ဝိုင်နီသောက်သုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

  • 24 Sep, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

ဝိုင်နီကို တစ်နေ့ တစ်ခွက် ပုံမှန်သောက်သုံးပေးမယ်ဆိုရင် စိတ်ဖိစီးမှုတွေကို ပြေလျော့စေမှာ ဖြစ်သလို ညအခါမှာ သောက်သုံးပေးခြင်းဖြင့် မနက်ခင်း နိုးထလာတဲ့အခါမှာ လန်းဆန်းတက်ကြွနေစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အယ်လ်ကိုဟော ပါဝင်မှု ပမာဏ နည်းပါးတဲ့ ဝိုင်နီကို သောက်သုံးဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်နီကို တစ်နေ့တစ်ခွက် ပုံမှန်သောက်သုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိူးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ဝိုင်နီကို တစ်နေ့ တစ်ခွက် ပုံမှန်သောက်သုံးပေးမယ်ဆိုရင် စိတ်ဖိစီးမှုတွေကို ပြေလျော့စေမှာ ဖြစ်သလို ညအခါမှာ သောက်သုံးပေးခြင်းဖြင့် မနက်ခင်း နိုးထလာတဲ့အခါမှာ လန်းဆန်းတက်ကြွနေစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အယ်လ်ကိုဟော ပါဝင်မှု ပမာဏ နည်းပါးတဲ့ ဝိုင်နီကို သောက်သုံးဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်နီကို တစ်နေ့တစ်ခွက် ပုံမှန်သောက်သုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိူးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း

ဝိုင်နီမှာ ပါဝင်တဲ့ Resveratrol အန်နီအောက်ဆီဒန့် အနေနဲ့ ခန္ဓာကိုယ်အတွင်းမှ ကယ်လိုရီတွေကို လောင်ကျွမ်းစေမှာ ဖြစ်တာကြောင့် ညစဉ် ဝိုင်နီတစ်ခွက် သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အဆီပိုတွေကို လျော့ချပစ်နိုင်မှာ ဖြစ်ပါတယ်။

  • ဖျားနာမှုကို လျော့ချပေးခြင်း

ဝိုင်နီမှာ အန်တီအောက်ဆီဒန့်တွေ၊ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ဖျားနာခြင်းဝေဒနာ ခံစားရမှုကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝိုင်နီမှာ ပါဝင်တဲ့ အန်တီအောက်ဆီဒန့်တွေ အနေနဲ့ နှလုံးကျန်းမာရေးအတွက် လိုအပ်တဲ့ ကိုလက်စထရော ပမာဏကို မြှင့်တင်ပေးသွားမှာ ဖြစ်တဲ့အပြင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကိုလည်း မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။

  • နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

ဝိုင်နီမှာ ပါဝင်တဲ့ Resveratrol အန်တီအောက်ဆီဒန့် အနေနဲ့ နှလုံးကျန်းမာရေးကို ကောင်းမွန်စေဖို့ ကြီးမားတဲ့ အထောက်အကူတွေကို ပေးစွမ်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝိုင်နီမှာ ပါဝင်တဲ့ Tannin ဓာတ်အနေနဲ့ နှလုံးရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

  • အရိုးအဆစ်များကို သန်မာစေခြင်း

ညစဉ် ပုံမှန် ဝိုင်နီတစ်ခွက် သောက်သုံးပေးခြင်းဖြင့် အရိုးပွရောဂါ၊ အရိုးပါးရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝိုင်နီကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် အရိုးအဆစ်များကိုလည်း ကြံ့ခိုင်သန်စွမ်းစေမှာ ဖြစ်ပါတယ်။

  • ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း

ကျွန်တော်တို့ လူသားတွေ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်စွမ်းဆောင်ရည်လည်း တဖြည်းဖြည်းနဲ့ ကျဆင်းလာလေ့ ရှိပါတယ်။ တစ်နေ့ကို ဝိုင်နီတစ်ခွက် ပုံမှန်သောက်သုံးပေးခြင်းဖြင့် ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • အမြင်အာရုံကို ကောင်းမွန်စေခြင်း

လေ့လာတွေ့ရှိချက်တွေအရ တစ်နေ့ကို ဝိုင်နီတစ်ခွက် ပုံမှန်သောက်သုံးပေးခြင်းဖြင့် အမြင်အာရုံကို တိုးတက်ကောင်းမွန်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝိုင်နီကို သောက်သုံးပေးခြင်းကြောင့် အတွင်းတိမ် ဖြစ်ပွားမှုကိုလည်း လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

  • ကင်ဆာရောဂါဖြစ်ပွားနှုန်းကို လျော့ချပေးခြင်း

အရက်သောက်ခြင်းကြောင့် ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါပေမယ့် ဝိုင်နီမှာ ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ အန်တီအောက်ဆီဒန့်တွေ ပါဝင်ပါတယ်။ အမျိုးသမီးတွေနဲ့လည်း ညစဉ် ပုံမှန် ဝိုင်နီတစ်ခွက် သောက်သုံးပေးခြင်းဖြင့် သားအိမ်ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

REF: TheHealthy

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.