သွားဖုံး ရေစီးကမ်းပြိုလိုက်ခြင်း (Periodontitis) အကြောင်း သိကောင်းစရာများ

  • 04 Oct, 2019
  • သွားနှင့်ခံတွင်း

လူသားတွေရဲ့ ခံတွင်းထဲမှာ ဘက်တီးရီးယားပေါင်း များစွာ နေထိုင်လျက် ရှိကြပါတယ်။ ခံတွင်း ဘက်တီးရီးယားတွေ အနေနဲ့ လူသားတွေရဲ့ ကျန်းမာရေးကို များသောအားဖြင့် ဒုက္ခပေးလေ့ မရှိကြပါဘူး။ ဒါပေမယ့် သွားကျန်းမာရေးကို ဂရုစိုက်ခြင်း မရှိဘူး ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ခံတွင်းထဲမှာ ဘက်တီးရီးယား အရေအတွက် များပြားလာမှာဖြစ်ပြီး ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေမှာ ဖြစ်ပါတယ်။

လူသားတွေရဲ့ ခံတွင်းထဲမှာ ဘက်တီးရီးယားပေါင်း များစွာ နေထိုင်လျက် ရှိကြပါတယ်။ ခံတွင်း ဘက်တီးရီးယားတွေ အနေနဲ့ လူသားတွေရဲ့ ကျန်းမာရေးကို များသောအားဖြင့် ဒုက္ခပေးလေ့ မရှိကြပါဘူး။ ဒါပေမယ့် သွားကျန်းမာရေးကို ဂရုစိုက်ခြင်း မရှိဘူး ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ခံတွင်းထဲမှာ ဘက်တီးရီးယား အရေအတွက် များပြားလာမှာဖြစ်ပြီး ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေမှာ ဖြစ်ပါတယ်။

ရေစီးကမ်းပြိုလိုက်ခြင်း (Periodontitis) ကိုခံစားရတဲ့ အခါမှာ သွားဖုံးမှာ တည်ရှိနေတဲ့ ပျော့ပြောင်းတဲ့ တစ်သျှူးတွေ ပျက်စီးသွားမှာ ဖြစ်တဲ့အပြင် သွားတွေကို သွားဖုံးမှာ စွဲမြဲနေနိုင်အောင် အထောက်အပံ့ ပေးထားတဲ့အရိုးတွေလည်း ပျက်စီးသွားမှာ ဖြစ်ပါတယ်။

ရေစီးကမ်းပြိုလိုက်ခြင်းကို ခံစားနေရတဲ့ အခါမှာ -

  • သွားတိုက်တဲ့အခါမှာ သွားဖုံးမှသွေးယိုခြင်း
  • ခံတွင်းနံ့ ဆိုးဝါးခြင်း
  • သွားကျွတ်ခြင်း
  • သွားနဲ့ခြင်း
  • သွားဖုံးများ ယောင်ရမ်းခြင်း
  • သွားကျောက်တည်ခြင်း
  • အစာစားတဲ့အခါမှာ နာကျင်ခြင်း
  • အရသာ အာရုံခံ၍ မရခြင်းတို့ကို ခံစားရနိုင်ပါတယ်။

ခံတွင်းထဲမှာ ဘက်တီးရီးယား ပိုးမွှားတွေ များပြားလာခြင်းကြောင့် ရေစီးကမ်းပြိုလိုက်ခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အပြင် -

  • ဆေးလိပ်သောက်ခြင်း
  • ကွမ်းစားခြင်း
  • သွားပုံမှန်မတိုက်ခြင်း
  • ဆီးချို အမျိုးအစား (၂) ခံစားနေရခြင်း
  • အဝလွန်ခြင်း
  • ဟော်မုန်းပြောင်းလဲခြင်း
  • အသက်အရွယ်ကြီးမြင့်လာခြင်း
  • ခုခံအားကျဆင်းခြင်း
  • မျိုးရိုးလိုက်ခြင်း
  • ဗီတာမင် C လုံလောက်မှု မရှိခြင်းတို့ကြောင့်လည်း သွားဖုံး ရေစီးကမ်းပြိုလိုက်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

သွားဖုံး ရေစီးကမ်းပြိုလိုက်ခြင်း ရောဂါကို ကာကွယ်ပေးနိုင်မယ့် အဓိက နည်းလမ်းကတော့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပေးခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့ နှစ်ကြိမ် သွားပုံမှန်တိုက်ပေးခြင်း၊ ပါးစပ်ကို ခံတွင်းသန့်ဆေးရည်ဖြင့် ဆေးကြောပေးခြင်းတို့ဖြင့် ပါးစပ်ထဲမှာ တည်ရှိနေတဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင် C ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာများ စားသုံးပေးခြင်း၊ အရက်ဖြတ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ သွားဆရာဝန်နဲ့ လစဉ် ပုံမှန် စမ်းသပ်ကုသပေးခြင်းတို့ဖြင့် သွားဖုံး ရေစီးကမ်းပြိုလိုက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

REF: MayoClinicHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.