လျှာကင်ဆာအကြောင်း သိကောင်းစရာ အချက်များ
- 23 Sep, 2019
- သွားနှင့်ခံတွင်း
လျှာကင်ဆာဆိုတာကတော့ ပါးစပ်မှာ ဖြစ်ပွားလေ့ရှိတဲ့ ကင်ဆာ မျိုးနွယ်ဝင်တွေထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ လျှာကင်ဆာ ဖြစ်ပွားတဲ့အခါမှာ အခြားကင်ဆာရောဂါတွေလိုပဲ လျှာပေါ်မှာ ကင်ဆာဆဲလ်တွေ ပြန့်ပွားလာလေ့ ရှိပါတယ်။ လျှာကင်ဆာရောဂါ ခံစားနေရတဲ့အခါမှာ လျှာပေါ်မှာ အနာတွေဖြစ်ပွားခြင်း၊ အဖုအပိမ့်များထွက်ပေါ်ခြင်းကို ခံစားရလေ့ရှိပါတယ်။
လျှာကင်ဆာဆိုတာကတော့
ပါးစပ်မှာ ဖြစ်ပွားလေ့ရှိတဲ့ ကင်ဆာ မျိုးနွယ်ဝင်တွေထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။
လျှာကင်ဆာ ဖြစ်ပွားတဲ့အခါမှာ အခြားကင်ဆာရောဂါတွေလိုပဲ လျှာပေါ်မှာ ကင်ဆာဆဲလ်တွေ ပြန့်ပွားလာလေ့
ရှိပါတယ်။ လျှာကင်ဆာရောဂါ ခံစားနေရတဲ့အခါမှာ လျှာပေါ်မှာ အနာတွေဖြစ်ပွားခြင်း၊ အဖုအပိမ့်များထွက်ပေါ်ခြင်းကို
ခံစားရလေ့ရှိပါတယ်။
လျှာကင်ဆာကို
စတင်ခံစားရတဲ့အခါမှာ :
- လျှာပေါ်မှာ
အနာတွေ/ အဖုအပိမ့်တွေထွက်ပေါ်ခြင်း
- လျှာပေါ်မှာ
အနီစက်များထွက်ခြင်း
- လျှာပေါ်မှသွေးစိမ့်ထွက်ခြင်း
- အသံပြောင်းလဲသွားခြင်း
- သွားကျိုးလွယ်ခြင်း
- ဇက်ကြောများနာကျင်ခြင်း
- အစားအစာမြိုရခက်ခြင်းတို့ကို
ဖြစ်ပွားစေနိုင်ပါတယ်။
တကယ်လို့ သင့်လျှာပေါ်မှာ
အဖုအပိမ့်တွေ/ အနာတွေ ဖြစ်ပွားနေပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း သက်သာသွားခြင်း မရှိဘူးဆိုရင်တော့
သက်ဆိုင်ရာဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။
လျှာကင်ဆာကို
အဓိကဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ Human Papillomavirus (HPV) ဗိုင်းရပ်ကြောင့်ပဲ
ဖြစ်ပါတယ်။ HPV ဗိုင်းရပ်ကြောင့် သားအိမ်ခေါင်းကင်ဆာ၊ လိင်တံကင်ဆာ၊ စအိုကင်ဆာတို့ကိုလည်း
ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် :
- ဆေးလိပ်နဲ့ဆေးရွက်ကြီးသုံးစွဲခြင်း
- ကွမ်းစားခြင်း
- အရက်သေစာသောက်သုံးခြင်း
- သွားသန့်ရှင်းရေးကို
ဂရုမစိုက်ခြင်း
- အနီရောင်အသားများ
အလွန်အကျွံစားသုံးခြင်း
- မျိုးရိုးလိုက်ခြင်းတို့ကြောင့်လည်း
လျှာကင်ဆာကို ဖြစ်ပွားစေနိုင်ပါတယ်။
ဒါ့အပြင် လျှာကင်ဆာရောဂါကို အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုမိုမြင်တွေ့ရလေ့ရှိပြီး အသက် (၅၅) နှစ်အထက် ပုဂ္ဂိုလ်တွေမှာ ပိုမိုဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။
လျှာကင်ဆာရောဂါဖြစ်ပွားမှုကို
အလွယ်တကူနဲ့တော့ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့
ရောဂါလက္ခဏာတွေကို ခံစားနေရပြီ ဆိုတာနဲ့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသခဲ့မယ်
ဆိုရင်တော့ လျှာကင်ဆာရောဂါကို အလွယ်တကူ ကုသနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် :
- ဆေးလိပ်ဖြတ်ခြင်း
- ကွမ်းဖြတ်ခြင်း
- ဆေးရွက်ကြီးသုံးစွဲမှုကို
လျော့ချခြင်း
- အရက်သောက်သုံးမှုကို
လျော့ချခြင်း
- အသီးအနှံများ
စားသုံးပေးခြင်း
- သွားပုံမှန်တိုက်ပေးခြင်း
- HPV ကာကွယ်ဆေး
သွင်းခြင်း
- ပါးစပ်နဲ့လိင်ဆက်ဆံခြင်းတို့ကို ရှောင်ကြဉ်ခဲ့မယ် ဆိုရင်တော့ လျှာကင်ဆာဖြစ်ပွားမှုကို
ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
REF: MedicalNewsToday, HealthLine, WebMD