မိတ်ထွက်ခြင်းကို (Heat Rush) အလွယ်တကူ သက်သာပျောက်ကင်းစေမယ့် နည်းလမ်းများ
- 01 Oct, 2019
- အဖြစ်များသောရောဂါများ
ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဘယ်လိုနေရာမျိုးမှာမဆို မိတ်ထွက်ခြင်းကို ခံစားရနိုင်ပါတယ်။ မိတ်ထွက်လာတဲ့ အခါမှာ ခန္ဓာကိုယ် နေရာအနှံ့အပြားမှာ အနီစက်လေးတွေ၊ အနီဖုလေးတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မိတ်ထွက်ခြင်းကြောင့် အရေပြားတွေ ယားယံခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ အသားအရေ လောင်ကျွမ်းမှုကို ခံစားရခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ကျွန်တော်တို့
ခန္ဓာကိုယ်ရဲ့ ဘယ်လိုနေရာမျိုးမှာမဆို မိတ်ထွက်ခြင်းကို ခံစားရနိုင်ပါတယ်။ မိတ်ထွက်လာတဲ့
အခါမှာ ခန္ဓာကိုယ် နေရာအနှံ့အပြားမှာ အနီစက်လေးတွေ၊ အနီဖုလေးတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
မိတ်ထွက်ခြင်းကြောင့် အရေပြားတွေ ယားယံခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ အသားအရေ လောင်ကျွမ်းမှုကို
ခံစားရခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ခန္ဓာကိုယ်ရဲ့
ချွေးထွက်ပေါက်တွေမှာ ချေးညှော်တွေနဲ့ ပိတ်ဆို့သွားခြင်းကြောင့် မိတ်ထွက်ခြင်းကို ဖြစ်ပွားစေတာပဲ
ဖြစ်ပါတယ်။ မိတ်ထွက်ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- အပူချိန်လွန်ကဲခြင်း
- အဝတ်အစား အကြပ်များ
ဝတ်ဆင်ခြင်း
- အားကစား အပြင်းအထန်
လုပ်ဆောင်ခြင်း
- အိပ်ယာနာဖြစ်ခြင်း
ဒါ့အပြင် မိတ်ထွက်ခြင်းကို
မွေးကင်းစ ကလေးငယ် အများစု အနေနဲ့ ခံစားရလေ့ ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မွေးကင်းစ
ကလေးငယ်တွေမှာ ချွေးထုတ်ဂလင်းတွေ ဖွံ့ဖြိုးခြင်း မရှိသေးလို့ပဲ ဖြစ်ပါတယ်။
မိတ်ထွက်ခြင်းကို
အလွယ်တကူ သက်သာပျောက်ကင်းစေမယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ရေခဲကပ်ခြင်း
မိတ်ထွက်ခြင်းကို
အလွယ်ကူဆုံး သက်သာစေမယ့် နည်းလမ်းကတော့ ရေခဲကပ်ခြင်းပဲ ဖြစ်ပါတယ်။ မိတ်ထွက်နေတဲ့ နေရာတွေကို
ရေခဲအိတ် (၅) မိနစ်၊ (၁၀) မိနစ်ခန့် မကြာခဏ ကပ်ပေးခြင်းဖြင့် မိတ်ထွက်ခြင်းကို သက်သာ
ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- ရေအေးဖြင့် ရေချိုးပေးခြင်း
ရေအေးဖြင့်
ရေချိုးပေးခြင်းကြောင့် အသားအရေတွေ ယားယံမှုကို သက်သာပျောက်ကင်းစေမှာ ဖြစ်တဲ့အပြင်
ချွေးဂလင်းတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားပစ်နိုင်မှာ ဖြစ်တာကြောင့်
မိတ်ထွက်ခြင်းကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- ပန်ကာဖွင့်ထားခြင်း၊
