လည်ချောင်းနာခြင်းကို အလွယ်တကူ သက်သာပျောက်ကင်းစေမယ့် နည်းလမ်းများ

  • 01 Oct, 2019
  • သွားနှင့်ခံတွင်း

လည်ချောင်းနာခြင်းကို ကျွန်တော်တို့ လူသားအများစု ခံစားဖူးကြမယ် ထင်ပါတယ်။ လည်ချောင်းနာခြင်းကို ခံစားနေရတဲ့အခါမှာ လည်ချောင်းထဲမှာ ခြောက်ကပ်ကပ်ဖြစ်ခြင်း၊ နာကျင်ခြင်း၊ ယားယံခြင်းတို့ကို ခံစားရနိုင်ပါတယ်။ လည်ချောင်းနာခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ ဗိုင်းရပ်ပိုး ကူးစက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

လည်ချောင်းနာခြင်းကို ကျွန်တော်တို့ လူသားအများစု ခံစားဖူးကြမယ် ထင်ပါတယ်။ လည်ချောင်းနာခြင်းကို ခံစားနေရတဲ့အခါမှာ လည်ချောင်းထဲမှာ ခြောက်ကပ်ကပ်ဖြစ်ခြင်း၊ နာကျင်ခြင်း၊ ယားယံခြင်းတို့ကို ခံစားရနိုင်ပါတယ်။ လည်ချောင်းနာခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ ဗိုင်းရပ်ပိုး ကူးစက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် :

  • ဖျားနာခြင်း
  • ရေကျောက်ပေါက်ခြင်း
  • Streptococcus ပိုးကူးစက်ခြင်း
  • အလာ့ဂျစ် (Allergic) ဖြစ်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • လည်ချောင်းမှာ အကြိတ်ဖြစ်ခြင်း
  • ဓာတုဗေဒပစ္စည်းများနဲ့ ဓာတ်မတည့်ခြင်းတို့ကြောင့်လည်း လည်ချောင်းနာခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

လည်ချောင်းနာနေတဲ့ အခါမှာ အစာစားရခက်ခြင်း၊ ရေသောက်ရခက်ခြင်းတို့ကို ခံစားရမှာ ဖြစ်တဲ့အပြင် ညအခါတွေမှာလည်း ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လည်ချောင်းနာခြင်းကို အလွယ်တကူ သက်သာပျောက်ကင်းစေမယ့် နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • ပျားရည်

ပျားရည်ကို ရေနွေးပူပူထဲ ထည့်သွင်းပြီး သောက်သုံးပေးခြင်းဖြင့် လည်ချောင်းနာခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။ ပျားရည်မှာ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းကို သက်သာ ပျောက်ကင်းစေတဲ့ အန်တီအောက်ဆီဒန့် (Antioxidents) တွေပါဝင်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာတွေ အပေါ်မှာ ပျားရည်ကို လိမ်းကျံပေးခြင်းဖြင့်လည်း အမြန်ဆုံး သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

  • ဆားရည်

ဆားရည် နွေးနွေးလေးနဲ့ မကြာခဏ ပလုတ်ကျင်း ပေးခြင်းဖြင့်လည်း လည်ချောင်းနာခြင်း၊ လည်ချောင်းကွဲခြင်းတို့ကို သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆားရည်နဲ့ ပလုတ်ကျင်းပေးခြင်းကြောင့် လည်ချောင်း အတွင်းမှ ဘက်တီးရီးယားတွေကိုလည်း ရှင်းလင်းပစ်နိုင်မှာ ဖြစ်ပါတယ်။

  • ပူစီနံရွက်

ပူစီနံရွက်ကို ခံတွင်းရနံ့ သင်းပျံ့စေဖို့ အတွက် စားသုံးပေးလေ့ ရှိကြပါတယ်။ ပူစီနံရွက်မှာ မန်သော (Menthol) ပါဝင်တာကြောင့် ချွဲကြပ်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းစတဲ့ ဝေဒနာတွေကို သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

  • ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်မှာ ဘက်တီးရီးယားပိုး ကူးစက်မှုကို ကာကွယ်ပေးနိုင်တဲ့ အန်တီအောက်ဆီဒန့်တွေ (Antioxidants) ပါဝင်ပါတယ်။ ဒါ့အပြင် ပန်းသီးရှာလကာရည်မှာ အက်စစ်ဓာတ် ပါဝင်တာကြောင့် လည်ချောင်းအတွင်းမှာ ပိတ်ဆို့နေတဲ့ ချွဲတွေကို ချေဖျက်ပစ်မှာဖြစ်ပြီး ဘက်တီးရီးယားပိုးတွေ ကူးစက်မှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ လည်ချောင်းနာခြင်းကို ခံစားနေရမယ်ဆိုရင် ပန်းသီးရှာလကာရည် လက်ဘက်စားဇွန်း တစ်ဇွန်း၊ နှစ်ဇွန်းခန့်ကို ရေတစ်ခွက်ဖြင့် ရောနှောကာ ပလုတ်ကျင်းပေးခြင်းဖြင့် လည်ချောင်းနာခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။

  • ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ဘက်တီးရီးယားပိုး ကူးစက်မှုကို ကာကွယ်ပေးနိုင်တဲ့ အန်တီအောက်ဆီဒန့်တွေ (Antioxidants) ပါဝင်တာကြောင့် ကြက်သွန်ဖြူကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးပေါင်း များစွာကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ လည်ချောင်းနာခြင်းကို ခံစားခဲ့ရမယ်ဆိုရင် ကြက်သွန်ဖြူကို ဝါးစားပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

  • မုန့်ဖုတ်ဆိုဒါ

မုန်ု့ဖုတ်ဆိုဒါကို ရေနဲ့ရောနှောပြီး ပလုတ်ကျင်းပေးခြင်းဖြင့် လည်ချောင်းနာခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မုန့်ဖုတ်ဆိုဒါဖြင့် ပလုတ်ကျင်းပေးခြင်းကြောင့် လည်ချောင်းအတွင်းမှ ဘက်တီးရီးယားတွေ၊ မှိုတွေကိုလည်း ဖယ်ရှားရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။

REF: HealthLineHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.