အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းရဲ့ အကြောင်းအရင်းများ
- 19 Sep, 2019
- အဖြစ်များသောရောဂါများ
အရိုးအဆစ်တွေ ကိုက်ခဲခြင်းကို လူကြီးလူငယ်မရွေး ခံစားဖူးကြမှာပါ။ ကျွန်တော်တို့တွေ ဖျားနာတဲ့အခါမှာ၊ ထိခိုက်ဒဏ်ရာရတဲ့အခါမှာ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲမှုကို ဖြစ်စေသလို ဂေါက်ရောဂါကို ခံစားနေရတဲ့ အခါမှာလည်း အရိုးအဆစ်တွေ နာကျင်ကိုက်ခဲမှုကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် အရိုးအဆစ်တွေ နာကျင်ကိုက်ခဲစေတဲ့ အခြား အကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။ ဒီတော့ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲခြင်းရဲ့ အကြောင်းအရင်းကို တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်
အရိုးအဆစ်တွေ
ကိုက်ခဲခြင်းကို လူကြီးလူငယ်မရွေး ခံစားဖူးကြမှာပါ။ ကျွန်တော်တို့တွေ ဖျားနာတဲ့အခါမှာ၊
ထိခိုက်ဒဏ်ရာရတဲ့အခါမှာ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲမှုကို ဖြစ်စေသလို ဂေါက်ရောဂါကို
ခံစားနေရတဲ့ အခါမှာလည်း အရိုးအဆစ်တွေ နာကျင်ကိုက်ခဲမှုကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင်
အရိုးအဆစ်တွေ နာကျင်ကိုက်ခဲစေတဲ့ အခြား အကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။ ဒီတော့ အရိုးအဆစ်တွေ
နာကျင်ကိုက်ခဲခြင်းရဲ့ အကြောင်းအရင်းကို တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်။
- ခန္ဓာကိုယ်တွင်း
ဗီတာမင် D ပမာဏ နည်းပါးခြင်း
ဗီတာမင်
D အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အရိုးအဆစ်တွေ ကျန်းမာသန်စွမ်းစေဖို့ ကြီးမားတဲ့
အထောက်အကူပေးလျက် ရှိပါတယ်။ ဒါ့အပြင် ဗီတာမင် D အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ် အတွက်
လိုအပ်တဲ့ ကယ်ဆီယမ်ဓာတ်ကို စုပ်ယူရာမှာ အထောက်အကူပေးလျက် ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်း
ဗီတာမင် D ပမာဏ နည်းပါးခဲ့မယ်ဆိုရင် အရိုးအဆစ်တွေ နာကျင်ကိုက်ခဲခြင်းကို ခံစားရနိုင်ပါတယ်။
- အရက်အလွန်အကျွံသောက်သုံးခြင်း
အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့်
ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးပေါင်း များစွာကို ခံစားရစေနိုင်ပါတယ်။
အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေ ဖြစ်ပွားစေပြီး
အရိုးအဆစ်တွေ ယောင်ယမ်းခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
- စိတ်ဖိဆီးမှုများခြင်း
အရက်အလွန်အကျွံ
သောက်သုံးခြင်းလိုပဲ စိတ်ဖိဆီးမှုတွေ များနေခဲ့မယ်ဆိုရင်လည်း အရိုးအဆစ်တွေ နာကျင်ကိုက်ခဲခြင်းကို
ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိဆီးမှုများခြင်းကြောင့် အရိုးအဆစ်တွေ နာကျင်ကိုက်ခဲခြင်းအပြင်
ခေါင်းကိုက်ခြင်း၊ ကြွက်သားများ ထုံကျင်ကိုက်ခဲခြင်းတို့ကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။
- အဝလွန်ခြင်း
ဒါ့အပြင်
အဝလွန်ခြင်းကြောင့်လည်း အရိုးအဆစ်တွေ နာကျင်ကိုက်ခဲခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
အဝလွန်ခြင်းကြောင့် ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အဆီပိုတွေကို အရိုးအဆစ်တွေ အနေနဲ့ ထိန်းပေးထားရတာကြောင့်
အရိုးအဆစ်တွေ နာကျင်ကိုက်ခဲခြင်းကို ဖြစ်ပွားစေတာပဲ ဖြစ်ပါတယ်။
- ရေဓာတ်ဆုံးရှုံးခြင်း
ရေဓာတ်ဆုံးရှုံးခြင်းကြောင့်
အသားအရေ ခြောက်သွေ့မှုခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းပျက်ခြင်း၊ အော့အန်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ကို
ဖြစ်ပွားစေနိုင်သလို အရိုးအဆစ်တွေ နာကျင်ကိုက်ခဲခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။
ဒါကြောင့် ရေဓာတ်ခမ်းခြောက်ခြင်း မရှိအောင် အရည်ရွှမ်းတဲ့အသီးအနှံတွေ၊ ဖျော်ရည်တွေနဲ့ ရေကို ပုံမှန်သောက်သုံးပေးသင့်ပါတယ်။
- အထိုင်များခြင်း
တကယ်လို့
သင့်အနေနဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဆောင်ခြင်း မရှိတဲ့အပြင် အထိုင်များခဲ့မယ် ဆိုရင်လည်း
အရိုးအဆစ်တွေ နာကျင်ကိုက်ခဲခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ အထိုင်များခြင်းကြောင့်
အရိုးအဆစ်တွေ နာကျင်ကိုက်ခဲခြင်းကို ဖြစ်ပွားစေတဲ့အပြင် ကြွက်သားများ ထုံကြင်ကိုက်ခဲခြင်းကိုလည်း
ဖြစ်ပွားစေနိုင်ပါတယ်။
REF: HealthyBuilder
