သွားပိုးစားခြင်းအကြောင်း သိထားသင့်တဲ့အချက်များ
- 24 Sep, 2019
- သွားနှင့်ခံတွင်း
သွားပိုးစားရောဂါ ဆိုတာကတော့ သွားတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အနာရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သွားပိုးစား ရောဂါဆိုတာ လူအများ ထင်ထားသလို သွားတွေကို ပိုးကောင်တွေ စားသွားခြင်းကြောင့် ဖြစ်ပွားရတာ မဟုတ်ပါဘူး။
သွားပိုးစားရောဂါ ဆိုတာကတော့ သွားတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အနာရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သွားပိုးစား ရောဂါဆိုတာ လူအများ ထင်ထားသလို သွားတွေကို ပိုးကောင်တွေ စားသွားခြင်းကြောင့် ဖြစ်ပွားရတာ မဟုတ်ပါဘူး။
သွားပိုးစားရောဂါ
ဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေကတော့ ကာဘိုဟိုက်ဒရိတ် လွန်ကဲတဲ့ အစားအစာတွေဖြစ်တဲ့
ပေါင်မုန့်၊ ကွေကာအုပ်၊ နို့၊ ဆိုဒါ၊ သကြားလုံး၊ ကိတ်မုန့်တို့ကို အလွန်အကျွံ စားသုံးပြီး
ပါးစပ်အတွင်းမှာ စားကြွင်းစားကျန်တွေ ကျန်ရှိနေခဲ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
အဲဒီအခါမှာ
ပါးစပ်အတွင်းမှာ တည်ရှိနေတဲ့ ဘက်တီးရီးယား ပိုးမွှားလေးတွေ အနေနဲ့ စားကြွင်းစားကျန်တွေကို
စားသောက်ပြီး အချဉ်ဖောက်လိုက်တဲ့အခါ အက်စစ်တွေ ထွက်ပေါ်လာလေ့ ရှိပါတယ်။ အချဉ်ပေါက်ပြီး
ထွက်ပေါ်လာတဲ့ အက်စစ်တွေ အနေနဲ့ သွားများကို တိုက်စားသွားခြင်းကြောင့် သွားပိုးစားရောဂါ
ဖြစ်ပွားလာရခြင်းပဲ ဖြစ်ပါတယ်။
သွားပိုးစား
ဝေဒနာကြောင့် ခံစားရနိုင်တဲ့ ရောဂါဝေဒနာများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- သွားနာခြင်း
- သွားကျဉ်ခြင်း
- သွားကိုက်ခြင်း
- သွားများတွင်
အပေါက်ဖြစ်ခြင်း
- သွားများတွင်
အညိုရောင်၊ အမဲရောင်၊ အဖြူရောင်များ ထင်ကျန်ခြင်း
- တစ်ခုခုဝါးလိုက်တာနဲ့
သွားများနာကျင်ခြင်း
တကယ်လို့ သင့်အနေနဲ့
အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း သက်သာလာခြင်း
မရှိဘူး ဆိုရင်တော့ အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက် ကုသသင့်ပါတယ်။
သွားပိုးစားခြင်းကို
ကာကွယ်နိုင်မယ့် နည်းလမ်းများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- တစ်နေ့ကို နှစ်ကြိမ်သွားတိုက်ပေးခြင်း
- ဖလိုရိုက် ပါဝင်တဲ့
သွားတိုက်ဆေး/ ပါးစပ်ဆေးရည်ကို အသုံးပြုခြင်း
- ကာဘိုဟိုက်ဒရိုက်
ပါဝင်တဲ့ အစားအစာများ အလွန်အကျွံ စားသုံးမှုကို ရှောင်ကြဉ်ခြင်း
- သွားကျန်းမာရေးအတွက်
ဖြည့်စွက်အားဆေးများ သုံးစွဲခြင်း
- အရည်ရွှမ်းသော
အသီးအနှံများ စားသုံးခြင်း
- အမျှင်ဓာတ်ပါဝင်သော
အစားအစာများ စားသုံးခြင်း
REF: WebMD, MayoClinic, Wikipedia