ဖွံ့ဖြိုးမှု ချို့ယွင်းခြင်းရောဂါ (Autism) ကိုဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 04 Oct, 2019
- ကလေးကျန်းမာရေး
ဖွံ့ဖြိုးမှု ချို့ယွင်းခြင်း ရောဂါ (Autism) ဆိုတာကတော့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးမှု ချို့ယွင်းခြင်း ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှု ချို့ယွင်းခြင်း ရောဂါကို ခံစားရတဲ့ အခါမှာ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ကိုယ်ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးမှု ချို့ယွင်းခြင်းရောဂါကို (Autism) ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

- မျိုးရိုးလိုက်ခြင်း
ဖွံ့ဖြိုးမှု
ချို့ယွင်းခြင်းရောဂါကလည်း မျိုးရိုးလိုက်တတ်တဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ တကယ်လို့
ပထမ ကလေးနဲ့ ဒုတိယ ကလေးမှာ ဖွံ့ဖြိုးမှု ချို့ယွင်းခြင်းရောဂါ ခံစားနေရမယ်ဆိုရင် နောင်မွေးဖွားလာမယ့်
ကလေးမှာလည်း ဖွံ့ဖြိုးမှု ချို့ယွင်းခြင်းရောဂါကို ခံစားရနိုင်ပါတယ်။
- အချိန်မတိုင်ခင်
မွေးဖွားခြင်း
ကိုယ်ဝန်ဆောင်နေစဉ်
ကာလမှာ ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ရောဂါဝေဒနာတွေ ခံစားခဲ့ရပြီး အချိန်မတိုင်ခင် မွေးဖွားခဲ့မယ်
ဆိုရင်လည်း မွေးဖွားလာမယ့် ကလေးအနေနဲ့ ဖွံ့ဖြိုးမှု ချို့ယွင်းခြင်း ရောဂါကို ခံစားရနိုင်ပါတယ်။
- ဓာတုဗေဒ ပစ္စည်းများကြောင့်
ဖွံ့ဖြိုးမှု ချို့ယွင်းခြင်း
မိခင်လောင်း
အနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ ဓာတုဗေဒ ပစ္စည်းတွေနဲ့ ထိတွေ့ခဲ့မယ် ဒါမှမဟုတ် မူးယစ်ဆေးဝါးတွေ
သုံးစွဲခဲ့မယ် ဆိုရင်လည်း မွေးဖွားလာမယ့် ကလေးမှာ ဖွံ့ဖြိုးမှု ချို့ယွင်းခြင်းကို
ဖြစ်ပွားစေနိုင်ပါတယ်။
- မိဘတွေရဲ့ အသက်အရွယ်
ကြီးမြင့်ခြင်း
အသက်အရွယ်
(၅၀) ကျော်မှ ကိုယ်ဝန်ဆောင်ခဲ့မယ်ဆိုရင် မွေးဖွားလာမယ့် ကလေးမှာ ဖွံ့ဖြိုးမှု ချို့ယွင်းခြင်းကို
ခံစားရနိုင်ပါတယ်။ တကယ်လို့ လင်နဲ့မယားအကြား အသက် (၁၀) နှစ်ခန့် ကွာဟခဲ့မယ် ဆိုရင်လည်း
မွေးဖွားလာမယ့် ကလေးမှာ ဖွံ့ဖြိုးမှု ချို့ယွင်းခြင်းကို ခံစားရနိုင်ပါတယ်။
- အမျိုးသားဖြစ်ခြင်း
ဖွံ့ဖြိုးမှု
ချို့ယွင်းခြင်း ရောဂါကို အမျိုးသမီးတွေထက် အမျိုးသားတွေမှာ (၅) ဆခန့် ပိုမို မြင်တွေ့ရလေ့
ရှိပါတယ်။
- လေထုညစ်ညမ်းခြင်း
ကိုယ်ဝန်ဆောင်နေစဉ်
ကာလမှာ ညစ်ညမ်းတဲ့ လေထုကို ရှူရှိုက်မိခြင်းကြောင့်လည်း မွေးဖွားလာမယ့် ကလေးမှာ ဖွံ့ဖြိုးမှု
ချို့ယွင်းခြင်းကို ခံစားရနိုင်ပါတယ်။ လေထုညစ်ညမ်းလာတာနဲ့အမျှ ဖွံ့ဖြိုးမှု ချို့ယွင်းခြင်းရောဂါ
ဖြစ်ပွားနှုန်းလည်း ပိုမိုမြင့်တက်လာလို့ လာခဲ့ပါတယ်။
REF: HealthGrades