ဝမ်းချုပ်ဝေဒနာကို အလွယ်တကူ သက်သာစေမယ့် နည်းလမ်းများ

  • 23 Sep, 2019
  • အဖြစ်များသောရောဂါများ

ဝမ်းချုပ်ခြင်းကို အဓိက ဖြစ်ပွားစေရတဲ့ အကြောင်းအရင်းကတော့ ခန္ဓာကိုယ်အတွင်းမှာ တည်ရှိနေတဲ့ အူတွေရဲ့ လှုပ်ရှားမှု နည်းပါးတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်း အမျှင်ဓာတ်နည်းပါးခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်း၊ သွားလာလှုပ်ရှားမှုမရှိခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အူမကြီးကင်ဆာ ဖြစ်ပွားခြင်းတို့ကြောင့်လည်း ဝမ်းချုပ်ဝေဒနာကို ဖြစ်ပွားစေနိုင်တဲ့အပြင် ဝမ်းချုပ်ခြင်းကြောင့် ဗိုက်အောင့်တာတွေ၊ နေထိုင်မကောင်းတာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်ဝေဒနာကို အလွယ်တကူ သက်သာစေမယ့် နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • ပျားသံပုရာသောက်သုံးပေးပါ

သံပုရာဖျော်ရည်အထဲကို ပျားရည်အနည်းငယ် ထည့်သွင်းပြီး သောက်သုံးပေးခြင်းဖြင့် ဝမ်းချုပ်ဝေဒနာကို သက်သာပျောက်ကင်းစေမှာပဲ ဖြစ်ပါတယ်။ ပျားရည်မှာ Laxative ဓာတ်ပါဝင်တာကြောင့် အစာချေစနစ်ကို အထောက်အကူ ပေးမှာဖြစ်တဲ့အပြင် သံပုရာရည်ရဲ့ အချဉ်ဓာတ်ကိုလည်း ထိန်းညှိပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သံပုရာသီး အနေနဲ့လည်း ခန္ဓာကိုယ်အတွင်းမှ အဆိပ်တွေကို ချေဖျက်ပေးနိုင်ပြီး အစာချေစနစ် အထောက်အကူ ပေးနိုင်တာကြောင့် ဝမ်းချုပ်ဝေဒနာ ခံစားနေရခြင်းကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

  • ရေများများသောက်သုံးပေးပါ

အမျိုးသားတွေ အနေနဲ့ တစ်နေ့ကို ရေလီတာ ၃.၇ လီတာခန့် သောက်သုံးပေးသင့်ပြီး အမျိုးသမီးတွေ အနေနဲ့ တစ်နေ့ကို ရေလီတာ ၂.၇ လီတာခန့် သောက်သုံးပေးသင့်ပါတယ်။ ဝမ်းချုပ်ခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ ရေဓာတ်နည်းပါးခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ရေများများ သောက်သုံးပေးခြင်းကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေမှာဖြစ်ပြီး ဝမ်းအပျော့သွားစေမှာ ဖြစ်ပါတယ်။

  • အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားသုံးပေးပါ

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးခြင်းကြောင့် ဝမ်းချုပ်ဝေဒနာ ခံစားရခြင်းကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဝမ်းချုပ်ဝေဒနာ ခံစားရခြင်းကို ကာကွယ်နိုင်စေဖို့အတွက် တစ်နေ့ကို အမျှင်ဓာတ် ပါဝင်တဲ့ အသီးအနှံ ၂၀ ဂရမ်ကနေ ၃၅ ဂရမ်ကြား စားသုံးပေးသင့်ပါတယ်။

  • သစ်သီးခြောက်များ စားသုံးပေးပါ

သစ်သီးခြောက်တွေမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ဝမ်းပိတ်ခြင်းကို ဟန့်တားပေးနိုင်မယ့် Sorbitol၊ ဝမ်းပျော့စေတဲ့ သကြားဓာတ်တို့ ပါဝင်ပါတယ်။ သစ်သီးခြောက်တွေ စားသုံးရတာကို နှစ်သက်ခြင်း မရှိဘူး ဆိုရင်လည်း သစ်သီးဖျော်ရည် သောက်သုံးပေးခြင်းဖြင့် ဝမ်းပိတ်ဝေဒနာကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ဒိန်ချဉ်စားသုံးပေးပါ

နို့နှင့်နို့ထွက်ပစ္စည်းတွေ စားသုံးခြင်းကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါပေမယ့် ဒိန်ချဉ်မှာ အကျိုးပြုအဏှဇီဝတွေ (Probiotics) ပါဝင်ခြင်းကြောင့် ဝမ်းချုပ်ဝေဒနာကို သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒိန်ချဉ် စားသုံးခြင်းကြောင့် အရိုးကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ခန္ဓာကိုယ် ခုခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ သွေးပေါင်ချိန်ကို လျော့ချပေးခြင်းစတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။

REF: Brightside

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.