အသည်းရောင်အသားဝါ (B) ပိုးအကြောင်း သိကောင်းစရာများ
- 30 Sep, 2019
- အဖြစ်များသောရောဂါများ
အသည်းရောင်အသားဝါ (B) ဆိုတာကတော့ HBV (Hepatitis B Virus) ဗိုင်းရပ်စ်ကြောင့် အသည်းမှာ ဖြစ်ပွားလေ့ရှိတဲ့ ကူးစက်ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးကြောင့် အသည်းပျက်ဆီးခြင်း၊ အသည်းရောဂါဖြစ်ပွားခြင်း၊ အသည်းကင်ဆာဖြစ်ပွားခြင်းစတဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
အသည်းရောင်အသားဝါ
(B) ဆိုတာကတော့ HBV (Hepatitis B Virus) ဗိုင်းရပ်စ်ကြောင့် အသည်းမှာ ဖြစ်ပွားလေ့ရှိတဲ့
ကူးစက်ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးကြောင့် အသည်းပျက်ဆီးခြင်း၊
အသည်းရောဂါဖြစ်ပွားခြင်း၊ အသည်းကင်ဆာဖြစ်ပွားခြင်းစတဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း
(WHO) ရဲ့ထုတ်ပြန်ချက်များအရ အသည်းရောင်အသားဝါ ဘီပိုး ကူးစက်ခံရသူ လူဦးရေ (၂၅၇) သန်းခန့်
ရှိနေခဲ့ပြီး အသည်းရောင်အသားဝါ ဘီပိုးကြောင့် သေဆုံးသူ လူဦးရေ (၈) သိန်းခန့် ရှိနေခဲ့ပြီ
ဖြစ်တယ်လို့ သိရပါတယ်။
အသည်းရောင်အသားဝါ
(B) ပိုးကို ကူးစက်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- သွေးကနေတစ်ဆင့်
ကူးစက်ခြင်း
- ခန္ဓာကိုယ်ကနေထွက်ရှိတဲ့
အရည်တွေကနေတစ်ဆင့် ကူးစက်ခြင်း
- လိင်ဆက်ဆံရာကနေတစ်ဆင့်
ကူးစက်ခြင်း
- မိခင်ကနေတစ်ဆင့်
ကူးစက်ခြင်း
- သုက်ရည်ကနေတစ်ဆင့်
ကူးစက်ခြင်း
ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေ၊
လိင်တူဆက်ဆံသူတွေ၊ လိင်ဆက်ဆံဖော် တစ်ဦးထက်ပိုသူတွေ၊ အသည်းရောဂါရှိသူတွေ၊ ကျောက်ကပ်ဝေဒနာ
ခံစားရသူတွေ၊ အသက်ကြီးသူတွေ၊ ဆီးချိုရောဂါ ခံစားနေရသူတွေ အနေနဲ့လည်း အသည်းရောင်အသားဝါ
(B) ပိုးကူးစက်ခံရနိုင်ပါတယ်။
အသည်းရောင်အသားဝါ
(B) ပိုးကူးစက်ခံရတဲ့ အခါမှာ :
- အသားဝါခြင်း
- မျက်လုံးများဝါခြင်း
- ဆီအညိုသွားခြင်း
- ဖျားနာခြင်း
- ဝမ်းအရောင်ပြောင်းခြင်း
- အရိုးအဆစ်များ
နာကျင်ခြင်း
- မောပန်းနွမ်းနယ်ခြင်း
- မူးဝေခြင်း
- အော့အန်ခြင်း
- အစာစားချင်စိတ်မရှိခြင်း
- ဗိုက်အောင့်ခြင်းစတဲ့
ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
တကယ်လို့ အသည်းရောင်အသားဝါ
ဘီပိုးကူးစက်ခံရခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အသည်းရောင်အသားဝါ ဘီပိုးအတွက် ကာကွယ်ဆေးကို
(၃) ခါထိုးပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အကာအကွယ်ဖြင့် လိင်ဆက်ဆံခြင်း၊ လက်ကိုစင်ကြယ်အောင်
ဆေးကြောခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ခြင်း၊ တစ်ကိုယ်ရေသုံး ပစ္စည်းများကို
အခြားသူများနဲ့ ဝေမျှသုံးစွဲမှုကို ရှောင်ကြဉ်ခြင်းတို့ဖြင့် အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရခြင်းကို
ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
REF: MedicalNewsToday, HealthLine