သွေးတွင်းကိုလက်စထရော ပမာဏများနေကြောင်း သိရှိနိုင်တဲ့ လက္ခဏာများ

  • 18 Sep, 2019
  • အဖြစ်များသောရောဂါများ

ကိုလက်စထရောမှာ ကျွန်တော်တို့ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ကိုလက်စထရောတွေ ရှိသလို ဆိုးကျိုးကိုဖြစ်ပွားစေတဲ့ ကိုလက်စထရောတွေလည်း ရှိပါတယ်။ တကယ်လို့ သွေးတွင်းမှာ ကိုလက်စထရော ပမာဏများနေမယ် ဆိုရင်တော့ ကောင်းကျိုးကို ဖြစ်ပေါ်စေမှာ မဟုတ်ပဲ ဆိုးကျိုးတွေကိုသာ ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

ကိုလက်စထရောမှာ ကျွန်တော်တို့ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ကိုလက်စထရောတွေ ရှိသလို ဆိုးကျိုးကိုဖြစ်ပွားစေတဲ့ ကိုလက်စထရောတွေလည်း ရှိပါတယ်။ တကယ်လို့ သွေးတွင်းမှာ ကိုလက်စထရော ပမာဏများနေမယ် ဆိုရင်တော့ ကောင်းကျိုးကို ဖြစ်ပေါ်စေမှာ မဟုတ်ပဲ ဆိုးကျိုးတွေကိုသာ ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

အဆီများတဲ့ အစားအစာတွေကို အမြဲလိုလို စားသုံးနေမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွင်း ဆိုးကျိုးကိုဖြစ်ပွားစေတဲ့ ကိုလက်စထရော ပမာဏများလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးတွင်းကိုလက်စထရော ပမာဏများနေခြင်းကြောင့် နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းနဲ့ ဦးနှောက်နဲ့သက်ဆိုင်တဲ့ရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒီတော့ သွေးတွင်းကိုလက်စထရော ပမာဏများနေကြောင်း သိရှိနိုင်တဲ့ လက္ခဏာတွေကို တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်။

  • သွေးပေါင်ချိန်မြင့်တက်ခြင်း

သွေးပေါင်ချိန် မြင့်တက်ခြင်းကတော့ သွေးတွင်းကိုလက်စထရော ပမာဏများနေကြောင်း အလွယ်တကူ သိရှိနိုင်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ တကယ်လို့ သွေးပေါင်ချိန် အမြဲလိုလို မြင့်တက်နေမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

  • အရေပြားမှာ အဝါရောင် အဖုအပိမ့်များထွက်ခြင်း

တကယ်လို့ သွေးတွင်းကိုလက်စထရော ပမာဏများနေမယ်ဆိုရင် အရေပြားပေါ်မှာ အဝါရောင် အဖုအပိမ့်တွေ ထွက်ပေါ်လာလေ့ရှိပါတယ်။ အရေပြားပေါ်မှာ အဝါရောင် အဖုအပိမ့်တွေ၊ အစက်အပြောက်တွေ မြင်တွေ့နေရပြီ ဆိုရင်တော့ သွေးတွင်းကိုလက်စထရော ပမာဏမြင့်တက်နေပြီ ဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

  • မျက်ကြည်လွှာတစ်ဝိုက် မီးခိုးရောင် အကွင်းများ ပေါ်လာခြင်း

တကယ်လို့ သင့်မျက်ကြည်လွှာတစ်ဝိုက်မှာ မီးခိုးရောင် အကွင်း‌လေးပေါ်နေမယ်ဆိုရင် သွေးတွင်းကိုလက်စထရော ပမာဏများနေပြီဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ မျက်ကြည်လွှာတစ်ဝိုက် မီးခိုးရောင် အကွင်းများ ပေါ်လာခြင်းကို အသက် ၄၅ နှစ်ထက် ပုဂ္ဂိုလ်တွေမှာ မြင်တွေ့ရလေ့ ရှိပါတယ်။

  • ခြေချောင်း/ လက်ချောင်းများ ထုံကျဉ်ခြင်း

သွေးတွင်းကိုလက်စထရော ပမာဏများခြင်းကြောင့် သွေးကြောပိတ်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် သွေးကြောပိတ်ခြင်းကြောင့် ခြေချောင်း/ လက်ချောင်းတွေ ထုံကျဉ်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

  • ခေါင်းကိုက်ခြင်း/ ဇက်ကြောတက်ခြင်း

သွေးတွင်းကိုလက်စထရော ပမာဏများခြင်းကြောင့် သွေးကြောတွေ ပိတ်ဆို့သွားပြီး ဦးနှောက်ကို သွေးအလုံအလောက် မရောက်ရှိခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ အဲဒီအခါမှာ ဇက်ကြောတက်ခြင်း/ ခေါင်းကိုက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • နှလုံးခုန်မြန်ခြင်း

များသောအားဖြင့် နှလုံးခုန်မြန်ခြင်းက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ခြင်း မရှိပါဘူး။ လေ့ကျင့်ခန်းတွေ လုပ်နေတဲ့အချိန်မှာ၊ စိတ်ဖိဆီးမှုတွေများနေတဲ့အခါမျိုးမှာ၊ စိုးရိမ်စိတ်လွန်ကဲနေတဲ့အခါမျိုးမှာလည်း နှလုံးခုန်မြန်နိုင်ပါတယ်။ ဒါပေမယ့် အမြဲတမ်းလိုလို နှလုံးခုန်မြန်နေမယ် ဆိုရင်တော့ သွေးတွင်းကိုလက်စထရော ပမာဏများပြားနေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် နှလုံးခုန်မြန်ခြင်းကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

သွေးတွင်းကိုလက်စထရော ပမာဏများခြင်းကြောင့် အဝလွန်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ ဆီးချိုရောဂါ ဖြစ်ပွားခြင်း၊ ‌လေဖြတ်ခြင်းစတဲ့ ရောဂါဝေဒနာတွေကို ဖြစ်ပွားစေတာကြောင့် နေ့စဉ်ပုံမှန် အသီးအရွက်များ စားသုံးပေးခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ခန္ဓာကိုယ်အလေးချိန် ထိန်းညှိခြင်း၊ အရက်ဖြတ်ခြင်း၊ အဆီလျော့စားခြင်းတို့ကို လုပ်ဆောင်ပေးသင့်ပါတယ်။

REF: WebMDCDCHealthyBuilder

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.