အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မယ့် အစားအစာများ
- 16 Sep, 2019
- သဘာဝအစားအစာနှင့်ကျန်းမာရေး
အယ်လ်ဇိုင်းမားရောဂါဆိုတာကတော့ သိစိတ်ချို့ယွင်းတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါကို ကုသဖို့အတွက် လက်ရှိအချိန်ထိ နည်းလမ်းမရှိသေးတဲ့အပြင် ရောဂါဖြစ်ချိန် ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ဆိုးဝါးလာပြီး နောက်ဆုံးမှာ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ဆိုးဝါးစေနိုင်ပါတယ်။ ဒါကြောင့် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
အယ်လ်ဇိုင်းမားရောဂါဆိုတာကတော့
သိစိတ်ချို့ယွင်းတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါကို ကုသဖို့အတွက်
လက်ရှိအချိန်ထိ နည်းလမ်းမရှိသေးတဲ့အပြင် ရောဂါဖြစ်ချိန် ကြာလာတာနဲ့အမျှ တဖြည်းဖြည်း
ဆိုးဝါးလာပြီး နောက်ဆုံးမှာ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ဆိုးဝါးစေနိုင်ပါတယ်။
ဒါကြောင့် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို
အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- သံလွင်ဆီ
သံလွင်ဆီကို
ပုံမှန်စားသုံးခြင်းကြောင့် မှတ်ဉာဏ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမှာဖြစ်တဲ့အပြင်
အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သံလွင်ဆီကို
စားသုံးခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပြီး ခန္ဓာကိုယ်အတွင်းမှ
မလိုအပ်တဲ့ အဆီပိုတွေကိုလည်း ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။
- ဆဲလ်မွန်ငါး
အိုမီဂါ
၃ ဖက်တီးအက်စစ် ပါဝင်တဲ့ အသားငါးတွေကို စားသုံးပေးခြင်းဖြင့် မှတ်ဉာဏ်စွမ်းအင်ကို တိုးတက်စေမှာ
ဖြစ်ပါတယ်။ ဆဲလ်မွန်ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အယ်လ်ဇိုင်းမားရောဂါ
ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဆဲလ်မွန်ငါးအပြင် ငါးပါးနီနဲ့ ငါးသေတ္တတို့မှာလည်း
အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်ပါတယ်။
- ဘယ်ရီသီး
ဘလူးဘယ်ရီသီးနဲ့
ဘလက်ဘယ်ရီသီးတို့မှာ အန်တီအောက်ဆီဒန့်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ဦးနှောက်ကို ထိခိုက်စေမယ့်
ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်နည်းတူ အန်တီအောက်ဆီဒန့်တွေကို
ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှာ ထုတ်လုပ်နိုင်ခြင်း မရှိတာကြောင့် ဦးနှောက်ကျန်းမာရေးအတွက်
အန်တီအောက်ဆီဒန့် ပါဝင်တဲ့ ဘယ်ရီသီးတွေကို နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။
- ပဲများ
ဦးနှောက်ဖွံ့ဖြိုးမှုနဲ့
အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို ကာကွယ်ဖို့ အတွက် ဗီတာမင် B ဓာတ်ကို အဓိကအနေနဲ့
လိုအပ်ပါတယ်။ ပဲတွေမှာ ဗီတာမင် B ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့
ပရိုတိန်း၊ အမျှင်ဓာတ်၊ ကယ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဖိုလိတ်အက်စစ်တို့
ပါဝင်တာကြောင့် နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။
- ကန်စွန်းဥ
ကန်စွန်းဥမှာ
ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းအင်ကို မြှင့်တင်ပေးနိုင်တဲ့ အန်တီအောက်ဆီဒန့်၊ ဖိုလိတ်အက်စစ်တို့
ကြွယ်ဝစွာ ပါဝင်တာကြောင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- ကိုက်လန်
ကိုက်လန်မှာလည်း
အခြားအသီးအနှံတွေနည်းတူ ဗီတာမင် K ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် မှတ်ဉာဏ်စွမ်းအင်ကို
မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
- ဂေါ်ဖီပန်းပွင့်
ဂေါ်ဖီပန်းပွင့်မှာ
ဖိုလိတ်အက်စစ်၊ အန်တီအောက်ဆီဒန့်၊ ဗီတာမင် C တို့ပါဝင်တာကြောင့် ဦးနှောက်စွမ်းဆောင်ရည်ကို
မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင် C အနေနဲ့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို
ကာကွယ်ပေးနိုင်မှာ ဖြစ်တာကြောင့် ဂေါ်ဖီပန်းပွင့်ကို နေ့စဉ်ပုံမှန် စားသုံးသင့်ပါတယ်။
- သစ်ချသီး
သစ်ချသီးကို
ပုံမှန်စားသုံးပေးခြင်းကြောင့် အစာအိမ်နဲ့အူလမ်ကြောင်းဆိုင်ရာရောဂါများဖြစ်ပွားခြင်း၊
ကင်ဆာရောဂါဖြစ်ပွားခြင်း၊ ဆီးချိုရောဂါဖြစ်ပွားခြင်းတို့ကို ကာကွယ်ပေးနိုင်မှာဖြစ်တဲ့အပြင်
သစ်ချသီးမှာ ပိုလီဖီနော (Polyphenols) ၊ ဗီတာမင် E တို့ပါဝင်တာကြောင့် ဦးနှောက်နဲ့သက်ဆိုင်တဲ့ရောဂါများ
ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- သိုးကလေးသား
အယ်လ်ဇိုင်းမားရောဂါ
ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မယ့် အိုမီဂါ ၃ ဖက်တီးအက်စစ်ကို ပင်လယ်စာငါးတွေအပြင်
သိုးကလေးသားကနေ တစ်ဆင့်လည်း ရရှိနိုင်ပါတယ်။ ဒါ့အပြင် သိုးကလေးသားမှာ ဗီတာမင် B လည်း
ပါဝင်တာကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမှာ အသေအချာပါပဲ။
REF: EverydayHealth
