ပန်းသီးရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

  • 27 Sep, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

“An apple a day keeps the doctor away” ဆိုတဲ့ ဆိုရိုးစကားရှိတဲ့အတိုင်း တစ်နေ့ကို ပန်းသီးတစ်လုံး ပုံမှန်စားသုံးခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးပေါင်း များစွာကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ပန်းသီးမှာ အန်တီအောက်ဆီဒန့်တွေ၊ အမျှင်ဓာတ်တွေ၊ အာဟာရဓာတ်တွေ၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ပန်းသီးကို နေ့စဉ်ပုံမှန် စားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

“An apple a day keeps the doctor away” ဆိုတဲ့ ဆိုရိုးစကားရှိတဲ့အတိုင်း တစ်နေ့ကို ပန်းသီးတစ်လုံး ပုံမှန်စားသုံးခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးပေါင်း များစွာကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ပန်းသီးမှာ အန်တီအောက်ဆီဒန့်တွေ၊ အမျှင်ဓာတ်တွေ၊ အာဟာရဓာတ်တွေ၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ပန်းသီးကို နေ့စဉ်ပုံမှန် စားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • ကိုယ်အလေးချိန် မြင့်တက်မှုကို ကာကွယ်ပေးခြင်း

ပန်းသီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်တို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန် မြင့်တက်မှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပန်းသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးတာကြောင့် အခြားသော အစားအစာတွေ၊ အသီးအနှံတွေ စားသုံးခြင်းထက် ကိုယ်အလေးချိန် မြင့်တက်မှုကို ထိန်းညှိပေးနိုင်မှာ ဖြစ်ပါတယ်။

  • နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

ပန်းသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်ကြောင့် သွေးအတွင်းမှ မကောင်းတဲ့ ကိုလက်စထရော (Cholesterol) တွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးပေါင်တက်မှုကို ကာကွယ်ပေးနိုင်မယ့် အန်တီအောက်ဆီဒန့် (Antioxidants) တွေလည်း ပန်းသီးမှာ ပါဝင်တာကြောင့် လေဖြတ်ဝေဒနာ ခံစားရမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ဆီးချိုဝေဒနာ ခံစားရမှုကို ကာကွယ်ပေးခြင်း

တစ်နေ့ကို ပန်းသီးတစ်လုံးခန့် ပုံမှန် စားသုံးပေးခြင်းဖြင့် ဆီးချိုအမျိုးအစား (၂) ဖြစ်ပွားမှုကို (၂၈) ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပန်းသီးမှာ ပါဝင်တဲ့ Poly-phenol အန်တီအောက်ဆီဒန့် (Antioxidant) ကြောင့်ပန်ကရိယကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း

ပန်းသီးမှာ အန်တီအောက်ဆီဒန့်တွေ၊ Anti-Inflammatory ဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် အရိုးအဆစ်တွေကို သန်မာစေမှာ ဖြစ်သလို အရိုးကျန်းမာရေးကိုလည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပန်းသီးကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် ကယ်ဆီယမ်ဓာတ် ဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

ပန်းသီးမှာ ပါဝင်တဲ့ အန်တီအောက်ဆီဒန့် ဒြပ်ပေါင်းတွေ အနေနဲ့ လေထုထဲမှာ ပါဝင်တဲ့ အဆိပ်ငွေ့တွေကြောင့် အသက်ရှူလမ်းကြောင်းမှာ ရောဂါပိုးတွေ ဝင်ရောက်ခြင်း မရှိအောင် ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပန်းသီးအခွံမှာ Quercetin ဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ် ခုခံစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ရင်သားကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

တစ်နေ့ကို ပန်းသီးတစ်လုံးခန့် ပုံမှန် စားသုံးပေးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပန်းသီးမှာ ပါဝင်တဲ့ Phenolic ဓာတ်အနေနဲ့ ရင်သားကင်ဆာ ဖြစ်ပွားမှုအပြင် အခြားသော ကင်ဆာရောဂါတွေ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပန်းသီးကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါ (လက်တုန်ခြေတုန်ရောဂါ)၊ အစာအိမ်ရောဂါ၊ လေဖြတ်ဝေဒနာ၊ အသည်းရောဂါ၊ မျက်စိအတွင်းတိမ်ရောဂါ ဖြစ်ပွားမှုတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

REF: BestHealthMagHealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.