံယူသင့်ပါတယ်။ သားအိမ်ကင်ဆာ စတင်ဖြစ်ပွားချိန်မှာ သားအိမ်အတွင်းမှာသာ ကင်ဆာဆဲလ်များ ပျံ့နှံ့နေမှာ ဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ သားအိမ်ခေါင်း၊ သားအိမ်ပြွန်၊ သားဥအိမ်၊ ဆီးအိမ်၊ စအိုစတဲ့ နေရာတွေကိုပါ ကင်ဆာဆဲလ်တွေ ပျံ့နှံ့သွားမှာ ဖြစ်ပါတယ်။

သားအိမ်ကင်ဆာကို ကုသနိုင်တဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ခွဲစိတ်ကုသခြင်း

သားအိမ်ကင်ဆာကို Hysterectomy ခွဲစိတ်ကုသခြင်း နည်းလမ်းဖြင့် ကုသလေ့ ရှိကြပါတယ်။ Hysterectomy ခွဲစိတ်ကုသခြင်း ဆိုတာကတော့ ကင်ဆာဆဲလ်တွေ ပျံ့နှံ့နေတဲ့ သားအိမ်ကို ထုတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ တကယ်လို့ ကင်ဆာဆဲလ်တွေ အနေနဲ့ သားအိမ်အပြင် သားဥအိမ်တွေ၊ သားအိမ်ပြွန်တွေမှာပါ ပျံ့နှံ့နေခဲ့ပြီ ဆိုရင်လည်း သားဥအိမ်တွေ၊ သားအိမ်ပြွန်တွေကိုပါ ထုတ်ပစ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

  • ဓာတ်ကင်ကုသခြင်း

သားအိမ်အတွင်းမှာ တည်ရှိနေတဲ့ ကင်ဆာဆဲလ်တွေကို စွမ်းအားဖြင့် ဓာတ်ရောင်ခြည်ကို အသုံးပြုပြီး အမြစ်ပြတ် ချေမှုန်းပစ်ခြင်းဖြင့် သားအိမ်ကင်ဆာကို ကုသနိုင်မှာ ဖြစ်ပါတယ်။

  • ကီမိုကုထုံးဖြင့်ကုသခြင်း

ကီမိုကုထုံးဆိုတာကတော့ ကီမိုဆေးကို အသုံးပြုပြီး ကင်ဆာဆဲလ်တွေ ဖျက်ဆီးပစ်တဲ့ နည်းလမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ တကယ်လို့ ကင်ဆာဆဲလ်တွေ အနေနဲ့ သားအိမ်ပြင်ပ အခြားသော အစိတ်အပိုင်းတွေမှာပါ ပျံ့နှံ့နေခဲ့ပြီ ဆိုရင်တော့ ကီမိုကုထုံးဖြင့် ကုသခြင်းက အထိရောက်ဆုံး နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

  • ဟော်မုန်းကုထုံးဖြင့်ကုသခြင်း

ဟော်မုန်းကုထုံး ဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းမျှခြေပမာဏကို ပြောင်းလဲပစ်ဖို့ အတွက် ဟော်မုန်းတိုးဆေး ဒါမှမဟုတ် ဟော်မုန်းကျဆေးတွေကို အသုံးပြုပြီး သားအိမ်အတွင်း ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို ထိန်းညှိခြင်းပဲ ဖြစ်ပါတယ်။

REF: HealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.