ကလေးငယ်တွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ဝမ်းပျက်ဝမ်းလျောခြင်းအကြောင်း သိကောင်းစရာများ
- 17 Sep, 2019
- ကလေးကျန်းမာရေး
မွေးကင်းစ ကလေးငယ်တွေမှာ ဝမ်းအပျော့သွားခြင်း၊ အရည်ကျဲကျဲဝမ်းသွားခြင်းက ပုံမှန်ဖြစ်စဉ်တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း မကြာခဏ ဝမ်းသွားနေမယ် ဆိုရင်တော့ ဝမ်းပျက်ဝမ်းလျောဖြစ်နေခြင်း ရှိမရှိကို သတိထား စောင့်ကြည့်သင့်ပါတယ်။
မွေးကင်းစ
ကလေးငယ်တွေမှာ ဝမ်းအပျော့သွားခြင်း၊ အရည်ကျဲကျဲဝမ်းသွားခြင်းက ပုံမှန်ဖြစ်စဉ်တစ်ခုလို့
ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း မကြာခဏ ဝမ်းသွားနေမယ် ဆိုရင်တော့ ဝမ်းပျက်ဝမ်းလျောဖြစ်နေခြင်း
ရှိမရှိကို သတိထား စောင့်ကြည့်သင့်ပါတယ်။
ကလေးငယ်တွေမှာ
ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေကတော့ အောက်ပါ အတိုင်းပဲ
ဖြစ်ပါတယ်။
- ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း
အသက် ၂ နှစ်အောက်
ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ ရိုတာဗိုင်းရပ်စ်
(Rotavirus) ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်၂၀၀၆ ခုနှစ်မှာ ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး
ပေါ်ပေါက်လာခဲ့တာကြောင့် ၂ နှစ်အောက် ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားမှု နည်းပါးသွားခဲ့ပါတယ်။
- ပဋိဇေဝဆေးများ
(Antibiotics) ကြောင့်ဖြစ်ပွားခြင်း
ကလေးငယ်တွေကို
ပဋိဇေဝဆေးတွေ တိုက်ကျွေးခြင်းကြောင့် ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်း၊ အစာအိမ်နာခြင်းစတဲ့
ရောဂါဝေဒနာတွေကို ခံစားရစေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်းမှ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို
တိုက်ဖျက်ဖို့အတွက် ပဋိဇေဝဆေးတွေကို ကလေးငယ်များအား တိုက်ကျွေးတွေအခါမှာ အစာအိမ်အတွင်းမှ
အကျိုးပြု ဘက်တီးရီးယားတွေပါ သေသွားတာကြောင့် ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်း၊ အစာအိမ်နာခြင်းစတဲ့
ဝေဒနာတွေကို ဖြစ်ပွားစေတာ ဖြစ်ပါတယ်။
- သန်ထခြင်း
ကလေးငယ်တွေမှာ
ဝမ်းပျက်ဝမ်းလျောခြင်းကို အဓိကဖြစ်ပွားစေတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ အစာအိမ်နဲ့အူလမ်းကြောင်းမှာ
သန်ထခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ကလေးငယ်တွေ အနေနဲ့ ပိုးမွှားတွေကပ်နေတဲ့ အစားအစာတွေ၊
အရုပ်တွေ၊ ပစ္စည်းတွေကို ပါးစပ်ထဲထည့်မိတဲ့အခါမှာ သန်ထခြင်းဝေဒနာကို ခံစားရစေနိုင်ပါတယ်။
