ဝမ်းဗိုက်အဆီကျစေဖို့ စားသုံးသင့်တဲ့ အစားအစာများ

  • 17 Sep, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

ဝမ်းဗိုက်မှာ အဆီများစုနေခြင်းကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒီတော့ အထက်မှာ ဖော်ပြခဲ့တဲ့ ရောဂါတွေ ဖြစ်ပွားခြင်းကို ကာကွယ်နိုင်မယ့်အပြင် အဆီကျ လှပစေဖို့အတွက် စားသုံးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ဝမ်းဗိုက်မှာ အဆီများစုနေခြင်းကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒီတော့ အထက်မှာ ဖော်ပြခဲ့တဲ့ ရောဂါတွေ ဖြစ်ပွားခြင်းကို ကာကွယ်နိုင်မယ့်အပြင် အဆီကျ လှပစေဖို့အတွက် စားသုံးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

  • စပျစ်သီး (အနီရောင်)

စပျစ်သီးကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် ဝမ်းဗိုက်မှာ စုနေတဲ့ အဆီပိုတွေကို အလွယ်တကူ ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အနီရောင် စပျစ်သီးတွေမှာ အစိမ်းရောင် စပျစ်သီးတွေထက် ဝမ်းဗိုက်အဆီပိုတွေကို ဖယ်ရှားပေးနိုင်မယ့် Phytonutrient တွေပါဝင်တာကြောင့် အနီရောင် စပျစ်သီးတွေကို ပိုမိုစားသုံးပေးသင့်ပါတယ်။

  • ပန်းသီး

တစ်နေ့ကို ပန်းသီးတစ်လုံး ပုံမှန်စားသုံးပေးခြင်းကြောင့် ဝမ်းဗိုက်အဆီပိုတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်တဲ့အပြင် ခန္ဓာကိုယ် သွယ်လျလှပစေမှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ပန်းသီးမှာ ပါဝင်တဲ့ Ursolic အက်စစ် အနေနဲ့ ခန္ဓာကိုယ်အတွင်းမှ ကယ်လိုရီတွေကို လောင်ကျွမ်းစေမှာ ဖြစ်တဲ့အပြင် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးမှာ ဖြစ်ပါတယ်။

  • မြေပဲ

မြေပဲမှာလည်း စပျစ်သီးနည်းတူ Phytonutrient တွေပါဝင်တဲ့အပြင် ပရိုတိန်း ပါဝင်မှု များပြားတာကြောင့် ဝမ်းဗိုက်မှာ စုနေတဲ့ အဆီပိုတွေကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြေပဲမှာ Phytic အက်စစ်နဲ့ ဖောလစ်အက်စစ် ပါဝင်တာကြောင့် ဝမ်းဗိုက်မှာ အဆီပိုတွေ စုနေခြင်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ဟင်းနုနွယ်ရွက်

ဟင်းနုနွယ်ရွက်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးတဲ့အပြင် နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အဆီပိုတွေကို လောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်ရွက်မှာ ဗီတာမင် K၊ ဗီတာမင် A၊ မဂ္ဂနီဆီယမ်၊ ဖောလစ်အက်စစ်၊ သံဓာတ်၊ ဗီတာမင် B တို့ပါဝင်တာကြောင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

  • ပဲပုပ်

ပဲပုပ်မှာ ပရိုတိန်း ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ဝမ်းဗိုက်မှာ အဆီပိုတွေ စုနေခြင်းကို ဖယ်ရှားပေးနိုင်မယ့် အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ပဲပုပ်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် နေ့စဉ်ပုံမှန် စားသုံးသင့်ပါတယ်။

  • ပြောင်းဖူး

ပြောင်းဖူးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြောင်းဖူးမှာ Anthocyanins, Beta – Carotene, Caffeic Acid, Lutein, Coumaric Acid, Ferulic Acid, Zeaxanthin တို့ပါဝင်တာကြောင့် ဝမ်းဗိုက်မှာ စုနေတဲ့ အဆီပိုတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။

  • ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူများစွာ ဖြစ်စေသလို အဆီပိုတွေကိုလည်း လောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။

REF: Dr.Koop

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.