နေရောင်ခြည်အလုံအလောက်မရရှိခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ
- 18 Sep, 2019
- ကျန်းမာသောနေထိုင်မှုပုံစံ
နေရောင်ခြည်ဓာတ် လွန်ကဲခြင်းကြောင့် အရေပြားကင်ဆာ၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ရေဓာတ် ခမ်းခြောက်ခြင်း၊ ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အရေပြား ယားယံခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
နေရောင်ခြည်ဓာတ်
လွန်ကဲခြင်းကြောင့် အရေပြားကင်ဆာ၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ရေဓာတ် ခမ်းခြောက်ခြင်း၊
ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အရေပြား
ယားယံခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဒါပေမယ့်
နေရောင်ခြည် အလုံအလောက် မရရှိဘူး ဆိုရင်လည်း ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို
ခံစားရနိုင်ပါတယ်။ ဒီတော့ နေရောင်ခြည် အလုံအလောက် မရရှိခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို
တစ်ချက်လောက် လေ့လာကြည့်ရအောင်။
- ကင်ဆာရောဂါများ
ဖြစ်ပွားစေခြင်း
နေရောင်ခြည်ဓာတ်
လွန်ကဲခြင်းကြောင့် အရေပြားကင်ဆာ ဖြစ်ပွားစေနိုင်သလို နေရောင်ခြည်အလုံလောက် မရရှိဘူးဆိုရင်
ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကို အလုံအလောက် ရရှိနိုင်မှာ မဟုတ်ပါဘူး။
ဗီတာမင် D ချို့တဲ့ခြင်းကြောင့် ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။
- သွေးပေါင်တက်ခြင်း
ကျွန်တော်တို့
ခန္ဓာကိုယ်အတွင်းမှာ သွေးပေါင်အတက်အကျကို ထိန်းညှိပေးဖို့ အတွက် နိုက်ထစရစ်အောက်ဆိုက်ကို
လိုအပ်ပါတယ်။ နေရောင်ခြည်ကနေ တစ်ဆင့် နိုက်ထရစ်အောက်ဆိုက်ကို ရရှိနိုင်တာကြောင့် သွေးပေါင်တက်ခြင်းကို
ထိန်းညှိပေးမှာ ဖြစ်တဲ့အပြင် နှလုံးရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
- စိတ်ဓာတ်ကျခြင်း
ယနေ့ခေတ်မှာ
ကျွန်တော်တို့ လူသားအများစုအနေနဲ့ စိတ်ကျဝေဒနာကို ခံစားနေရလေ့ ရှိကြပါတယ်။ နေရောင်ခြည်ကနေ
တစ်ဆင့် ရရှိနိုင်တဲ့ ဗီတာမင် D အနေနဲ့ စိတ်ကျန်းမာရေးအတွက် လိုအပ်တဲ့ စိတ်ပျော်ရွှင်ဟော်မုန်းကို
ထုတ်လွှင့်ပေးနိုင်တာကြောင့် စိတ်ကျဝေဒနာ ခံစားရခြင်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- ကူးစက်ရောဂါများ
ဖြစ်ပွားစေခြင်း
ကျွန်တော်တို့
ခန္ဓာကိုယ် ခုခံစွမ်းအားကို မြှင့်တင်ပေးဖို့အတွက် ဗီတာမင် C လိုအပ်သလို နေရောင်ခြည်ကနေ
တစ်ဆင့် ရရှိနိုင်တဲ့ ဗီတာမင် D ကိုလည်း လိုအပ်ပါတယ်။ ဗီတာမင် D ချို့တဲ့ခဲ့မယ် ဆိုရင်တော့
ကူးစက်ရောဂါတွေ အလွယ်တကူ ဖြစ်ပွားနိုင်မှာ ဖြစ်ပါတယ်။
- အရိုးပွရောဂါ
(Osteoporosis) ဖြစ်ပွားစေခြင်း
တကယ်လို့
နေရောင်ခြည် အလုံအလောက် ရရှိခဲ့ခြင်း မရှိဘူးဆိုရင် အရိုးပွရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ နေရောင်ခြည်မှာ ပါဝင်တဲ့ ဗီတာမင် D အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက်
လိုအပ်တဲ့ ကယ်ဆီယမ်တွေ၊ သတ္တုဓာတ်တွေ စုပ်ယူရာမှာ အထောက်အကူပေးနေတာကြောင့်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဗီတာမင် D ချို့တဲ့မှု မရှိအောင် နံနက်ခင်း ၁၀ နာရီဝန်းကျင်မှာ ၁၀ မိနစ်၊
၁၅ မိနစ်ခန့် အပြင်ထွက် လမ်းလျှောက်ပေးသင့်ပါတယ်။
ဒါ့အပြင်
နေရောင်ခြည်ကို လုံလောက်စွာ မရရှိခြင်းကြောင့် ညအခါတွေမှာ အိပ်မပျော်ခြင်း၊ ကလေးငယ်တွေမှာ
အမြင်အာရုံဝေဝါးခြင်း၊ အဝလွန်ခြင်း၊ အလွယ်တကူ ဖျားနာခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်းစတဲ့
ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
REF: SunSprite, HealthyBuilder
