အဝလွန်ခြင်းအကြောင်း သိထားသင့်တဲ့ အချက်များ
- 02 Oct, 2019
- အဖြစ်များသောရောဂါများ
အဝလွန်ခြင်းကို ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံခန့် ခံစားနေရပါတယ်။ အဝလွန်ခြင်းကြောင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ တကယ်လို့ ခန္ဓာကိုယ် အညွှန်းကိန်း (Body Mass Index) သုံးဆယ်ထက် ကျော်လွန်ခဲ့မယ်ဆိုရင် အဝလွန်နေပြီလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ကယ်လိုရီ ပါဝင်မှု လွန်ကဲတဲ့ အစားအစာတွေကို နေ့စဉ်ပုံမှန် စားသုံးခြင်းကြောင့် အဝလွန်ခြင်းကို ဖြစ်ပွားစေတဲ့ အပြင် ကယ်လိုရီတွေ လောင်ကျွမ်းသွားစေဖို့ လေ့ကျင့်ခန်း ပုံမှန်လှုပ်ဆောင်မှု မရှိခြင်းကြောင့်လည်း အဝလွန်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
အဝလွန်ခြင်းကို ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံခန့် ခံစားနေရပါတယ်။ အဝလွန်ခြင်းကြောင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ တကယ်လို့ ခန္ဓာကိုယ် အညွှန်းကိန်း (Body Mass Index) သုံးဆယ်ထက် ကျော်လွန်ခဲ့မယ်ဆိုရင် အဝလွန်နေပြီလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ကယ်လိုရီ ပါဝင်မှု လွန်ကဲတဲ့ အစားအစာတွေကို နေ့စဉ်ပုံမှန် စားသုံးခြင်းကြောင့် အဝလွန်ခြင်းကို ဖြစ်ပွားစေတဲ့ အပြင် ကယ်လိုရီတွေ လောင်ကျွမ်းသွားစေဖို့ လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်မှု မရှိခြင်းကြောင့်လည်း အဝလွန်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ အဝလွန်ခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အဆီများတဲ့
အစားအစာတွေ စားသုံးခြင်း
- ကယ်လိုရီ လွန်ကဲတဲ့
အစားအစာတွေ စားသုံးခြင်း
- အိပ်ချိန်နည်းပါးခြင်း
- မျိုးရိုးလိုက်ခြင်း
- အသက်ကြီးလာခြင်း
- ကိုယ်ဝန်ရှိခြင်း
အဝလွန်ခြင်းကို
ဖြစ်ပွားစေတဲ့ နောက်ထပ် အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အမျိုးသမီးတွေမှာ
မျိုးဥအိမ် အရည်အိတ်တည်ခြင်း (Polycystic Ovary Syndrome)
- အလွန်အကျွံ
စားသုံးခြင်းနဲ့ ကြီးထွားနှုန်း မူမမှန်ခြင်း (Prader-Willi Syndrome)
- ကူရှင်းရောဂါ
ဖြစ်ပွားခြင်း (Cushing Syndrome)
- သိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်း
(Hypothyroidism)
- အရိုးအဆစ်ရောင်ရောဂါ
ခံစားနေရခြင်း (Osteoarthritis)
သင့်ရဲ့မိဘဆွေမျိုးတွေထဲမှာ
အဝလွန်သူတွေ ရှိနေခဲ့မယ်ဆိုရင် သင့်အနေနဲ့လည်း အဝလွန်ခြင်းကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင်
သင့်အနေနဲ့ စိတ်ကျဝေဒနာကို ခံစားနေရပြီ ဆိုရင်လည်း အဝလွန်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
အဝလွန်ခြင်းကို ဖြစ်ပွားစေတဲ့ နောက်ထပ်တစ်ချက်ကတော့ ဟော်မုန်းဆေးများ သောက်သုံးခြင်း၊
သန္ဓေတားဆေးများ သောက်သုံးခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။
အဝလွန်ခြင်းကြောင့်
ခန္ဓာကိုယ် အလေးချိန် မြင့်တက်လာမှာ ဖြစ်တဲ့အပြင် အခြားသော ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကိုလည်း
ခံစားရနိုင်ပါတယ်။ အဝလွန်ခြင်းကို ခံစားနေရတဲ့အခါမှာ :
- ဆီးချိုအမျိုးအစား
(၂)
- နှလုံးရောဂါ
- သွေးပေါင်တက်ခြင်း
- ရင်သားကင်ဆာ
- အူမကြီးကင်ဆာ
- သားအိမ်ကင်ဆာ
- လေဖြတ်ဝေဒနာ
- သည်းခြေအိတ်ဆိုင်ရာ
ရောဂါများ
- အသည်းအဆီဖုံးရောဂါ
- လေးဘက်နာရောဂါတို့ကို
ခံစားရနိုင်ပါတယ်။
သင့်အနေနဲ့
အဝလွန်ခြင်းကို ခံစားနေရပြီး ကိုယ်တိုင်လည်း ခန္ဓာကိုယ် အလေးချိန် လျော့ကျအောင် လုပ်ဆောင်နိုင်ခြင်း
မရှိတော့ဘူးဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး ကိုယ်အလေးချိန် ကျဆေးများ စားသုံးခြင်း၊
ခွဲစိတ်ကုသခြင်းစတဲ့ နည်းလမ်းတွေကို လုပ်ဆောင်သင့်ပါတယ်။
ဒါ့အပြင် အဆီများတဲ့
အစားအစာတွေ၊ ကယ်လိုရီများတဲ့ အစားအစာတွေ စားသုံးခြင်းကို ရှောင်ကြဉ်ခြင်း၊ အာဟာရဓာတ်
ကြွယ်ဝစွာ ပါဝင်တဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေ စားသုံးပေးခြင်း၊ ပရိုတိန်း ကြွယ်ဝစွာ
ပါဝင်တဲ့ အစားအစာတွေ စားသုံးပေးခြင်း၊ တစ်နေ့ကို မိနစ် (၃၀) ခန့် လေ့ကျင့်ခန်း ပုံမှန်
လုပ်ဆောင်ပေးခြင်းဖြင့်လည်း ခန္ဓာကိုယ် အလေးချိန်ကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။
REF: HealthLine