ချစ်တင်းနှီးနှောခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ
- 17 Sep, 2019
- မျိုးဆက်ပွားကျန်းမာရေး
ချစ်တင်းနှောခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ/ စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာ ဖြစ်သလို ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ များစွာလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ချစ်တင်းနှောခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို လေ့လာကြည့်လိုက်ရအောင်။
ချစ်တင်းနှောခြင်းကြောင့်
စိတ်ပိုင်းဆိုင်ရာ/ စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာ ဖြစ်သလို
ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ များစွာလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ချစ်တင်းနှောခြင်းကြောင့်
ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို လေ့လာကြည့်လိုက်ရအောင်။
- ခုခံစွမ်းအားကို
မြှင့်တင်ပေးခြင်း
ချစ်တင်းနှောခြင်းကြောင့်
ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ
တစ်ပတ်ကို နှစ်ကြိမ်ခန့် ချစ်တင်းနှောခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို နှစ်ဆ
ပိုမိုမြှင့်တင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
- သွေးပေါင်ချိန်ကို
ထိန်းညှိပေးခြင်း
ချစ်တင်းနှောလို့
ပြီးသွားချိန် ကာမဆန္ဒ အထွတ်အထိပ်ကို ရောက်သွားခြင်းကြောင့် သွေးပေါင်ချိန် မြင့်တက်မှုကိုလည်း
ထိန်းညှိပေးနိုင်မှာ ဖြစ်ပါတယ်။
- နှလုံးကျန်းမာရေးကို
ကောင်းမွန်စေခြင်း
တစ်ပတ်ကို
နှစ်ကြိမ်ခန့် ချစ်တင်းနှောခြင်းကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားမှုကို
ကာကွယ်ပေးနိင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နေ့စဉ်ရက်ဆက် အမြဲလိုလို ချစ်တင်းနှောမယ်
ဆိုရင်တော့ နှလုံးရောဂါကို ဖြစ်ပွားစေနိုင်တာကြောင့် သတိထားဖို့တော့ လိုအပ်ပါတယ်။
- ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို
ကာကွယ်ပေးခြင်း
ချစ်တင်းနှောခြင်း
ပြီးဆုံးသွားလို့ သုက်ထုတ်လွှတ်ခြင်းကြောင့် အမျိုးသားတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ဆီးကျိတ်ကင်ဆာ
ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ တစ်လကို ၂၁ ကြိမ်ခန့်
သုက်ထုတ်လွှတ်ခြင်းကြောင့် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုကို သိသိသာသာ လျော့ချနိုင်မှာ
ဖြစ်တယ်လို့ သိရပါတယ်။
- စိတ်ဖိဆီးမှုကို
လျော့ချပေးခြင်း
ချစ်တင်းနှောခြင်းကြောင့်
စိတ်ဖိဆီးမှုကို ဖြစ်ပွားစေတဲ့ Cortisol ဟော်မုန်း ထုတ်လွှတ်မှုကို လျော့ချပေးသွားမှာ
ဖြစ်တဲ့အပြင် Oxytocin၊ Endorphin စတဲ့ စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်းတွေကိုလည်း
ထုတ်လွှတ်ပေးသွားမှာ ဖြစ်ပါတယ်။
- နှစ်ခြိုက်စွာ
အိပ်ပျော်စေခြင်း
ချစ်တင်းနှောပြီး
အထွတ်အထိပ်ရောက်သွားတဲ့အခါမှာ Oxytocin၊ Endorphin၊ Prolactin စတဲ့ ဟော်မုန်းတွေကို
ထုတ်လွှတ်ပေးတာကြောင့် စိတ်ဖိဆီးမှုတွေ လျော့ကျသွားမှာ ဖြစ်တဲ့အပြင် နှစ်ခြိုက်စွာ
အိပ်ပျော်စေမှာ ဖြစ်ပါတယ်။
- ကယ်လိုရီများကို
လောင်ကျွမ်းစေခြင်း
ချစ်တင်းနှောတဲ့အခါမှာ
ခန္ဓာကိုယ် လှုပ်ရှားမှုတွေ ပြုလုပ်ရတာကြောင့် ကယ်လိုရီတွေကို လောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။
ကယ်လိုရီများ လောင်ကျွမ်းသွားခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန်ကိုလည်း ထိန်းညှိနိုင်မှာ
ဖြစ်ပါတယ်။
- နာကျင်မှုတွေကို
ပြေလျော့စေခြင်း
ချစ်တင်းနှောခြင်းနဲ့
ပြီးမြောက်သွားချိန် အထွတ်အထိပ်ရောက်ခြင်းတို့ကြောင့် ခန္ဓာကိုယ် ကြွက်သားတွေ နာကျင်မှုကို
ပြေလျော့စေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်တင်းနှောခြင်းကြောင့် အမျိုးသမီးတွေ အနေနဲ့
ခေါင်းကိုက်ခြင်း၊ အကြောအဆစ်များကိုက်ခဲခြင်း၊ ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်းတို့ကိုလည်း
ကာကွယ်ပေးနိင်မှာ ဖြစ်ပါတယ်။
- အရွယ်တင်စေခြင်း
ချစ်တင်းနှောတဲ့အခါမှာ
ငယ်ရွယ်နုပျိုစေတဲ့ ဟော်မုန်းတွေဖြစ်တဲ့ Estrogen နဲ့ Testosterone တို့ကို ထုတ်လွှတ်ပေးတာကြောင့်
အရွယ်တင်နုပျိုစေမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အရွယ်တင်နုပျိုချင်တယ် ဆိုရင်တော့
တစ်ပတ်ကို လေးကြိမ်ခန့် ပုံမှန် ချစ်တင်းနှောပေးသင့်ပါတယ်။
REF: MedicalNewsToday, OnHealth
