ကာလသား ရောဂါအကြောင်း သိကောင်းစရာများ
- 02 Oct, 2019
- မျိုးဆက်ပွားကျန်းမာရေး
ကာလသားရောဂါ ဆိုတာကတော့ လိင်ဆက်ဆံရာကနေ တစ်ဆင့် ဖြစ်ပွားလေ့ရှိတဲ့ ကူးစက်ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ကာလသားရောဂါကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ လိင်တူဆက်ဆံခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ကာလသားရောဂါကို ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးကတော့ Treponema Pallium ဘက်တီးရီးယားပဲ ဖြစ်ပါတယ်။
ကာလသားရောဂါ
ဆိုတာကတော့ လိင်ဆက်ဆံရာကနေ တစ်ဆင့် ဖြစ်ပွားလေ့ရှိတဲ့ ကူးစက်ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။
ကာလသားရောဂါကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ လိင်တူဆက်ဆံခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
ကာလသားရောဂါကို ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးကတော့ Treponema Pallium ဘက်တီးရီးယားပဲ
ဖြစ်ပါတယ်။
ကာလသားရောဂါကို
ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- လိင်တူဆက်ဆံခြင်း
- အကာအကွယ်မဲ့
လိင်ဆက်ဆံခြင်း
- HIV ရောဂါခံစားနေရခြင်း
- လိင်ဆက်ဆံဖောက်
တစ်ဦးထက်ပိုခြင်း
ကာလသားရောဂါ
စတင် ခံစားနေရစဉ် ကာလမှာ လိင်တံ၊ စအိုဝနဲ့ ပါးစပ်တို့မှာ Chancre လို့အမည်ရတဲ့ အနာဖုလေးတွေ
ထွက်ပေါ်လာလေ့ ရှိပါတယ်။ ရောဂါရင့်လာတဲ့ အခါမှာတော့ -
- ခန္ဓာကိုယ်အနှံ့
အနီစက်များပေါ်လာခြင်း
- အနာများထွက်လာခြင်း
- ကြွက်သားများ
နာကျင်ခြင်း
- ဖျားနာခြင်း
- Lymph Node
ရောင်ခြင်း
- လည်ချောင်းနာခြင်း
- ဆံပင်ကျွတ်ခြင်း
- ခေါင်းကိုက်ခြင်း
- နှာရေယိုခြင်း
- ကိုယ်အလေးချိန်
ကျဆင်းခြင်း
- အမြင်အာရုံ
ဝေဝါခြင်း
- မောပန်းနွမ်းနယ်ခြင်းတို့ကို
ခံစားရနိုင်ပါတယ်။
ကာလသားရောဂါကို
လိင်ဆက်ဆံရာကနေ တစ်ဆင့် ဒါမှမဟုတ် Chancre အနာတွေကနေ တစ်ဆင့်သာ ကူးစက်နိုင်မှာဖြစ်ပြီး
အိမ်သာအတူသုံးခြင်း၊ ထမင်းအတူစားခြင်း၊ အဝတ်အစားတွေ မျှဝေသုံးစွဲခြင်းတို့ကနေ တစ်ဆင့်
ကူးစက်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကာလသားရောဂါ ခံစားနေရကြောင်း အချိန်မီ သိရှိခဲ့မယ်
ဆိုရင်တော့ ဆေးဝါးများ သောက်သုံးပြီး ကုသနိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့
ကာလသားရောဂါ ကူးစက်ခံရခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ -
- အကာအကွယ်သုံးပြီး
လိင်ဆက်ဆံခြင်း
- ပါးစပ်ဖြင့်
ဆက်ဆံခြင်းကို ရှောင်ကြဉ်ခြင်း
- ပုံမှန်သွေးစစ်ပေးခြင်း
- လိင်ဆက်ဆံဖော်ကို
တစ်ဦးတည်း ထားရှိခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
REF: MedicalNewsToday, HealthLine