အူမကြီးကင်ဆာဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မယ့်နည်းလမ်းများ
- 17 Sep, 2019
- ကင်ဆာရောဂါများ
အူမကြီးကင်ဆာဆိုတာကတော့ ကမ္ဘာပေါ်မှာ တတိယအဖြစ်အများဆုံး ကင်ဆာရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အူမကြီးကင်ဆာ ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ Bacteroides ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတော့ အူမကြီးကင်ဆာဖြစ်ပွားခြင်း မရှိအောင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို လေ့လာကြည့်လိုက်ရအောင်။
အူမကြီးကင်ဆာဆိုတာကတော့
ကမ္ဘာပေါ်မှာ တတိယအဖြစ်အများဆုံး ကင်ဆာရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အူမကြီးကင်ဆာ ဖြစ်ပွားရခြင်းရဲ့
အဓိကအကြောင်းအရင်းကတော့ Bacteroides ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတော့
အူမကြီးကင်ဆာဖြစ်ပွားခြင်း မရှိအောင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို လေ့လာကြည့်လိုက်ရအောင်။
- ခန္ဓာကိုယ်အလေးချိန်ကို
ထိန်းညှိပေးပါ
ဆေးလိပ်သောက်ခြင်းအပြင်
ကင်ဆာရောဂါကို အများဆုံး ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ ခန္ဓာကိုယ် အလေးချိန် မြင့်တက်ခြင်းကြောင့်ပဲ
ဖြစ်ပါတယ်။ အဝလွန်ခြင်းကြောင့် ကင်ဆာရောဂါ ၁၁ မျိုး အထိ ဖြစ်ပွားစေနိုင်သလို အခြားသော
ရောဂါဝေဒနာများစွာကိုလည်း ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ခန္ဓာကိုယ်အလေးချိန်ကို
ထိန်းညှိပေးဖို့ လိုအပ်ပါတယ်။
- ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းကြောင့်
အဆုတ်ကင်ဆာ၊ နှလုံးကင်ဆာ၊ လေဖြတ်ခြင်းစတဲ့ ဝေဒနာတွေကို ဖြစ်ပွားစေနိုင်သလို အဆုတ်ကင်ဆာရောဂါကိုလည်း
ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်နဲ့ဆေးရွက်ကြီး သုံးစွဲမှုကြောင့် အူမကြီးကင်ဆာရောဂါ
ဖြစ်ပွားသူ ၁၂ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့် ဆေးလိပ်နဲ့ဆေးရွက်ကြီး
သုံးစွဲမှုကို ရှောင်ကြဉ်သင့်ပါတယ်။
- လေ့ကျင့်ခန်း
ပုံမှန်ပြုလုပ်ပေးပါ
လေ့ကျင့်ခန်း
ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်မှာ ဖြစ်သလို
အူမကြီးကင်ဆာရောဂါ အပါအဝင် အခြားရောဂါတွေ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်တဲ့အပြင်
စိတ်စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို မိနစ် ၃၀
ခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
- အကျိုးပြုအဏုဇီဝ
(Probiotics) ပါဝင်သော အစားအစာများကို စားသုံးပေးပါ
ဒိန်ချဉ်၊
မီဆိုဟင်းချို၊ ကင်မ်ချီနဲ့ ဆားရေစိမ်အသီးအနှံများကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းကြောင့်
အစာချေစနစ်ကို ကောင်းမွန်စေမှာဖြစ်တဲ့အပြင် အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့
အူမကြီးကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- အနီရောင်အသားများ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်ပါ
အနီရောင်အသားတွေဖြစ်တဲ့
အမဲသား၊ သိုးသား၊ ဆိတ်သားတို့ကို အလွန်အကျွံ စားသုံးခြင်းကြောင့်လည်း အူမကြီးကင်ဆာရောဂါကို
ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ဟမ်ဘာဂါတွေ၊ အသားကင်တွေ၊ ဝက်ပေါင်ခြောက်တွေ၊ ကြက်အူချောင်းတွေ၊
ဝက်အူချောင်းတွေကို အလွန်အကျွံ စားသုံးမယ်ဆိုရင်လည်း အူမကြီးကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
- အရက်သေစာသောက်သုံးခြင်းကို
ရှောင်ကြဉ်ပါ
အရက်အလွန်အကျွံ
သောက်သုံးမယ်ဆိုရင်လည်း အူမကြီးကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်တာကြောင့် အရက်သေစာ သောက်သုံးခြင်းကိုလည်း
တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။
- ကယ်ဆီယမ်နဲ့
ဗီတာမင် D ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးပါ
လေ့လာတွေ့ရှိချက်တွေအရ
ကယ်ဆီယမ်နဲ့ ဗီတာမင် D ပါဝင်တဲ့ အစားအစာတွေကို ပုံမှန်စားသုံးပေးခြင်းဖြင့် အူမကြီးကင်ဆာ
ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဗီတာမင် D ပါဝင်တဲ့ ဆဲလ်မွန်ငါးတွေ၊
ငါးကြီးဆီတွေ၊ ပုစွန်တွေ၊ ကြက်ဥတွေ၊ မှိုတွေနဲ့ ကယ်ဆီယမ် ပါဝင်တဲ့ အစေ့တွေ၊ ဒိန်ခဲတွေ၊
ဒိန်ချဉ်တွေ၊ တိုဟူးတွေ၊ နို့တွေကို နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။
REF: EverydayHealth, SiteMan
