မိခင်များ နို့ထွက်အားကောင်းစေဖို့ စားသုံးသင့်တဲ့ အစားအစာများ
- 23 Sep, 2019
- အမျိုးသမီးကျန်းမာရေး
မွေးကင်းစ ကလေးငယ်တွေကို နို့ရည်လုံလောက်စွာ တိုက်ကျွေးနိုင်ရန် မိခင်တွေ အနေနဲ့ နို့ရည်ထုတ်နိုင်လွှတ်ဖို့အတွက် ကယ်လိုရီတွေ၊ ပရိုတိန်းတွေနဲ့ အာဟာရဓာတ်များစွာ လိုအပ်ပါတယ်။ ဒါကြောင့် မိခင်တွေ နို့ထွက်အားကောင်းစေဖို့အတွက် စားသုံးသင့်တဲ့ အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
မွေးကင်းစ ကလေးငယ်တွေကို
နို့ရည်လုံလောက်စွာ တိုက်ကျွေးနိုင်ရန် မိခင်တွေ အနေနဲ့ နို့ရည်ထုတ်နိုင်လွှတ်ဖို့အတွက် ကယ်လိုရီတွေ၊
ပရိုတိန်းတွေနဲ့ အာဟာရဓာတ်များစွာ လိုအပ်ပါတယ်။ ဒါကြောင့် နနို့တိုက်မိခင်တွေ နို့ထွက်အားကောင်းစေဖို့အတွက်
စားသုံးသင့်တဲ့ အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
- ထောပတ်သီး
ထောပတ်သီးမှာ
နို့တိုက်မိခင်တွေ အတွက် လိုအပ်တဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ထောပတ်သီးမှာ ကျန်းမာရေးအတွက်
ကောင်းမွန်စေတဲ့ အဆီဓာတ် ၈၀ ရာခိုင်နှုန်း ပါဝင်ပြီး ဗီတာမင် B၊ ဗီတာမင် K၊ ဖိုလိတ်အက်စစ်၊
ပိုတက်ဆီယမ်၊ ဗီတာမင် C၊ ဗီတာမင် E တို့ပါဝင်တာကြောင့် နို့တိုက်မိခင်တွေမှာ နို့ထွက်အား ပိုမိုကောင်းစေမှာ
ဖြစ်ပါတယ်။
- အစေ့များ
သစ်စေ့တွေမှာ
အာဟာရဓာတ်များစွာ ပါဝင်တဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ သံဓာတ်၊
ကယ်ဆီယမ်၊ ဇင့်ဓာတ်တို့လည်း ပါဝင်ပါတယ်။ သစ်စေ့တွေမှာ ဗီတာမင် K နဲ့ ဗီတာမင် B တို့ပါဝင်ပြီး
ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ဖက်တီးအက်စစ်နဲ့ ပရိုတိန်းတို့ ပါဝင်ပါတယ်။ ဒါ့အပြင်
သစ်စေ့တွေမှာ မိခင်တွေကို နို့ထွက်အားကောင်းစေတဲ့ အာဟာရဓာတ်ပေါင်းများစွာ ပါဝင်ပါတယ်။
- ပဲများ
ပဲတွေမှာ ပရိုတိန်း၊
ဗီတာမင်၊ သတ္တုဓာတ်နဲ့ Phytoestrogen တို့ပါဝင်ပါတယ်။ ကုလားပဲမှာ Galactagogue ပါဝင်တာကြောင့်
နို့ထွက်အားကောင်းစေမှာ ဖြစ်တဲ့အပြင် ပဲပုပ်မှာလည်း Phytoestrogen ဒြပ်ပေါင်းကြွယ်ဝစွာ ပါဝင်တာကြောင့်
အမျိုးသမီးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ရင်သားကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပဲများကို စားသုံးခြင်းကြောင့် နို့တိုက်မိခင်တွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေမှာ
ဖြစ်တဲ့အပြင် နို့ထွက်အားကိုလည်း ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။
- ကြက်သွန်
ကြက်သွန်ကို
စားသုံးခြင်းကြောင့် အချို့သော နို့တိုက်မိခင်တွေမှာ နို့ထွက်အား ပိုမိုကောင်းမွန်စေမှာ
ဖြစ်ပါတယ်။ ဒါပေမယ့် ကြက်သွန်တွေကို အလွန်အကျွံ စားသုံးခြင်းကြောင့် မိခင်နို့ရည်မှာ
အနံ့ဆိုးကို ထွက်စေနိုင်တာကြောင့် အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
- ပရိုတိန်း ကြွယ်ဝစွာ
ပါဝင်သော အစားအစာများ
နို့တိုက်မိခင်တွေမှာ
နို့ထွက်အားကောင်းစေဖို့အတွက် ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်ပုံမှန်
စားသုံးသင့်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ နို့တိုက်မိခင်တွေ အနေနဲ့ တစ်နေ့ကို ပရိုတိန်း
၂၅ ဂရမ်ခန့် ပါဝင်တဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။ ဒါကြောင့် ပရိုတိန်းဓာတ် ကြွယ်ဝစွာ
ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ အသားငါး၊ ကြက်ဥ၊ ပဲ၊ တိုဟူး၊ အစေ့တို့ကို နေ့စဉ်ပုံမှန်
စားသုံးသင့်ပါတယ်။
- ရေ
နို့တိုက်မိခင်တွေ
အနေနဲ့ အဓိက သတိထားရမယ့် အချက်ကတော့ ရေဓာတ်ခမ်းခြောက်သွားခြင်းပဲ ဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်
နို့တိုက်မိခင်တွေမှာ နို့ထွက်အားကျဆင်းခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေ
အနေနဲ့ သစ်သီးဖျော်ရည်တွေ၊ နို့တွေ၊ ရေတွေကို လုံလောက်စွာ သောက်သုံးပေးသင့်ပါတယ်။
- ဂျုံယာဂု
(Oatmeal)
Oatmeal
ဆိုတာကတော့ နို့ထွက်အားကို ကောင်းမွန်စေတဲ့ အစားအစာတွေထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် Oatmeal မှာ နို့ထွက်မိခင်တွေ အတွက် လိုအပ်တဲ့ အမျှင်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်တို့ ပါဝင်ပါတယ်။
REF: Parents, MedicalNewsToday