ရင်သားကင်ဆာအကြောင်း သိထားသင့်တဲ့ အချက်များ
- 30 Sep, 2019
- အမျိုးသမီးကျန်းမာရေး
ရင်သားကင်ဆာရောဂါ ဆိုတာကတော့ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ရင်သားကင်ဆာ ဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ ရင်သားအနီးတဝိုက်မှ ဆဲလ်များ ပျက်ဆီးသွားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
ရင်သားကင်ဆာရောဂါ
ဆိုတာကတော့ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ရင်သားကင်ဆာ
ဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ ရင်သားအနီးတဝိုက်မှ ဆဲလ်များ ပျက်ဆီးသွားခြင်းကြောင့်ပဲ
ဖြစ်ပါတယ်။ ရင်သားကင်ဆာ စတင် ဖြစ်ပွားတဲ့ အချိန်မှာတော့ ရောဂါလက္ခဏာတွေကို ခံစားရမှာ
မဟုတ်ပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ရောဂါရင့်လာတဲ့ အခါမှာ -
- ရင်သားမှာ အကျိတ်ဖြစ်ခြင်း
- ရင်သားနာကျင်ခြင်း
- ရင်သားတစ်ဝိုက်
အသားအရေများ ကွဲအက်ခြင်း
- ရင်သားတွဲကျခြင်း
- သားမြတ်ခေါင်း
အထဲဝင်ခြင်း
- သားမြတ်ခေါင်းမှ
သွေးယိုစီးခြင်း
- လက်မောင်းအောက်
အကျိတ်ဖြစ်ခြင်း
- ရင်သားအရွယ်အစား
ပြောင်းလဲခြင်း
- ရင်သား ဖူးရောင်ခြင်း
- သားမြတ်ခေါင်းမှ
နို့ရည်မဟုတ်သော အရည်များထွက်ခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရလေ့ ရှိပါတယ်။
တကယ်လို့ သင့်အနေနဲ့
အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရပြီ ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့
သွားရောက်ပြသပြီး ကင်ဆာဆဲလ်များ တိုးပွားလာခြင်း မရှိအောင် အမြန်ဆုံး ကုသသင့်ပါတယ်။
ရင်သားကင်ဆာရောဂါကို
ဖြစ်ပွားစေတဲ့ အချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အမျိုးသမီးဖြစ်ခြင်း
ရင်သားကင်ဆာရောဂါ ဖြစ်ပွားမှုကို အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုမြင်တွေ့ရလေ့ရှိပါတယ်။
- အသက်အရွယ် ကြီးမြင့်လာခြင်း
အသက်ကြီးလာတာနဲ့အမျှ
ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေလည်း တဖြည်းဖြည်းနဲ့ ပိုမိုမြင့်တက်လာမှာ ဖြစ်ပါတယ်။
- ရင်သားကင်ဆာ
ဖြစ်ပွားဖူးခြင်း
တကယ်လို့ သင့်အနေနဲ့
ညာဘက် ရင်သားမှာ ရင်သားကင်ဆာ ဝေဒနာခံစားဖူးတယ်ဆိုရင် ဘယ်ဘက် ရင်သားမှာလည်း ရင်သားကင်ဆာ
ဖြစ်ပွားနိုင်ခြေ မြင့်တက်လာမှာ ဖြစ်ပါတယ်။
- မျိုးရိုးလိုက်ခြင်း
တကယ်လို့ မိဘဆွေမျိုးတွေထဲမှာ
ရင်သားကင်ဆာ ဖြစ်ဖူးသူ ရှိနေခဲ့မယ် ဆိုရင်လည်း ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။
- အပျိုဖော်မဝင်ခင်
ရာသီသွေးဆင်းခြင်း
အသက် ၁၂ နှစ်မပြည့်ခင်
အချိန်မှာ ရာသီသွေးဆင်းခြင်းကို စတင်ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတွေ အနေနဲ့ ရင်သားကင်ဆာ
ပိုမိုဖြစ်ပွားနိုင်ပါတယ်။
ဒါ့အပြင် ရေဒီယိုသတ္တိကြွပစ္စည်းများနဲ့
ထိတွေ့မိခြင်း၊ အသက်ကြီးမှ ကိုယ်ဝန်ရခြင်း၊ အရက်သောက်ခြင်း၊ အဝလွန်ခြင်းတို့ကြောင့်လည်း
ရင်သားကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
ရင်သားကင်ဆာ
ဖြစ်ပွားခြင်း မရှိအောင် ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အရက်အလွန်အကျွံ
သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်း
အရက်အလွန်အကျွံ
သောက်သုံးခြင်းကြောင့် ရင်သားကင်ဆာ ရောဂါကို ဖြစ်ပွားစေနိုင်သလို အခြားသော ကျန်းမာရေးဆိုင်ရာ
ဆိုးကျိုးတွေကိုလည်း ခံစားရစေနိုင်တာကြောင့် အရက်အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
- ခန္ဓာကိုယ်အလေးချိန်ကို
ထိန်းညှိခြင်း
အဝလွန်ခြင်းကြောင့်
ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ဝေဒနာတို့ကို ဖြစ်ပွားစေနိုင်တဲ့အပြင် ရင်သားကင်ဆာကိုလည်း
ဖြစ်ပွားစေနိုင်တာကြောင့် အဆီများတဲ့ အစားအသောက်တွေ စားသုံးခြင်းကို ရှောင်ကြဉ်ပြီး
အသီးအနှံတွေ၊ အသီးအရွက်တွေကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်ကို
ထိန်းညှိပေးသင့်ပါတယ်။
ဒါ့အပြင် လေ့ကျင့်ခန်းပုံမှန်
ပြုလုပ်ပေးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်သလို ခြောက်လ
တစ်ကြိမ်ခန့် ရင်သားကင်ဆာ ဖြစ်ပွားနေခြင်း ရှိမရှိကို သက်ဆိုင်ရာ ဆရာဝန်နဲ့ စမ်းသပ်
စစ်ဆေးပေးသင့်ပါတယ်။
REF: HealthLine, MayoClinic, MedicalNewsToday