- နို့နဲ့ဓာတ်မတည့်ခြင်း
အချို့သော
မွေးကင်းစကလေးငယ်တွေ အနေနဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ ပရိုတိန်းနဲ့ ဓာတ်မတည့်ခြင်းကြောင့်
ဝမ်းပျက်ဝမ်းလျောခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ကလေးငယ်တွေကို နို့နဲ့နို့ထွက်ပစ္စည်းတွေ
တိုက်ကျွေးခြင်းမရှိသော်လည်း မိခင်အနေနဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို စားသုံးခဲ့မယ်ဆိုရင်
ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားနိုင်ပါတယ်။
ကလေးငယ်တွေမှာ
ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားရခြင်းရဲ့ အကြောင်းအရင်းကို သိရှိသွားပြီဆိုတော့ ဝမ်းပျက်ဝမ်းလျော
ဖြစ်ပွားတဲ့အခါမှာ လုပ်ဆောင်ပေးသင့်တဲ့ နည်းလမ်းတွေကို လေ့လာကြည့်လိုက်ရအောင်။
- အရည်များများ
တိုက်ကျွေးပေးပါ
ကလေးငယ်တွေ
အနေနဲ့ ဝမ်းပျက်တဲ့အခါမှာ ရေဓာတ်ဆုံးရှုံးမှု လွန်ကဲလေ့ရှိတာကြောင့် အရည်များများ တိုက်ကျွေးပေးသင့်ပါတယ်။
ဒါပေမယ့် အသီးဖျော်ရည်တွေကိုတော့ လုံးဝတိုက်ကျွေးဖို့ မသင့်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့
အသီးဖျော်ရည်တွေမှာ သကြားဓာတ် ပါဝင်တာကြောင့် ချောင်းဆိုးချွဲကျပ်ခြင်းကို ဖြစ်ပေါ်စေတဲ့အပြင်
ဝမ်းပျက်ခြင်းကိုပါ ဖြစ်စေလို့ပဲ ဖြစ်ပါတယ်။
- အသီးအနှံများ
ကျွေးပေးပါ
ငှက်ပျောသီးတွေ၊
ပန်းသီးတွေ၊ သစ်တော်သီးတွေ၊ ဘယ်ရီသီးတွေ၊ ထောပတ်သီးတွေ၊ ခရမ်းချဉ်သီးတွေ၊ ဂရိတ်ဖရုသီးတွေမှာ
အစာအိမ်နဲ့အူလမ်းကြောင်းစနစ်ကို ကောင်းမွန်စေတဲ့ အန်တီအောက်ဆီဒန့်တွေ ပါဝင်တဲ့အပြင်
ပရိုတိန်းဓာတ် ပါဝင်ခြင်းမရှိတာကြောင့် ဝမ်းပျက်ဝေဒနာ ခံစားနေရတဲ့ ကလေးငယ်တွေကို ကျွေးသင့်ပါတယ်။
- တစ်ကိုယ်ရေသန့်ရှင်းမှုကို
ဂရုစိုက်ပေးပါ
ကလေးငယ်တွေ
အနေနဲ့ ဝမ်းပျက်ဝေဒနာကို ခံစားနေရတဲ့အခါမှာ တင်ပါး အနီးတဝိုက်မှာ အမြဲတမ်းနီးပါး စိုစွတ်နေမှာ
ဖြစ်တာကြောင့် အရေပြားဝေဒနာကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် မိဘတွေ အနေနဲ့ ကလေးငယ်ရဲ့
ဒိုက်ပါကို ဂရုတစိုက် လဲလှယ်ပေးခြင်း၊ တင်ပါး အနီးတဝိုက်ကို ရေစိုအဝတ်ဖြင့် သုတ်ပေးခြင်း၊
ရေနွေးဖြင့် ဆေးကြောပေးခြင်းတို့ကို ဂရုတစိုက် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
တကယ်လို့
သင့်ရဲ့ကလေးငယ်မှာ ဝမ်းပျက်ဝေဒနာ ခံစားနေရတာ သက်သာခြင်းမရှိတဲ့အပြင် ရေဓာတ်ခမ်းခြောက်ခြင်း၊
ဝမ်းထဲမှာ အကျိအချွဲများပါလာခြင်း၊ သွေးဝမ်းသွားခြင်း၊ အဖျားတက်ခြင်းစတဲ့ ရောဂါဝေဒနာတွေကို
ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသသင့်ပါတယ်။
REF: Parents