ခံတွင်းမှိုစွဲခြင်း (မှက္ခရု) အကြောင်း သိထားသင့်တဲ့အချက်များ
- 08 Oct, 2019
- သွားနှင့်ခံတွင်း
ခံတွင်းမှာ မှိုစွဲခြင်းကြောင့် ခံတွင်းမှက္ခရုရောဂါကို ခံစားရလေ့ ရှိကြပါတယ်။ Candida Albicans မှိုတွေ ပါးစပ်နံရံတွေ/ ပါးစောင်တွေမှာ စွဲကပ်နေခြင်းကြောင့် ခံတွင်းမှက္ခရုရောဂါ ဖြစ်ပွားရတာပဲ ဖြစ်ပါတယ်။ ခံတွင်းမှက္ခရုဖြစ်ခြင်းကို မွေးကင်းစ ကလေးငယ်တွေမှာ များသောအားဖြင့် မြင်တွေ့ရလေ့ရှိပါတယ်။
ခံတွင်းမှာ
မှိုစွဲခြင်းကြောင့် ခံတွင်းမှက္ခရုရောဂါကို ခံစားရလေ့ ရှိကြပါတယ်။
Candida Albicans မှိုတွေ ပါးစပ်နံရံတွေ/ ပါးစောင်တွေမှာ စွဲကပ်နေခြင်းကြောင့် ခံတွင်းမှက္ခရုရောဂါ
ဖြစ်ပွားရတာပဲ ဖြစ်ပါတယ်။ ခံတွင်းမှက္ခရုဖြစ်ခြင်းကို မွေးကင်းစ ကလေးငယ်တွေမှာ များသောအားဖြင့်
မြင်တွေ့ရလေ့ရှိပါတယ်။
ခံတွင်းမှက္ခရုဖြစ်ခြင်းကို
ခံစားရတဲ့ အခါမှာ အဖြူဖတ်တွေ၊ အဝါဖတ်တွေ လျှာနဲ့ ပါးစောင်အတွင်းပိုင်းတွေမှာ စွဲကပ်နေမှာ
ဖြစ်ပါတယ်။ ခံတွင်းမှက္ခရုဖြစ်ခြင်းကြောင့် ကျန်းမာရေးကို ကြီးကြီးမားမား ထိခိုက်စေမှာ
မဟုတ်ပေမယ့် ကိုယ်ခံအား ကျဆင်းနေသူတွေမှာတော့ အခြားသော ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပွားစေမှာ
ဖြစ်ပါတယ်။
ခံတွင်းမှက္ခရုဖြစ်ခြင်းကို
ခံစားရတဲ့ အခါမှာ -
- နှုတ်ခမ်း၊
လျှာ၊ သွားဖုံးနဲ့ ပါးစောင်တို့မှာ အဖြူဖတ်၊ အဝါဖတ် အနာများ စွဲကပ်ခြင်း
- အနာတွေကို ခြစ်မိတဲ့အခါမှာ
သွေးထွက်ခြင်း
- ပါးစောင်နာခြင်း
- အစာမျိုရခက်ခဲခြင်း
- ပါးစပ်ထောင့်
အရေပြားများ ကွဲအက်ခြင်း
- အရသာမခံနိုင်ခြင်း
- အစာစားချင်စိတ်မရှိခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
အချို့သော အခြေအနေတွေမှာ
ခံတွင်းမှက္ခရုဖြစ်ခြင်းကြောင့် အစာပြွန်ကိုပါ ထိခိုက်စေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်
ခံတွင်းမှာ မှက္ခရုဖြစ်စေတဲ့ မှိုပိုးအနေနဲ့ အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာပါ
မှိုစွဲခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
ခံတွင်းမှက္ခရုရောဂါကို
ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အံကပ်တပ်ခြင်း
အံကပ်ကို ဂရုတစိုက်
သန့်ရှင်းရေး လုပ်ဆောင်ခြင်း မရှိတဲ့အပြင် ညအိပ်ချိန်မှာ အံကပ်ကို မချွတ်မိခြင်းတို့ကြောင့်
