ဘရာစီယာ မဝတ်ခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ
- 23 Sep, 2019
- အမျိုးသမီးကျန်းမာရေး
ဘရာစီယာ ဝတ်ဆင်ခြင်း ယဉ်ကျေးမှုကို ဂရိခေတ်ထဲက စတင်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အရွယ်ရောက်နေပြီဖြစ်တဲ့ အမျိုးသမီး အများစု အနေနဲ့ ဘရာစီယာကို ဝတ်ဆင်နေကြပြီပဲ ဖြစ်ပါတယ်။
ဘရာစီယာ ဝတ်ဆင်ခြင်း
ယဉ်ကျေးမှုကို ဂရိခေတ်ထဲက စတင်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အရွယ်ရောက်နေပြီဖြစ်တဲ့
အမျိုးသမီး အများစု အနေနဲ့ ဘရာစီယာကို ဝတ်ဆင်နေကြပြီပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း
ဘရာစီယာ ဝတ်ဆင်ခြင်းထက် ဘရာစီယာ မဝတ်ဆင်ခြင်းက ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးပေါင်းများစွာကို
ရရှိနိုင်ပါတယ်။ ဒါကြောင့် ဘရာစီယာ မဝတ်ဆင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ
ဖြစ်ပါတယ်။
- သွေးလည်ပတ်မှုကို
ကောင်းမွန်စေခြင်း
အမျိုးသမီးတွေ
အနေနဲ့ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်လေ့ရှိကြပေမယ့် ရင်သားတွဲကျမှု မဖြစ်ပွားစေရန်အတွက် ဘရာစီယာ အကြပ်တွေကို ဝတ်ဆင်လေ့ ရှိကြပါတယ်။
ဒါပေမယ့် ဘရာအကြပ်တွေကို
ဝတ်ဆင်ခြင်းကြောင့် ရင်သားတစ်သျှူးတွေကို ညှစ်ထားသလို ဖြစ်သွားပြီး သွေးလည်ပတ်မှုမှာ
အနှောင့်အယှက်တွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် ဘရာမဝတ်ပဲ နေထိုင်ခြင်းဖြင့်
သွေးလည်ပတ်မှုကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
- ရင်သားကျန်းမာရေးကို
ကောင်းမွန်စေခြင်း
အမျိုးသမီး
အများစု အနေနဲ့ ဘရာဝတ်ဆင်ခြင်းက ရင်သားတွေကို တင်းတင်းရင်းရင်း ဖြစ်စေပြီး ဘရာဝတ်ဆင်ခြင်း
မရှိပါက ရင်သားတွေ တွဲကျနေမယ်လို့ ထင်မြင်ထားကြပါတယ်။
ဒါပေမယ့် ဘရာဝတ်ဆင်ခြင်းက
ရင်သားများ တင်းရင်းမှုအပေါ် လုံးဝ အကျိုးသက်ရောက်မှု မရှိပါဘူး။ ဒါ့အပြင် ဘရာမဝတ်ခြင်းကြောင့်
ရင်သားကြွက်သားတွေကို တင်းရင်းနေစေမှာဖြစ်ပြီး၊ ရင်သားတစ်ဝိုက် အသားအရေတွေကိုလည်း နူးညံ့ပျော့ပျောင်းစေမှာ
ဖြစ်ပါတယ်။
- ရင်သားအရွယ်အစား
ကြီးမားလာခြင်း
အချို့သော အမျိုးသမီးတွေ
အနေနဲ့ ရင်သားအရွယ်အစား ကြီးမားချင်တဲ့အတွက် Push-Up ဘရာတွေကို ဝတ်ဆင်လေ့ ရှိကြပါတယ်။
ဒါပေမယ့် ရင်သားအရွယ်အစား ကြီးမားစေဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းကတော့ ဘရာစီယာ မဝတ်ဆင်ပဲ
နေထိုင်ခြင်းပဲ ဖြစ်ပါတယ်။
- သက်တောင့်သက်သာရှိခြင်း
တစ်နေကုန် ဘရာစီယာ
ဝတ်ဆင်ထားတဲ့ အခါမှာ ရင်သားတစ်ဝိုက် နာကျင်ခြင်း၊ ယားယံခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဒါကြောင့် ဘရာမဝတ်ပဲ နေထိုင်ခြင်းဖြင့် အဆိုပါ ရောဂါတွေ ဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင်မှာ
ဖြစ်တဲ့အပြင် ရင်သားမှာအကျိတ်ဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ပွားခြင်းစတဲ့ ရောဂါတွေ ဖြစ်ပွားမှုကိုလည်း
လျော့ချနိုင်မှာ ဖြစ်ပါတယ်။
- နှစ်ခြိုက်စွာ
အိပ်ပျော်စေခြင်း
ဒါ့အပြင် ညအခါမှာ
ဘရာမဝတ်ပဲ အိပ်စက်မယ်ဆိုရင် သွေးဖိအားကို ကောင်းမွန်စေတာကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်စေမှာ
ဖြစ်ပါတယ်။
REF: BrightSide