လေအေးပေးစက် ဖွင့်ထားခြင်း
မိတ်ထွက်ခြင်းကို
ခံစားရတဲ့ အခါမှာ ကျွန်တော်တို့ ခန္ဓာကိုယ် အပူချိန် အနေနဲ့ မြင့်တက်လာတာကြောင့် ပန်ကာတွေ၊
လေအေးပေးစက်တွေ ဖွင့်ထားခြင်းဖြင့် အခန်းတွင်းအပူချိန်၊ ခန္ဓာကိုယ်အပူချိန်တို့ကို
ထိန်းညှိနိုင်မှာ ဖြစ်ပါတယ်။
- ပါးလွှာသော
အဝတ်အစားများကို ဝတ်ဆင်ပေးခြင်း
မိတ်ထွက်နေတဲ့
အခါမှာ ပါးလွှာတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပေးခြင်းဖြင့် ခန္ဓာကိုယ် လေဝင်လေထွက် ကောင်းစေမှာ
ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ထွက်ခြင်းကို ခံစားနေတဲ့ အချိန်မှာ လေဝင်လေထွက် ကောင်းမွန်စေဖို့
အတွက် ချည်ထည်တွေကို ဝတ်ဆင်ပေးသင့်ပါတယ်။
- Calamine လိုးရှင်း
လိမ်းပေးခြင်း
Calamine လိုးရှင်း
လိမ်းပေးခြင်းဖြင့် မိတ်ထွက်ခြင်းကြောင့် ယားယံမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်
Calamine လိုးရှင်းကို လိမ်းတဲ့အခါမှာ အသားအရေ ခြောက်သွေ့မှုကို ဖြစ်ပွားစေနိုင်တာကြောင့်
အသားအရေကို စိုစွတ်စေတဲ့ Moisturizer တစ်ခုခုနဲ့ တွဲဖက်ပြီး လိမ်းပေးသင့်ပါတယ်။
- အုတ်ဂျုံဖြင့်
ရေချိုးပေးခြင်း (Oat Meal)
အုတ်ဂျုံဖြင့်
ရေချိုးပေးခြင်းကြောင့် အရေပြားရောဂါ အများစုကို သက်သာပျောက်ကင်းစေမှာ ဖြစ်တဲ့အပြင်
အုတ်ဂျုံမှာ ခန္ဓာကိုယ်ကို အကျိုးဖြစ်စေတဲ့ အန်တီအောက်ဆီဒန့်တွေ (Antioxidant) ပါဝင်ပါတယ်။
ဒါ့အပြင် အုတ်ဂျုံဖြင့် ရေချိုးပေးခြင်းကြောင့် အသားအရေကို ချောမွေ့လှပစေမှာ ဖြစ်ပါတယ်။
- မုန့်ဖုတ်ဆိုဒါဖြင့် ရေချိုးပေးခြင်း
မုန့်ဖုတ်ဆိုဒါဖြင့်
ရေချိုးပေးခြင်းကြောင့် ပျက်ဆီးနေတဲ့ အသားအရေတွေကို ပြန်လည် ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ မုန့်ဖုတ်ဆိုဒါဖြင့် ရေချိုးပေးခြင်းကြောင့် မိတ်ထွက်ခြင်းကို
ကာကွယ်ပေးနိုင်မှာ ဖြစ်သလို အရေပြား ယားယံမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့
သိရပါတယ်။
တကယ်လို့ သင့်အနေနဲ့
အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေမယ့် မိတ်ထွက်ခြင်း ဝေဒနာ သက်သာ ပျောက်ကင်းခြင်း
မရှိတဲ့အပြင် အောက်ဖော်ပြပါ ဝေဒနာတွေကိုပါ ခံစားနေရမယ် ဆိုရင်တော့ အမြန်ဆုံး သက်ဆိုင်ရာ
ဆရာဝန်နဲ့ သွားရောက် ပြသသင့်ပါတယ်။
- ခန္ဓာကိုယ်အနှံ့
မိတ်များထွက်လာခြင်း
- အဖျားတက်ခြင်း
- အဖုအပိမ့်များ
ထွက်လာခြင်း
- နာကျင်ခြင်း
- မိတ်များမှ
အဝါရောင်၊ အစိမ်းရောင် အရည်တွေ ထွက်လာခြင်း
- မိတ်များမှ
သွေးထွက်ခြင်း
REF: MedicalNewsToday, MedicalNewsToday