မွေးကင်းစ ကလေးငယ်နှင့် အအေးမိခြင်း

  • 04 Oct, 2019
  • ကလေးကျန်းမာရေး

လူသားတွေ အနေနဲ့ မွေးဖွားလာစဉ် အချိန်က စတင်ပြီး ခန္ဓာကိုယ် အတွင်းမှာ ဖျားနာခြင်းကို တိုက်ဖျက်နိုင်တဲ့ ခုခံစွမ်းအားတွေ ပါလာလေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ် ကောင်းမွန်စွာ လုပ်ဆောင်နိုင်လာစေဖို့ အတွက် အချိန်အနည်းငယ် စောင့်ဆိုင်းပေးဖို့တော့ လိုအပ်ပါတယ်။ ဒါကြောင့် မွေးကင်းစ ကလေးငယ်တွေမှာ ခုခံစွမ်းအားစနစ် ကောင်းမွန်စွာ အလုပ် လုပ်ဆောင်နိုင်ခြင်း မရှိသေးချိန်မှာ အအေးမိ ဖျားနာခြင်းတွေကို ခံစားရလေ့ ရှိပါတယ်။

လူသားတွေ အနေနဲ့ မွေးဖွားလာစဉ် အချိန်က စတင်ပြီး ခန္ဓာကိုယ် အတွင်းမှာ ဖျားနာခြင်းကို တိုက်ဖျက်နိုင်တဲ့ ခုခံစွမ်းအားတွေ ပါလာလေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ် ကောင်းမွန်စွာ လုပ်ဆောင်နိုင်လာစေဖို့ အတွက် အချိန်အနည်းငယ် စောင့်ဆိုင်းပေးဖို့တော့ လိုအပ်ပါတယ်။ ဒါကြောင့် မွေးကင်းစ ကလေးငယ်တွေမှာ ခုခံစွမ်းအားစနစ် ကောင်းမွန်စွာ အလုပ် လုပ်ဆောင်နိုင်ခြင်း မရှိသေးချိန်မှာ အအေးမိ ဖျားနာခြင်းတွေကို ခံစားရလေ့ ရှိပါတယ်။

သာမန် အအေးမိ ဖျားနာခြင်းတွေက မွေးကင်းစ ကလေးငယ်တွေကို အန္တရာယ်ဖြစ်စေမှာ မဟုတ်ပေမယ့် အအေးမိ ဖျားနာခြင်းကနေ သူငယ်နာချောင်းနက်ရောဂါ (Croup)၊ အဆုတ်ရောင်ရောဂါ (Pneumonia)၊ တုတ်ကွေးရောဂါ (Flu) အဖြစ် ပြောင်းလဲသွားတဲ့ အခါမှာတော့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။

မွေးကင်းစ ကလေးငယ်တွေမှာ အအေးမိ ဖျားနာခြင်းကို ခံစားနေရမယ်ဆိုရင် -

  • နှာစေးခြင်း
  • ချောင်းဆိုးခြင်း
  • မကြာခဏ နှာချေခြင်း
  • အစာစားချင်စိတ် မရှိခြင်း
  • အိပ်မပျော်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

တကယ်လို့ သင့်ရဲ့မွေးကင်းစ ကလေးငယ်မှာ တုတ်ကွေးဝေဒနာ ခံစားနေရတယ် ဆိုရင်တော့ အအေးမိစဉ်မှာ ခံစားရတဲ့ ရောဂါလက္ခဏာတွေအပြင် -

  • ချမ်းတုန်ခြင်း
  • အော့အန်ခြင်း
  • ဝမ်းပျက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
  • လည်ချောင်းနာခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

အအေးမိ ဖျားနာခြင်းကနေ အဆုတ်ရောင်ရောဂါ (Pneumonia) အဖြစ် ပြောင်းလဲသွားတဲ့ အခါမှာတော့ အောက်ပါ ရောဂါတွေကို ခံစားရနိုင်ပါတယ်။

  • ခြေလက်များ တုန်ရီခြင်း
  • ချမ်းတုန်ခြင်း
  • အသားနီခြင်း
  • ချွေးထွက်လွန်ခြင်း
  • အဖျားကြီးခြင်း
  • ဗိုက်အောင့်ခြင်း
  • မကြာခဏ ချောင်းဆိုးခြင်း
  • အသက်ရှူမဝခြင်း

တကယ်လို့ သင့်ကလေးငယ် အနေနဲ့ အဆုတ်ယောင် ရောဂါကို ခံစားနေရပြီး ခြေချောင်း၊ လက်ချောင်းတွေ၊ နှုတ်ခမ်းတွေ ပြာနှမ်းလာပြီ ဆိုရင်တော့ အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

မွေးကင်းစ ကလေးငယ်မှာ သူငယ်နာချောင်းနက်ရောဂါ (Croup) ခံစားနေရမယ် ဆိုရင်တော့ -

  • အသက်ရှူရခက်ခဲခြင်း
  • အသံဝင်ခြင်း
  • အသက်ရှူသံကျယ်ခြင်း
  • အဆက်မပြတ် ချောင်းဆိုးခြင်းစတဲ့ ‌ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

တကယ်လို့ သင့်ရဲ့ကလေးငယ်မှာ ခံစားနေရတဲ့ အအေးမိ ဖျားနာခြင်း ဝေဒနာကို အမြန်ဆုံး သက်သာ ပျောက်ကင်းချင်တယ် ဆိုရင်တော့ -

  • ကလေးငယ် အသက်ရှူရ လွယ်ကူအောင် ဦးခေါင်းကို ထိန်းညှိပေးခြင်း
  • ရေဓာတ် ခမ်းခြောက်ခြင်း မရှိအောင် မိခင်နို့၊ ရေတို့ကို ပုံမှန်တိုက်ကျွေးပေးခြင်း
  • ကလေးငယ်ရဲ့ နှာခေါင်း အတွင်းမှ နှာရည်များကို နှာရည်စုပ် ကိရိယာဖြင့် စုပ်ထုတ်ပေးခြင်း
  • ရေနွေးငွေ့ ရှူခိုင်းခြင်းစတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
REF: HealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.