သွေးတွင်း အငံဓာတ်လွန်ကဲနေပြီဖြစ်ကြောင်း သိရှိနိုင်တဲ့အချက်များ

  • 24 Sep, 2019
  • အဖြစ်များသောရောဂါများ

အငံများတဲ့ အစားအစာတွေကို နေ့စဉ်ပုံမှန် စားသုံးမယ်ဆိုရင် သွေးတွင်းမှာ အငံဓာတ်လွန်ကဲလာမှာ အသေအချာပါပဲ။ သွေးတွင်း အငံဓာတ် လွန်ကဲခြင်းကြောင့် သွေးပေါင်တက်ခြင်း၊ ကျောက်ကပ်မှာ ကျောက်တည်ခြင်း၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းမှာ အငံဓာတ်လွန်ကဲနေကြောင်း သိရှိနိုင်မယ့် အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

အငံများတဲ့ အစားအစာတွေကို နေ့စဉ်ပုံမှန် စားသုံးမယ်ဆိုရင် သွေးတွင်းမှာ အငံဓာတ်လွန်ကဲလာမှာ အသေအချာပါပဲ။ သွေးတွင်း အငံဓာတ် လွန်ကဲခြင်းကြောင့် သွေးပေါင်တက်ခြင်း၊ ကျောက်ကပ်မှာ ကျောက်တည်ခြင်း၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းမှာ အငံဓာတ်လွန်ကဲနေကြောင်း သိရှိနိုင်မယ့် အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • လေးလံထိုင်းမှိုင်းခြင်း

သွေးတွင်း အငံဓာတ် လွန်ကဲနေခြင်းကြောင့် ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ သွေးတွင်း အငံဓာတ် လွန်ကဲနေခဲ့မယ်ဆိုရင် လေးလံထိုင်းမှိုင်းခြင်းကို ဖြစ်စေတဲ့အပြင် စိတ်ဖောက်ပြန်ခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။

  • မကြာခဏ ရေငတ်ခြင်း

သင့်အနေနဲ့ အငံဓာတ် လွန်ကဲတဲ့ အစားအစာတွေကို စားသုံးခြင်းကြောင့် မကြာခဏ ရေငတ်ခြင်းကို ခံစားဖူးမယ် ထင်ပါတယ်။ အငံဓာတ် အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှ ရေဓာတ်တွေကို ခမ်းခြောက်မှု ဖြစ်စေတာကြောင့် အခုလို မကြာခဏ ရေငတ်မှုကို ဖြစ်ပွားစေခြင်းကို ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ မကြာခဏ ရေငတ်ခြင်းကို ခံစားနေရတယ် ဆိုရင်တော့ သွေးတွင်း အငံဓာတ် များပြားနေခြင်း ရှိမရှိကို သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက် စမ်းသပ်သင့်ပါတယ်။

  • ချွေးထွက်လွန်ခြင်း

အငံဓာတ် လွန်ကဲတဲ့ အစားအစာတွေကို အလွန်အကျွံ စားသုံးမယ်ဆိုရင် ချွေးထွက်လွန်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် သွေးတွင်း အငံဓာတ် လွန်ကဲခြင်းကြောင့် ခြေလက်တွေ ဖောယောင်ခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ချွေးထွက်လွန်ခြင်း၊ ခြေလက်များ ဖောယောင်ခြင်းတို့ကို ခံစားနေရမယ် ဆိုရင်တော့ အငံဓာတ် လွန်ကဲတဲ့ အစားအစာတွေ စားသုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

  • ကျောက်ကပ်မှာ ကျောက်တည်ခြင်း

အငံဓာတ် လွန်ကဲတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးခြင်းကြောင့် ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ အငံဓာတ်များတဲ့ အစားအစာတွေကို စားသုံးခြင်းကြောင့် ဆီးထဲမှာ ပရိုတိန်းဓာတ် ပါဝင်မှု များပြားလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးထဲမှာ ပရိုတိန်းဓာတ် ပါဝင်မှု များပြားခြင်းကြောင့် ကျောက်ကပ်နဲ့ သက်ဆိုင်တဲ့ ရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

  • သွေးပေါင်တက်ခြင်း

လေ့လာတွေ့ရှိချက်တွေအရ အရွယ်ရောက်ပြီးသူတွေ အနေနဲ့ တစ်နေ့ကို ဆိုဒီယမ် ပမာဏ ၁၅၀၀ မီလီဂရမ်ထက် ပိုမိုပြီး စားသုံးဖို့ သင့်တော်ခြင်း မရှိဘူးလို့ သိရပါတယ်။ အငံဓာတ် လွန်ကဲတဲ့ အစားအစာတွေကို နေ့စဉ်ပုံမှန် စားသုံးခြင်းကြောင့် နှလုံးခုန်နှုန်းကို မြန်စေမှာဖြစ်တဲ့အပြင် သွေးပေါင်တက်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

  • အစာအိမ်ကင်ဆာဖြစ်ပွားခြင်း

အငံဓာတ် လွန်ကဲတဲ့ အစားအစာတွေကို စားသုံးခြင်းကြောင့် အစာအိမ်ကင်ဆာကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ဆိုဒီယမ်ဓာတ် လွန်ကဲခြင်းကြောင့် အစာအိမ် နံရံတွေကို ပျက်ဆီးစေပြီး အစာအိမ်နာခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။

REF: TheHealthy

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.