အသီးအနှံ အလွန်အကျွံ စားသုံးခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ
- 19 Sep, 2019
- သဘာဝအစားအစာနှင့်ကျန်းမာရေး
အသီးအနှံတွေကို နေ့စဉ်ပုံမှန် စားသုံးခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာကို ခံစားရရှိနိုင်မှန်း လူတိုင်းသိထားကြမယ် ထင်ပါတယ်။ အသီးအနှံတွေမှာ ကျွန်တော်တို့ ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ အန်တီအောက်ဆီဒန့်တွေ၊ အမျှင်ဓာတ်တွေ၊ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
အသီးအနှံတွေကို
နေ့စဉ်ပုံမှန် စားသုံးခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာကို ခံစားရရှိနိုင်မှန်း
လူတိုင်းသိထားကြမယ် ထင်ပါတယ်။ အသီးအနှံတွေမှာ ကျွန်တော်တို့ ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့
အန်တီအောက်ဆီဒန့်တွေ၊ အမျှင်ဓာတ်တွေ၊ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
ဒါပေမယ့်
အသီးအနှံတွေကို အလွန်အကျွံ စားသုံးမယ် ဆိုရင်လည်း ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို
ခံစားရနိုင်ပါတယ်။ ဒီတော့ အသီးအနှံ စားသုံးခြင်းရဲ့ ဆိုးကျိုးတွေကို လေ့လာကြည့်လိုက်ရအောင်။
- ခန္ဓာကိုယ်
အလေးချိန် မြင့်တက်ခြင်း
အသီးအနှံ
စားသုံးခြင်းကြောင့် ခန္ဓာကိုယ် အတွင်းမှ အဆီပိုတွေကို လျော့ကျစေမှာ ဖြစ်ပေမယ့် အသီးအနှံတွေကို
အလွန်အကျွံ စားသုံးမယ် ဆိုရင်တော့ အသီးအနှံတွေမှာ ပါဝင်တဲ့ သကြားဓာတ်ကြောင့် ခန္ဓာကိုယ်
အလေးချိန် မြင့်တက်လာစေမှာပဲ ဖြစ်ပါတယ်။
- ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
အသီးအနှံတွေမှာ
ပါဝင်တဲ့ Fructose သကြားဓာတ်ကြောင့် ရင်ပြည့်ရင်ကယ် ဝေဒနာကို ခံစားရစေနိုင်ပါတယ်။ ကျွန်တော်တို့
ခန္ဓာကိုယ်ရဲ့ အစာချေစနစ် အနေနဲ့ အသီးအနှံတွေမှာ ပါဝင်တဲ့ Fructose သကြားဓာတ်ကို ချေဖျက်ဖို့
အတွက် အချိန်ကြာမြင့်စွာ လိုအပ်တာကြောင့် ရင်ပြည့်ရင်ကယ် ဝေဒနာကို ဖြစ်ပွားစေခြင်းပဲ
ဖြစ်ပါတယ်။
- ဝမ်းပျက်ခြင်း
တကယ်လို့
အသီးအနှံတွေ အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် ဝမ်းပျက်ခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။
အသီးအနှံတွေမှာ ရေဓာတ်ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် ဝမ်းအရည်များသွားခြင်း/ ဝမ်းပျက်ခြင်းတို့ကို
ခံစားရခြင်းပဲ ဖြစ်ပါတယ်။
- အူလမ်းကြောင်းလှုပ်ရှားမှု
မူမမှန်သောရောဂါ (IBS)
အူလမ်းကြောင်းလှုပ်ရှားမှု
မူမမှန်တဲ့ရောဂါ (IBS) ဆိုတာကတော့ အစာချေစနစ်မှာ ဖြစ်ပွားလေ့ရှိတဲ့ နာတာရှည် ရောဂါတစ်မျိုးပဲ
ဖြစ်ပါတယ်။ တကယ်လို့ အသီးအနှံတွေ အလွန်အကျွံ စားသုံးမယ်ဆိုရင် IBS ဝေဒနာကို ခံစားရစေနိုင်ပါတယ်။
IBS ဝေဒနာကို ခံစားနေရကြောင်း သိရှိနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ မောပန်းနွမ်းနယ်ခြင်း၊
အကြောအဆစ်တွေ ထုံကျင်ကိုက်ခဲ့ခြင်း၊ မကြာခဏ လေလည်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းတို့ပဲ
ဖြစ်ပါတယ်။
- ဝမ်းချုပ်ခြင်း
အသီးအနှံတွေ
အလွန်အကျွံ စားသုံးခြင်းကြောင့် ဝမ်းပျက်ခြင်းကို ဖြစ်ပွားစေနိုင်သလို ဝမ်းချုပ်ခြင်းကိုလည်း
ဖြစ်ပွားစေနိုင်ပါတယ်။ အထူးသဖြင့် မမှည့်သေးတဲ့ အသီးအနှံတွေမှာ အမျှင်ဓာတ် ကြွယ်ဝစွာ
ပါဝင်တဲ့အပြင် ရေဓာတ် ပါဝင်မှု နည်းပါးတာကြောင့် ဝမ်းချုပ်ခြင်းကို ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။
- သကြားစားချင်စိတ်ဖြစ်ခြင်း
အသီးအနှံတွေမှာ
ပါဝင်တဲ့ Fructose သကြားဓာတ်ကြောင့် မကြာခဏ သကြားစားချင်စိတ်ကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
သကြားပါဝင်တဲ့ အသီးအနှံတွေ၊ အစားအစာတွေ အလွန်အကျွံစားသုံးမယ်ဆိုရင် နှလုံးရောဂါ၊ နှလုံးဖောက်ခြင်း၊
လေဖြတ်ခြင်း၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါတွေကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
REF: HealthyBuilder