ဝတ်လစ်စားလစ် အိပ်စက်ခြင်းရဲ့ ကောင်းကျိုးများ

  • 19 Sep, 2019
  • ကျန်းမာသောနေထိုင်မှုပုံစံ

ကျွန်တော်တို့တွေ အိပ်စက်တဲ့အခါမှာ သက်တောင့်သက်သာ အိပ်စက်အနားယူနိုင်ဖို့ အတွက် ညအိပ်ဝတ်စုံတွေ၊ အင်္ကျီဘောင်းဘီ အပွကြီးတွေ၊ အတွင်းခံဘောင်းဘီတွေ ဝတ်ဆင်ပြီး အိပ်စက်အနားယူလေ့ ရှိကြပါတယ်။ ဒါပေမယ့် အဝတ်အစားတွေ ဝတ်ဆင်ပြီး အိပ်စက်ခြင်းထက် ဝတ်လစ်စားလစ် အိပ်စက်ခြင်းက ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ပိုမိုရရှိနိုင်ပါတယ်။ ဒါကြောင့် ဝတ်လစ်စားလစ် အိပ်စက်ခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့တွေ အိပ်စက်တဲ့အခါမှာ သက်တောင့်သက်သာ အိပ်စက်အနားယူနိုင်ဖို့ အတွက် ညအိပ်ဝတ်စုံတွေ၊ အင်္ကျီဘောင်းဘီ အပွကြီးတွေ၊ အတွင်းခံဘောင်းဘီတွေ ဝတ်ဆင်ပြီး အိပ်စက်အနားယူလေ့ ရှိကြပါတယ်။ ဒါပေမယ့် အဝတ်အစားတွေ ဝတ်ဆင်ပြီး အိပ်စက်ခြင်းထက် ဝတ်လစ်စားလစ် အိပ်စက်ခြင်းက ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ပိုမိုရရှိနိုင်ပါတယ်။ ဒါကြောင့် ဝတ်လစ်စားလစ် အိပ်စက်ခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း

ဝတ်လစ်စားလစ် အိပ်စက်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ အပူချိန်ကို လျော့ချပေးသွားမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ် အပူချိန်ကျသွားခြင်းကြောင့် အလျင်အမြန် အိပ်ပျော်စေမှာ ဖြစ်သလို နှစ်ခြိုက်စွာလည်း အိပ်ပျော်စေမှာ ဖြစ်ပါတယ်။ တကယ်လို့ ကောင်းမွန်စွာ အိပ်စက်အနားယူခွင့် မရခဲ့ဘူးဆိုရင် အဝလွန်ခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်း၊ ဆီးချိုရောဂါဖြစ်ပွားခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်း၊ သွေးပေါင်ချိန်တက်ခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။

  • ကိုယ့်ကိုယ်ကိုယုံကြည်မှု တိုးပွားလာခြင်း

ဝတ်လစ်စားလစ် အိပ်စက်ခြင်းကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်မားခြင်း၊ ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး ယုံကြည်မှု တိုးပွားလာခြင်း၊ ချစ်တင်းနှောရာမှာ တက်ကြွလာစေခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။

  • အသားအရေကို ချောမွေ့လှပစေခြင်း

ဝတ်လစ်စားလစ် အိပ်စက်ခြင်းကြောင့် အသားအရေကို ချောမွေ့လှပစေမှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ခန္ဓာကိုယ် အရေပြားမှာ ဒဏ်ရာအနာတရတွေ ဖြစ်ခဲ့မယ်ဆိုရင် အလျင်အမြန် သက်သာပျောက်ကင်းစေမှာ ဖြစ်တယ်လို့ သိရပါတယ်။

  • ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

လေ့လာတွေ့ရှိချက်တွေအရ ဝတ်လစ်စားလစ် အိပ်စက်ခြင်းကြောင့် ရောဂါဖြစ်ပွားမှုတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ တစ်နေ့ကို ၆ နာခရီခန့် ဝတ်လစ်စားလစ် အိပ်စက်ပေးခြင်းဖြင့် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ဝေဒနာ ခံစားရမှုတွေကို သိသိသာသာ လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

  • စိတ်ဖိစီးမှုကို လျော့ချခြင်း

ဝတ်လစ်စားလစ် အိပ်စက်ခြင်းရဲ့ နောက်ထပ် ကောင်းကျိုးတစ်ခုကတော့ စိတ်ဖိစီးမှုတွေကို လျော့ချပေးခြင်းပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် နှလုံးရောဂါကို ဖြစ်ပွားစေပြီး အဝလွန်ခြင်းကို ဖြစ်ပွားစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို ကျဆင်းစေတာကြောင့် ညအခါတွေမှာ ဝတ်လစ်စားလစ် အိပ်စက်အနားယူသင့်ပါတယ်။

  • ကယ်လိုရီများကို လောင်ကျွမ်းစေခြင်း

ဝတ်လစ်စားလစ် အိပ်စက်တဲ့အခါမှာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အပူချိန် လျော့ကျသွားလေ့ ရှိပါတယ်။ ဝတ်လစ်စားလစ် အိပ်စက်ခြင်းကြောင့် ခန္ဓာကိုယ် အပူချိန်ကျသွားတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ဇီဝဗေဒဖြစ်စဉ် မြန်လာပြီး ခန္ဓာကိုယ် အပူချိန်ပြန်တက်လာအောင် လုပ်ဆောင်ခြင်းကြောင့် ကယ်လိုရီများကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ် အလေးချိန်ကို လျော့ကျစေမှာ ဖြစ်ပါတယ်။

REF: MedicalNewsTodayTheGoodBody

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.