အရွယ်တင်နုပျိုစေဖို့အတွက် လုပ်ဆောင်သင့်တဲ့ နည်းလမ်းများ

  • 17 Sep, 2019
  • ကျန်းမာသောနေထိုင်မှုပုံစံ

အသက်အရွယ် ကြီးရင့်လာခြင်းကို ကျွန်တော်တို့ လူသားတွေ အနေနဲ့ မလွဲမသေ ကြုံတွေ့ရမှာ အသေအချာပါပဲ။ ငယ်ရွယ်စဉ်အချိန်မှာ တစ်ကိုယ်ရေ ကျန်းမာရေးကို ဂရုစိုက်ခဲ့ခြင်းမရှိဘူးဆိုရင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ် ကြီးရင့်လာပေမယ့် အရွယ်တင်နုပျိုစေဖို့အတွက် လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

အသက်အရွယ် ကြီးရင့်လာခြင်းကို ကျွန်တော်တို့ လူသားတွေ အနေနဲ့ မလွဲမသေ ကြုံတွေ့ရမှာ အသေအချာပါပဲ။ ငယ်ရွယ်စဉ်အချိန်မှာ တစ်ကိုယ်ရေ ကျန်းမာရေးကို ဂရုစိုက်ခဲ့ခြင်းမရှိဘူးဆိုရင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ် ကြီးရင့်လာပေမယ့် အရွယ်တင်နုပျိုစေဖို့အတွက် လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • နှစ်ခြိုက်စွာ အိပ်စက်အနားယူပါ

နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများစွာကို ခံစားရရှိနိုင်မှာ ဖြစ်သလို အရွယ်တင်နုပျိုစေမှာ ဖြစ်ပါတယ်။ နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းကြောင့် နိုးထလာတဲ့အချိန်မှာ တက်ကြွလန်းဆန်းနေမှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အရွယ်ရောက်ပြီးသူ တစ်ဦးအနေနဲ့ တစ်နေ့ကို ၈ နာရီခန့် အိပ်စက်အနားယူခြင်းဖြင့် အသက်အရွယ် ကြီးရင့်လာပေမယ့် အရွယ်တင်နုပျိုနေမှာ ဖြစ်တယ်လို့ သိရပါတယ်။

  • စိတ်ဖိဆီးမှုတွေကို လျော့ချပါ

စိတ်ဖိဆီးမှုတွေကို လျော့ချခြင်းဖြင့် အသက်ရှည် ကျန်းမာစေမှာ ဖြစ်သလို ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း၊ နောက်ကျောနာကျင်ခြင်း၊ စိတ်ဓာတ်ကျခြင်းစတဲ့ ရောဂါဝေဒနာတွေ ဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဖိဆီးမှုကြောင့် အိုမင်းရင့်ရော်စေမှာ ဖြစ်တာကြောင့် တတ်နိုင်သလောက် စိတ်ဖိဆီးမှုတွေကို လျော့ချသင့်ပါတယ်။

  • အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တဲ့ အစားအစာများကို စားသုံးပေးပါ

အိုမီဂါ ၃ ဖက်တီးအက်စစ် အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ် အရွယ်တင်နုပျိုနေစေဖို့ အဓိကအားဖြင့် အထောက်အကူပေးလျက် ရှိပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တဲ့ အစားအစာတွေကို ပုံမှန် စားသုံးပေးခြင်းကြောင့် အရွယ်မတိုင်ခင် သေဆုံးခြင်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်တဲ့အပြင် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။

  • အသီးအနှံများကို စားသုံးပေးပါ

အသီးအနှံတွေမှာ အရေပြားကျန်းမာရေးကို ကောင်းမွန်စေပြီး နုပျိုလန်းဆန်းစေမယ့် အာဟာရဓာတ်တွေ၊ သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်တွေ၊ ဗီတာမင်တွေ၊ အန်တီအောက်ဆီဒန့်တွေ ပါဝင်တာကြောင့် နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။

  • အရက်သေစာ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ

အရက်သေစာ သောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်အတွင်းမှ အစိတ်အပိုင်းတွေကို ပျက်ဆီးစေနိုင်သလို စိတ်ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တာကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ အရက်သေစာ အလွန်အကျွံ သောက်သုံးမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကျဆင်းလာပြီး အသည်းရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ်ပွားစေနိုင်တာကြောင့် တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။

  • ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပေးပါ

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းကြောင့် ကျန်းမာသန်စွမ်းစေမှာ ဖြစ်သလို အရွယ်တင်နုပျိုစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းကြောင့် နှလုံးရောဂါ၊ အဝလွန်ခြင်း၊ လေဖြတ်ခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားခြင်းတို့ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်စေမှာဖြစ်သလို လန်းဆန်းတက်ကြွစေမှာ ဖြစ်ပါတယ်။

  • ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးပါ

ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိခြင်းကြောင့် သွေးတွင်းသကြားပမာဏ၊ ကိုလက်စထရော ပမာဏ၊ သွေးပေါင်ချိန်တို့ကို ထိန်းညှိနိုင်မှာ ဖြစ်တဲ့အပြင် ငယ်ရွယ်နုပျိုနေစေမှာ ဖြစ်ပါတယ်။

REF: Dr.Koop

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.