ကျောက်ကပ်ရောဂါအကြောင်း သိထားသင့်တဲ့အချက်များ

  • 25 Sep, 2019
  • အဖြစ်များသောရောဂါများ

ကျောက်ကပ်ဆိုတာကတော့ ကျွန်တောတို့ ခန္ဓာကိုယ် နောက်ကျောရိုးမကြီးရဲ့ အောက်ပိုင်းနား တစ်ဖက်တစ်ချက်ဆီမှာ တည်ရှိနေတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ ကျောက်ကပ် အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ် ကျန်းမာ သန်စွမ်းနေစေဖို့အတွက် အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးလျက် ရှိပါတယ်။

ကျောက်ကပ်ဆိုတာကတော့ ခန္ဓာကိုယ် နောက်ကျောရိုးမကြီးရဲ့ အောက်ပိုင်းနား တစ်ဖက်တစ်ချက်ဆီမှာ တည်ရှိနေတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ ကျောက်ကပ် အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ် ကျန်းမာ သန်စွမ်းနေစေဖို့အတွက် အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးလျက် ရှိပါတယ်။

ကျောက်ကပ်ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးတွေ၊ အဆိပ်အတောက်တွေကို ဆီးအဖြစ်နဲ့ စွန့်ထုတ်ပစ်နိုင်အောင် ဆောင်ရွက်ပေးရခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကပ် အနေနဲ့ ခန္ဓာကိုယ်အတွင်းမှ ရေဓာတ်၊ အငံဓာတ်၊ ပိုတက်ဆီယမ်ဓာတ်တို့ရဲ့ ပမာဏကို ထိန်းညှိပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းကိုလည်း ထုတ်လွှတ်ပေးလျက် ရှိပါတယ်။ ကျောက်ကပ်ရဲ့ နောက်ထပ် လုပ်ငန်းဆောင်တာ တစ်ခုကတော့ ကျွန်တော်တို့ ခန္ဓာကိုယ် အနေနဲ့ ကယ်ဆီယမ်ကို စုပ်ယူနိုင်ဖို့ အတွက် ဗီတာမင် D ကို ထုတ်လွှတ်ပေးခြင်းပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကျောက်ကပ်ရောဂါတွေကို ခံစားနေရသူ လူဦးရေ သန်းချီပြီး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါ ဖြစ်ပွားတဲ့အခါမှာ အထက်မှာ ဖော်ပြပေးခဲ့တဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ခြင်း မရှိတော့တာကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်မှာ များစွာသော ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါကို ခံစားရတဲ့ အခါမှာ အရိုးအဆစ်များ မသန်စွမ်းခြင်း၊ အာရုံကြော အားနည်းခြင်း၊ ကလေးငယ်တွေမှာ ခန္ဓာကိုယ် မဖွံ့ဖြိုးခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ရောဂါ ဖြစ်ပွားမှု သက်တမ်းရင့်သွားတဲ့ အခါမှာ ကျောက်ကပ် အနေနဲ့ ၎င်းလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို လုံးဝ လုပ်ဆောင်နိုင်ခြင်း မရှိတော့ပဲ ကျောက်ကပ်ရပ်သွားတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ကျောက်ကပ်ရောဂါ အမျိုးအစားများ

  • နာတာရှည် ကျောက်ကပ်ရောဂါ
  • ကျောက်ကပ်မှာ ကျောက်တည်ခြင်း
  • ကျောက်ကပ်ရောင်ရောဂါ
  • ကျောက်ကပ် ရေအိတ်တည်ခြင်း
  • ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ကျောက်ကပ်ရောဂါကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဆီးချိုရောဂါ ဖြစ်ပွားခြင်း
  • သွေးပေါင်တက်ခြင်း
  • မျိုးရိုးလိုက်ခြင်း
  • အသက်ကြီးခြင်း
  • နှလုံးရောဂါ ဖြစ်ပွားခြင်း
  • အဝလွန်ခြင်း
  • ဆေးလွန်သောက်ခြင်း
  • ကွမ်းစားခြင်း

ကျောက်ကပ်ရောဂါ ခံစားနေရကြောင်း သိရှိနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • မောပန်းနွမ်းနယ်ခြင်း
  • အာရုံစူးစိုက်ရခက်ခြင်း
  • အိပ်မပျော်ခြင်း
  • အစာစားချင်စိတ် မရှိခြင်း
  • ကြွက်သားများ နာကျင်ခြင်း
  • ခြေလက်များ ဖောယောင်ခြင်း
  • အသားအရေ ခြောက်သွေ့ခြင်း
  • မကြာခဏ ဆီးသွားခြင်း
  • မူးဝေခြင်း
  • အော့အန်ခြင်း

တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရပြီး သက်သာပျောက်ကင်းခြင်း မရှိဘူးဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ကုသသင့်ပါတယ်။

REF: HealthLineKidneyFund

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.