ဆေးခြောက် သောက်သုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများနဲ့ ဆိုးကျိုးများ

  • 25 Sep, 2019
  • ကျန်းမာသောနေထိုင်မှုပုံစံ

ဆေးခြောက်/ Weed လို့ မြန်မာနိုင်ငံမှာ အလွယ်တကူ ခေါ်ဝေါ်လေ့ရှိတဲ့ Marijuana/ Cannabis ကို သောက်သုံးခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးပေါင်းများကို ရရှိနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကျွန်တော်တို့ လူသားတွေ အနေနဲ့ ဆေးခြောက်ကို ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိစေဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀၀၀) ခန့်ကတည်းက စတင် အသုံးပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဆေးခြောက်/ Weed လို့ မြန်မာနိုင်ငံမှာ အလွယ်တကူ ခေါ်ဝေါ်လေ့ရှိတဲ့ Marijuana/ Cannabis ကို သောက်သုံးခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးပေါင်းများကို ရရှိနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကျွန်တော်တို့ လူသားတွေ အနေနဲ့ ဆေးခြောက်ကို ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိစေဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀၀၀) ခန့်ကတည်းက စတင် အသုံးပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဆေးခြောက် သောက်သုံးခြင်းကြောင့် ကောင်းကျိုးတွေကို ရရှိစေနိုင်သလို ဆိုးကျိုးတွေကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် ဆေးခြောက် သောက်သုံးခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • နာတာရှည် နာကျင်ကိုက်ခဲခြင်း (Chronic Pain)

ဆေးခြောက်မှာ ဓာတုဒြပ်ပေါင်း တစ်ရာကျော် ပါဝင်ပြီး ဆေးခြောက်မှာ အဓိက ပါဝင်တဲ့ Cannabinoid ဒြပ်ပေါင်းနဲ့ THC ဒြပ်ပေါင်းတို့ကြောင့် နာတာရှည် နာကျင်ကိုက်ခဲခြင်း ဝေဒနာကို သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆေးခြောက်ကို အချို့သော နိုင်ငံတွေမှာ နာတာရှည် နာကျင်ကိုက်ခဲခြင်း ဝေဒနာအတွက် ဆေးဝါးထုတ်ဖော်ရာမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

  •  အဆုတ်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း

ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ရောဂါတွေကို ဖြစ်ပွားစေနိုင်သလို အဆုတ်ကင်ဆာ ရောဂါကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ ဒါပေမယ့် ဆေးခြောက်သောက်ခြင်းကြောင့် အဆုတ်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ လေ့လာတွေ့ရှိချက်တွေအရ ဆေးခြောက် သောက်သုံးခြင်းကြောင့် အဆုတ်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

  • ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း

ဒါ့အပြင် ဆေးခြောက် သောက်ခြင်းကြောင့် ခန္ဓာကိုယ် အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်မှာ ဖြစ်ပါတယ်။ ဆေးခြောက်မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေ အနေနဲ့ ခန္ဓာကိုယ် အတွင်းမှ အင်ဆူလင် ပမာဏကို ထိန်းညှိပေးတဲ့အပြင် ကယ်လိုရီတွေကို လောင်ကျွမ်းစေမှာ ဖြစ်တာကြောင့် ကိုယ်အလေးချိန် မြင့်တက်လာမှာကို စိုးရိမ်နေစရာ လိုအပ်တော့မှာ မဟုတ်ပါဘူး။

  • ဆီးချိုရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

ဆေးခြောက် သောက်ခြင်းကြောင့် အင်ဆူလင် ပမာဏကို ထိန်းညှိပေးမှာ ဖြစ်တဲ့အပြင် ဆီးချိုဝေဒနာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။ ဆေးခြောက် အနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ သွေးပေါင်တက်ခြင်းကို ကာကွယ်ပေးခြင်းစတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင် ပေးသွားမှာ ဖြစ်တဲ့အပြင် သွေးစီးဆင်းမှုကိုလည်း ကောင်းမွန်အောင် ထိန်းညှိပေးသွားမှာ ဖြစ်ပါတယ်။

  • ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျော့ချပေးခြင်း

ဆေးခြောက် သောက်သုံးခြင်းကြောင့် အဓိက ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးကတော့ ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျော့ချပေးခြင်းပဲ ဖြစ်ပါတယ်။ ဆေးခြောက်မှာ ပါဝင်တဲ့ Cannabinoids ဒြပ်ပေါင်း အနေနဲ့ အချို့သော ကင်ဆာရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်တဲ့အပြင် ကင်ဆာကုထုံးတွေ ခံယူခြင်းကြောင့် ခံစားရလေ့ရှိတဲ့ မူးဝေခြင်း၊ အော့အန်ခြင်းစတဲ့ ရောဂါဝေဒနာတွေကိုလည်း သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

  • စိတ်ကျဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

ယနေ့ခေတ်မှာ စိတ်ကျဝေဒနာကို ခံစားနေရတဲ့ လူဦးရေ တဖြည်းဖြည်းနဲ့ မြင့်တက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ဆေးခြောက်မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေ အနေနဲ့ စိတ်ပျော်ရွှင်ဟော်မုန်းကို ထုတ်လွှတ်ပေးနိုင်တာကြောင့် စိတ်ကျဝေဒနာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

သိစိတ်ချို့ယွင်းခြင်းရောဂါ/ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားခြင်းကို အသက်ကြီးသူတွေမှာ အများဆုံး မြင်တွေ့ရလေ့ ရှိပါတယ်။ ဒါပေမယ့် ဆေးခြောက်မှာ ပါဝင်တဲ့ Endocannabinoid ဒြပ်ပေါင်းအနေနဲ့ ဦးနှောက်ချို့ယွင်းခြင်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်တဲ့အပြင် အယ်လ်ဇိုင်းမား ရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆေးခြောက် သောက်သုံးခြင်းကြောင့် အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ အော်တစ်ဇင်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း၊ အသည်းရောင်အသားဝါ C ဖြစ်ပွားနှုန်းကို လျော့ချပေးခြင်း၊ ပါကင်ဆန်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်းစတဲ့ ကောင်းကျိုးပေါင်း များစွာကို ရရှိစေနိုင်ပါတယ်။

ဆေးခြောက်သောက်သုံးခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ရရှိစေနိုင်မှာ ဖြစ်သလို အလွန်အကျွံ သောက်သုံးမယ် ဆိုရင်လည်း ဆိုးကျိုးတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဆေးခြောက်ကို အလွန်အကျွံ သောက်သုံးခြင်းကြောင့် :

  • စိတ်ဝေဒနာခံစားရခြင်း
  • ဦးနှောက်ဖွံ့ဖြိုးမှုကို နှေးကွေးစေခြင်း
  • ဝှေးစေ့ကင်ဆာဖြစ်ပွားခြင်း
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားခြင်း
  • နှလုံရောဂါဖြစ်ပွားခြင်း
  • ခုခံအားကျဆင်းခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရနိုင်တာကြောင့် ဆေးခြောက် အလွန်အကျွံသုံးစွဲခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။
REF: HealthEuropaMedicalNewsToday 

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.