ကလေးငယ် နှာပိတ်ခြင်းအကြောင်း သိထားသင့်တဲ့ အချက်များ
- 07 Oct, 2019
- ကလေးကျန်းမာရေး
နှာပိတ်ခြင်းကို ကလေးငယ် အများစု ခံစားရလေ့ ရှိကြပါတယ်။ ကလေးငယ်တွေ အနေနဲ့ စီးကရက်မီးခိုးငွေ့တွေ၊ ဝတ်မှုန်တွေ၊ ဗိုင်းရပ်စ်ပိုးတွေကို ရှူရှိုက်မိတဲ့ အခါတွေမှာ နှာပိတ်ခြင်းကို ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ် အနေနဲ့ နှာခေါင်းအတွင်းမှာ ပိတ်မိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပစ်ဖို့ အတွက် အကျိအချွဲတွေကို ထုတ်လွှတ်ပေးရတာကြောင့် နှာပိတ်ခြင်းကို ခံစားရတာပဲ ဖြစ်ပါတယ်။
နှာပိတ်ခြင်းကို ကလေးငယ် အများစု ခံစားရလေ့ ရှိကြပါတယ်။ ကလေးငယ်တွေ အနေနဲ့ စီးကရက်မီးခိုးငွေ့တွေ၊ ဝတ်မှုန်တွေ၊ ဗိုင်းရပ်စ်ပိုးတွေကို ရှူရှိုက်မိတဲ့ အခါတွေမှာ ခန္ဓာကိုယ် အနေနဲ့ နှာခေါင်းအတွင်းမှာ ပိတ်မိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပစ်ဖို့ အတွက် အကျိအချွဲတွေကို ထုတ်လွှတ်ပေးရတာကြောင့် နှာပိတ်ခြင်းကို ခံစားရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လေပူတွေကို ရှူရှိုက်မိတဲ့ အခါမျိုးတွေမှာ၊ ရာသီဥတု အပြောင်းအလဲတွေမှာလည်း နှာပိတ်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ကလေးငယ်တွေရဲ့ အသက်ရှူလမ်းကြောင်းဟာ အရွယ်ရောက်ပြီးသူတွေရဲ့ အသက်ရှူလမ်းကြောင်းထက် ပိုမိုသေးငယ်တာကြောင့် နှာပိတ်ခြင်းကို ပိုမိုခံစားရလေ့ ရှိကြပါတယ်။
ကလေးငယ်တွေ
အနေနဲ့ နှာပိတ်ခြင်းကို ခံစားရတဲ့အခါမှာ -
- နေထိုင်မကောင်းခြင်း
- အသက်ရှူမြန်ခြင်း
- နှာရေယိုခြင်း
- အိပ်ပျော်နေစဉ်ဟောက်ခြင်း
- ချောင်းဆိုးခြင်း
- အစာစားရခက်ခဲခြင်း
- အသက်ရှူစဉ်
တရွှီရွှီ အသံမြည်ခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ကလေးငယ် နှာပိတ်ခြင်းကို
အလွယ်တကူ သက်သာပျောက်ကင်းစေမယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ရေနွေးဖြင့်ရေချိုးပေးခြင်း
- စိုစွတ်နေသော
အဝတ်အစားတွေ၊ အောက်ခံအဝတ်တွေကို လဲလှယ်ပေးခြင်း
- နှာခေါင်းအစက်ချဆေး
(Saline Nasal Drop) ထည့်ပေးခြင်း
- နှာနုရိုး၊
နဖူး၊ နားထင်၊ ပါးရိုးများကို ဖြေးညှင်းစွာ နှိပ်နယ်ပေးခြင်း
- အာဟာရဓာတ်ပြည့်ဝအောင်
အစားအစာပုံမှန် ကျွေးပေးခြင်း
- ကလေးငယ် အိပ်ခန်းအတွင်းမှ
ဖုန်မှုန့်များကို ရှင်းလင်းဖယ်ရှားပေးခြင်း
- နှာရည်များ၊
နှပ်ချေးများကို သုတ်ပေးခြင်း
ကလေးငယ်တွေ
အနေနဲ့ နှာခေါင်းပိတ် ဝေဒနာကို ခံစားရတဲ့အခါမှာ နှစ်ရက်၊ သုံးရက်အတွင်း သက်သာ ပျောက်ကင်းသွားလေ့
ရှိကြပါတယ်။ တကယ်လို့ နှာခေါင်းပိတ် ဝေဒနာကို တစ်ပတ်ခန့် ခံစားနေရပြီး အသက်ရှူမဝခြင်း၊
အသက်ရှူမြန်ခြင်း၊ အသားအရေ ပြာနှမ်းလာခြင်း၊ အသက်ရှူပြီးတိုင်း ညည်းညူခြင်း၊ အော့အန်ခြင်း၊
အဖျားကြီးခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားနေရတယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး
သွားရောက်ပြသသင့်ပါတယ်။
REF: MedicalNewsToday