အမျိုးသားရင်သားကင်ဆာရောဂါအကြောင်း သိထားသင့်တဲ့အချက်များ

  • 18 Sep, 2019
  • ကင်ဆာရောဂါများ

အမျိုးသားတွေ အနေနဲ့ အမျိုးသမီးတွေလို အရွယ်ရောက်လာတဲ့ အခါမှာ ရင်သား ကြီးထွားလာခြင်း မရှိပေမယ့် ရင်သား တစ်သျှူးပမာဏ အနည်းငယ် ရှိနေပါတယ်။ ဒါကြောင့် အမျိုးသမီးတွေနည်းတူ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာရောဂါ ဖြစ်ပွားလေ့ ရှိကြပါတယ်။ အမျိုးသားတွေမှာ ရင်သားကင်ဆာရောဂါ ဖြစ်ပွားခြင်းက အမျိုးသမီးတွေမှာ ဖြစ်ပွားခြင်းလောက်တော့ များပြားခြင်း မရှိပါဘူး။

အမျိုးသားတွေ အနေနဲ့ အမျိုးသမီးတွေလို အရွယ်ရောက်လာတဲ့ အခါမှာ ရင်သား ကြီးထွားလာခြင်း မရှိပေမယ့် ရင်သား တစ်သျှူးပမာဏ အနည်းငယ် ရှိနေပါတယ်။ ဒါကြောင့် အမျိုးသမီးတွေနည်းတူ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာရောဂါ ဖြစ်ပွားလေ့ ရှိကြပါတယ်။ အမျိုးသားတွေမှာ ရင်သားကင်ဆာရောဂါ ဖြစ်ပွားခြင်းက အမျိုးသမီးတွေမှာ ဖြစ်ပွားခြင်းလောက်တော့ များပြားခြင်း မရှိပါဘူး။

အမျိုးသားတွေ အနေနဲ့ ရင်သားကင်ဆာရောဂါ ခံစားနေကြောင်းကို ကင်ဆာဆဲလ်တွေ ရင်သားတစ်ဝိုက် ပျံ့နှံ့သွားတဲ့ အချိန်ကျမှ တစ်နည်းအားဖြင့် အချိန်လွန်မှသာ သိကြလေ့ ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသားတွေရဲ့ ရင်သားတစ်သျှူးဟာ အမျိုးသမီးတွေရဲ့ ရင်သားတစ်သျှူးလောက် များပြားခြင်း မရှိတာကြောင့် ရောဂါလက္ခဏာတွေကို အလွယ်တကူ သိရှိနိုင်ခြင်း မရှိတာပဲ ဖြစ်ပါတယ်။

  • ဘယ်အရွယ်မှာ အမျိုးသား ရင်သားကင်ဆာရောဂါ ဖြစ်ပွားလေ့ ရှိပါသလဲ။

အသက် ၃၅ နှစ်အောက် အမျိုးသားတွေမှာ ရင်သားကင်ဆာရောဂါ ဖြစ်ပွားမှု တကယ်ကို နည်းပါးပါတယ်။ ဒါပေမယ့် အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ရင်သားကင်ဆာရောဂါ ဖြစ်ပွားနှုန်းလည်း မြင့်တက်လို့ လာခဲ့ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အသက် ၆၀ နဲ့ ၇၀ ကြား သက်ကြီးရွယ်အိုတွေမှာ အမျိုးသား ရင်သားကင်ဆာရောဂါ အဖြစ်များလေ့ ရှိတယ်လို့ သိရပါတယ်။

အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားရခြင်းရဲ့ အကြောင်းအရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဆွေမျိုးအတွင်း ရင်သားကင်ဆာရောဂါ ဖြစ်ပွားဖူးသူရှိခြင်း
  • ရင်သား ကြီးထွားလာခြင်း
  • အီစထိုဂျင်ဟော်မုန်း (အမျိုးသမီးဟော်မုန်း) မြင့်တက်ခြင်း
  • အသည်းခြောက်ရောဂါ ဖြစ်ပွားဖူးခြင်း
  • အဝလွန်ခြင်း
  • ဝှေးစေ့နဲ့ပတ်သတ်တဲ့ရောဂါများ ဖြစ်ပွားဖူးခြင်း

အမျိုးသား ရင်သားကင်ဆာရောဂါရဲ့ ရောဂါလက္ခဏာတွေက အမျိုးသမီး ရင်သားကင်ဆာရောဂါရဲ့ ရောဂါလက္ခဏာနဲ့ တူညီလေ့ ရှိကြပါတယ်။ အမျိုးသားတွေမှာ ရင်သားကင်ဆာရောဂါ ခံစားနေရပြီဆိုရင် ရင်ဘတ်တစ်ဝိုက် အဖုအပိန့်တွေ/ အကျိတ်တွေ ထွက်လာလေ့ရှိပါတယ်။ ရင်သားကင်ဆာရောဂါ ဖြစ်ပွားနေကြောင်း နောက်ထပ်သိရှိနိုင်တဲ့ အချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ရင်သားအရွယ်အစား ပြောင်းလဲလာခြင်း
  • သားမြတ်ခေါင်းပုံစံ ပြောင်းလဲလာခြင်း
  • ရင်သားများ နာကျင်ခြင်း
  • ရင်သားအရောင် ပြောင်းလဲလာခြင်း
  • ရင်သားများ ယားယံခြင်း
  • သားမြတ်ခေါင်းမှ သွေးယိုခြင်း
  • ရင်သားအနီးတဝိုက် အနီစက်များထွက်ခြင်း

တကယ်လို့ အထက်ပါ ရောဂါလက္ခဏာတွေကို ခံစားနေရတယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသပြီး ရောဂါရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့မယ် ဆိုရင်တော့ ကင်ဆာရောဂါကုထုံးတွေကို အမြန်ဆုံး လုပ်ဆောင်သင့်ပါတယ်။

REF: WebMD

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.