ခံတွင်းမှက္ခရုကို ဖြစ်ပွားစေနိုင်ပါတယ်။
- ပဋိဇီဝဆေးများ
သောက်သုံးခြင်း
ကျွန်တော်တို့
ပါးစပ်အတွင်းမှာ ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ ဘက်တီးရီးယားတွေ တည်ရှိနေကြပါတယ်။ ပဋိဇီဝဆေးတွေ
သောက်သုံးခြင်းကြောင့် ပါးစပ်အတွင်းမှ အကျိုးပြု ဘက်တီးရီးယားတွေ သေဆုံးသွားမှာဖြစ်ပြီး
ခံတွင်းမှက္ခရုကို ဖြစ်ပွားစေတဲ့ Candida Albicans မှိုပိုးတွေလည်း ပိုမိုတိုးပွားလာမှာ
ဖြစ်ပါတယ်။
- ပါးစပ်ဆေးရည်
မကြာခဏ အသုံးပြုခြင်း
ပါးစပ်ဆေးရည်ကို
မကြာခဏ အသုံးပြုခြင်းကြောင့် ခံတွင်းကို ဆိုးကျိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေဆုံးစေမှာ
ဖြစ်သလို ခံတွင်းမှက္ခရုကို ဖြစ်ပွားစေတဲ့ Candida Albicans မှိုပိုးတွေ တိုးပွားမှုကို
ထိန်းချုပ်ပေးတဲ့ အကျိုးပြု ဘက်တီးရီးယားတွေလည်း သေဆုံးသွားမှာ ဖြစ်ပါတယ်။
- ခုခံအားကျဆင်းခြင်း
ခုခံအားကျဆင်းသူတွေမှာ
ခံတွင်းမှက္ခရု ဖြစ်ပွားခြင်းကို ပိုမိုမြင်တွေ့ရလေ့ ရှိပါတယ်။
- ခံတွင်းခြောက်ခြင်း
ခံတွင်းထဲမှာ
တံတွေးထုတ်လွှတ်မှု နည်းပါးတဲ့အခါမှာ ခံတွင်းခြောက်ခြင်း၊ နှုတ်ခမ်းများ ကွဲအက်ခြင်းကို
ခံစားရမှာ ဖြစ်တဲ့အပြင် ခံတွင်းမှက္ခရုဖြစ်ခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆေးလိပ်သောက်ခြင်း၊
ခုခံအားကျဆင်းခြင်း၊ ဆီးချိုရောဂါဖြစ်ပွားခြင်းစတဲ့ အကြောင်းအရင်းတွေကြောင့်လည်း ခံတွင်းမှက္ခရုဖြစ်ခြင်းကို
ဖြစ်ပွားစေနိုင်မှာ ဖြစ်ပါတယ်။
ခံတွင်းမှက္ခရုဖြစ်ခြင်းကို
အလွယ်တကူ သက်သာစေမယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- လျှာနဲ့ သွားတွေကို
အနုစား သွားပွတ်တံဖြင့် ပွတ်တိုက်ပေးခြင်း
- အံကပ်များကို
ဂရုတစိုက် သန့်ရှင်းရေးလုပ်ပေးခြင်း
- မလိုအပ်ပဲ ပါးစပ်ဆေးရည်များ
အသုံးပြုမှုကို ရှောင်ကြဉ်ခြင်း
- ဆားရည်ဖြင့်
ပလုပ်ကျင်းခြင်း
- ဒိန်ချဉ်စားပေးခြင်း
အထက်မှာ ဖော်ပြထားတဲ့
နည်းလမ်းတွေကို အသုံးပြုပေမယ့် ရောဂါ သက်သာခြင်း မရှိဘူးဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့
သွားရောက်ပြသပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်း မှိုသတ်ဆေးကို သောက်သုံးပေးသင့်ပါတယ်။
REF: HealthLine, MedicalNewsToday