ခံတွင်းကင်ဆာ (Oral Cancer) ရောဂါအကြောင်း သိကောင်းစရာများ
- 04 Oct, 2019
- သွားနှင့်ခံတွင်း
ခံတွင်းကင်ဆာရောဂါ ဆိုတာကတော့ ခံတွင်းထဲမှာ တည်ရှိနေတဲ့ တစ်သျှူးတွေမှာ ကင်ဆာဆဲလ်တွေ ပျံ့နှံ့သွားပြီး ဖြစ်ပွားလေ့ရှိတဲ့ ကင်ဆာရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ခံတွင်းကင်ဆာရောဂါ ဖြစ်ပွားမှုကို နှုတ်ခမ်း၊ လျှာ၊ ပါးစောင်၊ သွားဖုံး၊ အာသီးနဲ့ တံတွေးဂလင်းတွေမှာ (Salivary Glands) မြင်တွေ့ရလေ့ ရှိပါတယ်။
ခံတွင်းကင်ဆာရောဂါ
ဆိုတာကတော့ ခံတွင်းထဲမှာ တည်ရှိနေတဲ့ တစ်သျှူးတွေမှာ ကင်ဆာဆဲလ်တွေ ပျံ့နှံ့သွားပြီး
ဖြစ်ပွားလေ့ရှိတဲ့ ကင်ဆာရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ခံတွင်းကင်ဆာရောဂါ ဖြစ်ပွားမှုကို
နှုတ်ခမ်း၊ လျှာ၊ ပါးစောင်၊ သွားဖုံး၊ အာသီးနဲ့ တံတွေးဂလင်းတွေမှာ (Salivary Glands) မြင်တွေ့ရလေ့ ရှိပါတယ်။
ခံတွင်းကင်ဆာကို
အဓိက ဖြစ်ပွားစေတဲ့ အချက်ကတော့ ဆေးရွက်ကြီး သုံးစွဲမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်
ဆေးလိပ်သောက်သူတွေ၊ ကွမ်းစားသူတွေ၊ ဆေးရွက်ကြီးဝါးသူတွေမှာ ခံတွင်းကင်ဆာ ဖြစ်ပွားမှုကို
အဓိကအားဖြင့် မြင်တွေ့ရလေ့ရှိပါတယ်။ တကယ်လို့ ဆေးလိပ်၊ အရက်၊ ကွမ်း သုံးမျိုးလုံးကို
အလွန်အကျွံ သုံးစွဲရတာ နှစ်သက်တယ် ဆိုရင်တော့ ခံတွင်းကင်ဆာ ဖြစ်ပွားဖို့ ရာခိုင်နှုန်း
ပိုများသွားမှာ အသေအချာပါပဲ။
ခံတွင်းကင်ဆာကို
ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- လိင်အင်္ဂါကြွက်နို့ပိုး
ကူးစက်ခြင်း (Human Papilloma Virus Infection)
- နေရောင်ခြည်နဲ့
မကြာခဏ ထိတွေ့နေရခြင်း
- မျိုးရိုးလိုက်ခြင်း
- ခုခံအားကျဆင်းခြင်း
- အာဟာရဓာတ် လုံလောက်မှု
မရှိခြင်း
- အနီရောင် အသားများ
အလွန်အကျွံ စားသုံးခြင်း
- အမျိုးသားဖြစ်ခြင်း
ခံတွင်းကင်ဆာရောဂါကို
ခံစားနေရတဲ့ အခါမှာ -
- နှုတ်ခမ်းမှာ
အပူဖုပေါက်ခြင်း
- လျှာနဲ့နှုတ်ခမ်းမှာ
အဖြူကွက်များ ဖြစ်ပွားခြင်း
- သွားဖုံးမှ
သွေးယိုခြင်း
- သွားကျိုးခြင်း
- အစာမျိုရခက်ခြင်း
- လည်ပင်းမှာအကျိတ်ဖြစ်ခြင်း
- နားကိုက်ခြင်း
- ကိုယ်အလေးချိန်
ရုတ်တရက် ကျဆင်းခြင်း
- နှုတ်ခမ်း၊
မျက်နာ၊ မေးစေ့နဲ့ လည်ပင်းများ ထုံကျဉ်ခြင်း
- လည်ချောင်းနာခြင်း
- မေးရိုးကိုက်ခြင်း
- လျှာနာခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
လည်ချောင်းနာခြင်း၊
နာကိုက်ခြင်းစတဲ့ ဝေဒနာတွေကို အခြားသော ရောဂါတွေ ဖြစ်ပွားနေစဉ်မှာလည်း ခံစားရလေ့ရှိပေမယ့်
သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေထဲက တစ်ခုထက် ပိုပြီးခံစားနေရမယ် ဆိုရင်တော့
သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။
ပါးစပ်ကင်ဆာကို
ကုသနိုင်မယ့် နည်းလမ်းများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ခွဲစိတ်ကုသခြင်း
ပါးစပ်အတွင်းမှာ
တည်ရှိနေတဲ့ ကင်ဆာဆဲလ်တွေကို ခွဲစိတ်ဖယ်ရှားပစ်ခြင်းဖြင့် ပါးစပ်ကင်ဆာရောဂါကို သက်သာပျောက်ကင်းစေနိုင်မှာ
ဖြစ်ပါတယ်။ တကယ်လို့ ကင်ဆာဆဲလ်တွေ အလွန်အကျွံ ပျံ့နှံခြင်း မရှိဘူး ဆိုရင်တော့ အသေးစား
ခွဲစိတ်မှုဖြင့် သက်သာပျောက်ကင်းစေမှာ ဖြစ်ပေမယ့် ကင်ဆာဆဲလ်တွေ အလွန်အကျွံ ပျံ့နှံနေပြီ
ဆိုရင်တော့ ကင်ဆာဆဲလ်တွေကို ဖယ်ရှားပစ်နိုင်ဖို့ အတွက် ပါးစပ်အတွင်းမှ အချို့သော အစိတ်အပိုင်း
အနည်းငယ်မှာ ထိခိုက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
- ဓာတ်ကင်ကုသခြင်း
(Radiation Therapy)
ခံတွင်းကင်ဆာ
ရောဂါကို ကုသရာမှာ အထိရောက်ဆုံး နည်းလမ်းက ဓာတ်ကင်ကုသခြင်းပဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ဓာတ်ကင်ကုသမှုကို ခံယူခြင်းကြောင့် သွားပိုးစားခြင်း၊ သွားဖုံးသွေးယိုခြင်း၊
မေးရိုးကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အသားအရေလောင်ကျွမ်းခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့
ရင်ဆိုင်ရနိုင်ပါတယ်။
- ကီမိုကုထုံးဖြင့်
ကုသခြင်း (Chemotherapy)
ခံတွင်းကင်ဆာရောဂါကို
ခွဲစိတ်ကုသခြင်း၊ ဓာတ်ကင်ကုသခြင်း နည်းလမ်းအပြင် ကီမိုဆေးသွင်းပြီး ကုသခြင်းဖြင့်လည်း
သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ကီမိုကုထုံးကြောင့် ခန္ဓာကိုယ်အတွင်းမှ ကင်ဆာဆဲလ်တွေရဲ့
မျိုးပွားနှုန်း ကျဆင်းသွားမှာဖြစ်ပြီး ကျန်ရှိနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပျက်စီးကုန်မှာ
ဖြစ်ပါတယ်။ ဒါပေမယ့် ကိမိုကုထုံးကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှ ကျန်းမာနေတဲ့
တစ်သျှူးတွေကိုလည်း ထိခိုက်စေနိုင်တဲ့အပြင် မောပန်းနွမ်းနယ်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊
ဆံပင်ကျွတ်ခြင်း၊ ကိုယ်ခံအားကျဆင်းခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
တကယ်လို့ ခံတွင်းကင်ဆာ
ဖြစ်ပွားမှုကို ကာကွယ်ချင်တယ် ဆိုရင်တော့ -
- ဆေးလိပ်ဖြတ်ခြင်း
- အရက်ဖြတ်ခြင်း
- ကွမ်းဖြတ်ခြင်း
- အဆီများတဲ့
အစားအစာများ စားသုံးမှုကို ရှောင်ကြဉ်ခြင်း
- နေရောင်ခြည်ဒဏ်ကို
ကာကွယ်ပေးနိုင်တဲ့ အဝတ်အစားများ ဝတ်ဆင်ခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
REF: MedicalNewsToday, HealthLine