ကိုယ်ဝန်နုစဉ်ကာလမှာ ဘာကြောင့် ဗိုက်အောင့်ခြင်းကို ခံစားရတာလဲ
- 01 Oct, 2019
- အမျိုးသမီးကျန်းမာရေး
ကိုယ်ဝန်နုစဉ် ကာလမှာ ဗိုက်အောင့်ခြင်းကို ကိုယ်ဝန်သည်အများစု အနေနဲ့ ခံစားရလေ့ ရှိပါတယ်။ ကိုယ်ဝန်နုစဉ် ကာလမှာ ဗိုက်အောင့်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ ကိုယ်ဝန်နုစဉ် ကာလမှာ ဗိုက်အောင့်ခြင်းကြောင့် များသောအားဖြင့် မိခင်နဲ့ သန္ဓေသားလောင်း ကျန်းမာရေးကို ထိခိုက်စေခြင်း မရှိပေမယ့် တစ်ခါတလေမှာတော့ မိခင်နဲ့ သန္ဓေသားလောင်းရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်နုစဉ်ကာလမှာ ဗိုက်အောင့်ရခြင်းရဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
ကိုယ်ဝန်နုစဉ်
ကာလမှာ ဗိုက်အောင့်ခြင်းကို ကိုယ်ဝန်သည်အများစု အနေနဲ့ ခံစားရလေ့ ရှိပါတယ်။ ကိုယ်ဝန်နုစဉ်
ကာလမှာ ဗိုက်အောင့်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ ကိုယ်ဝန်နုစဉ်
ကာလမှာ ဗိုက်အောင့်ခြင်းကြောင့် များသောအားဖြင့် မိခင်နဲ့ သန္ဓေသားလောင်း ကျန်းမာရေးကို
ထိခိုက်စေခြင်း မရှိပေမယ့် တစ်ခါတလေမှာတော့ မိခင်နဲ့ သန္ဓေသားလောင်းရဲ့ ကျန်းမာရေးကို
ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်နုစဉ်ကာလမှာ ဗိုက်အောင့်ရခြင်းရဲ့ အကြောင်းအရင်းတွေကို
အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
- အရွတ်နာခြင်း
(Round Ligament Pain)
သားအိမ် ကြီးထွားလာတာနဲ့အမျှ
သားအိမ်ကို ထိန်းထားရတဲ့ အရွတ်ပုံစံလည်း ပြောင်းလဲလာဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အရွတ်
အရွယ်အစား ကြီးမားလာမှု မရှိခင် အချိန်ထိ သားအိမ်ကြီးထွားခြင်းကြောင့် အရွတ်နာခြင်းကို
ဖြစ်ပွားစေပြီး ဗိုက်အောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ရင့်လာချိန်မှာတော့
အရွတ်နာခြင်းလည်း သက်သာ ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
- သားအိမ်ကြီးထွားလာခြင်း
(Growing Uterus)
ကိုယ်ဝန်ရင့်လာတာနဲ့အမျှ
သားအိမ်ကြီးထွားလာခြင်းကြောင့် ဝမ်းဗိုက်အတွင်းမှ အူမကြီးရဲ့ တည်နေရာ ပြောင်းလဲသွားပြီး
မူးဝေခြင်း၊ ဗိုက်အောင့်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
- ဝမ်းချုပ်ခြင်း
(Constipation)
ကိုယ်ဝန်ဆောင်နေစဉ်
ကာလမှာ ဝမ်းချုပ်ခြင်းကို မကြာခဏ ခံစားရလေ့ ရှိပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် အချိန်မှာ
ခန္ဓာကိုယ်အတွင်းမှာ Progesterone ပမာဏ မြင့်တက်လာပြီး အစာအိမ်နဲ့အူလမ်းကြောင်းရဲ့
လုပ်ငန်းဆောင်တာတွေကို နှေးကွေးစေတာကြောင့် ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ ရေများများသောက်ပေးခြင်း၊ အမျှင်ဓာတ်ကြွယ်ဝတဲ့
အစားအစာတွေ စားသုံးခြင်းကို လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
- ကြွက်တက်ခြင်း
(Cramping)
ကိုယ်ဝန်နုစဉ်
ကာလမှာ မိခင်လောင်းတွေ အနေနဲ့ ကြွက်တက်ခြင်းကို ခံစားရလေ့ ရှိပါတယ်။ ကြွက်တက်ခြင်းကို
ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ ခန္ဓာကိုယ်အတွင်းမှာ Progesterone ပမာဏ မြင့်တက်လာခြင်းကြောင့်ပဲ
ဖြစ်ပါတယ်။ ကိုယ်ဝန်သည် အများစု အနေနဲ့ ကြွက်တက်ခြင်းကြောင့် ကိုယ်ဝန်ပျက်ကျမှာကို
စိုးရိမ်လေ့ ရှိကြပါတယ်။ တစ်ခါတရံသာ ကြွက်တက်မှုကို ခံစားရမယ် ဆိုရင်တော့ ကိုယ်ဝန်ပျက်ကျခြင်းကို
ဖြစ်ပွားစေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မကြာခဏ ကြွက်တက်ခြင်းကို ခံစားနေရမယ် ဆိုရင်တော့
ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်ပွားစေမှာ ဖြစ်တာကြောင့် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး
ပြသသင့်ပါတယ်။
အထက်မှာ ဖော်ပြထားတဲ့
အကြောင်းအရင်းတွေကြောင့် ဗိုက်အောင့်ဝေဒနာကို ခံစားနေရတာ ဆိုရင်တော့ မိခင်နဲ့ ကလေး
ကျန်းမာရေးကို ထိခိုက်စေမှာ မဟုတ်ပေမယ့် သားအိမ်ပြင်ပမှာ သန္ဓေတည်ခြင်းကြောင့် ဗိုက်အောင့်ခြင်း၊
ကိုယ်ဝန်ပျက်ကျခြင်သောကြောင့် ဗိုက်အောင့်ခြင်း၊ သတ်မှတ်ချိန် မတိုင်ခင် မွေးဖွားခြင်း၍ ဗိုက်အောင့်ခြင်းတို့ကို ခံစားနေရမယ် ဆိုရင်တော့ အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။
REF: Parents, MedicalNewsToday